Windows Xp တင်နည်း (တစ်ခါတည်းပြည့်စုံတယ်)



Windows Xp တင်နည်း




Windows XP Clean Installation
Computer အသုံးပြုသူတစ်ဦးအနေနဲ့ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ မလွဲမသွေကြုံတွေ့ရမှာက Computer ပျက်စီးမှုပဲ ဖြစ်ပါတယ်။ ကွန်ပျူတာဟာ အသုံးချခံ Electronic Device တစ်ခုသာ ဖြစ်တဲ့အတွက် သူ့ရဲ့ပျက်စီးမှုဟာ အထူးအထွေ အံ့သြစရာ မရှိပါ။ ပျက်စီးမှုကြုံတွေ့လာရင် ကျော်လွှားနိုင်ဖို့ ပြုပြင်မှု အတတ်ပညာကို မဖြစ်မနေ တတ်မြောက်ထားဖို့ အရေးကြီးတဲ့ ခေတ်ကာလကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
Computer ပျက်စီးမှု (၂)မျိုးသာ ရှိပါတယ်..။ ၎င်းတို့မှာ-

(1) Hardware
(2) Software ပျက်စီးမှုတို့ ဖြစ်ပါတယ်..။

Hardware ပျက်စီးမှုHardware ပျက်စီးမှုဟာ အကြောင်းမျိုးစုံ ရှိပါတယ်။ Electronic Devices များသာ ဖြစ်တဲ့အတွက် မူလစက်ရုံ မှ ထုတ်လုပ်စဉ်ကတည်းက ပါရှိလာတဲ့ အပြစ်ကြောင့် ပျက်တာလား၊ အသုံးပြုတဲ့ သက်တမ်း ကြာလာလို့ ပျက် တာလား၊ အသုံးပြုတဲ့ လျှပ်စစ်ဓာတ်အား မတည်ငြိမ်မှုကြောင့် ပျက်တာလား၊ အသုံးပြုသူရဲ့ အမှားအယွင်း ကြောင့် ပျက်စီးတာလား စသည်ဖြင့် မျိုးစုံဖြစ်နိုင်ပါသည်။



Software ပျက်စီးမှုComputer မှာ အသုံးပြုတဲ့ Software ကို (၂)မျိုး ခွဲခြားနိုင်ပါသည်။ ၎င်းတို့မှာ-
(1) Operating System
(2) Application Software ဆိုပြီး (၂)မျိုးရှိပါတယ်..။

ကွန်ပျူတာ စတင်လှုပ်ရှားနိုင်ဖို့ Operating System တစ်ခု လိုအပ်ပါတယ်။ အသုံးများတဲ့ Operating System တွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်..။ ၎င်းတို့မှာ-

(1) DOS 6.22
(2) Windows 3.1
(3) Windows 95
(4) Windows 98
(5) Windows ME
(6) Windows XP
(7) Windows NT
(8) Windows 2000 တို့ ဖြစ်ကြပါတယ်..။

Windows 3.1 ဟာ Operating System မဟုတ်ပါ။ DOS 6.22 မှာ မှီပြီး အသုံးပြုရတဲ့ Application Software တစ်ခုသာ ဖြစ်ပါတယ်။ ကျန် Windows အားလုံးဟာ Operating System တွေ ဖြစ်ကြပါတယ်။ Windows NT နဲ့ Windows 2000 တို့ဟာ Network Version များ ဖြစ်ကြပါတယ်။

Word, Excel, PageMaker တို့လို Software တွေဟာ Application Software တွေ ဖြစ်ပါတယ်။ Computer အသုံးပြုမှု ကျယ်ပြန့်လာတာနဲ့အမျှ Application Software တွေ ပြဿနာပေါ်ရင် အများအားဖြင့် အသုံးပြုသူ Computer ၀ါသနာရှင်များကိုယ်တိုင် ဖြေရှင်းနိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် Windows XP မှာ ပြဿနာ ပေါ်ရင် Computer အသုံးပြုသူတွေဟာ ကိုယ်တိုင် Installation လုပ်ဖို့ မ၀ံ့မရဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် Windows XP ပျက်တဲ့အခါ အလွယ်ကူဆုံး ထည့်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ နည်းလမ်းတွေကို ပြောပြမှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Clean Installation ဖြစ်ပါတယ်။ Hard Disk အသစ်ကို Windows XP Installation လုပ်ခြင်းနဲ့အတူ Partition ပိုင်းခြင်း၊ Format လုပ်ခြင်းတို့ တစ်ခါတည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Hard Disk အသစ်မဟုတ်ပဲ Hard Disk အဟောင်းပေါ်မှာ Installation လုပ်ရင် Format လုပ်ပြီးထည့်မှာ ဖြစ်တဲ့အတွက် Data တွေ ပျက်စီးနိုင်တာကို ကြိုတင်သိထားဖို့ လိုပါတယ်။ ဒါ့ကြောင့် Partition ပိုင်းတာက အစ စီမံကိန်းချပြီး သတိရှိရှိနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Hard Disk ကို စတင်အသုံးပြုနိုင်ဖို့ Partition အရင် ပိုင်းရပါမယ်။ Partition ကို FAT32 နဲ့ ပိုင်းမှာလား၊ NTFS နဲ့ ပိုင်းမှာလား၊ ကြိတင်စဉ်းစားရပါတယ်။ Windows OS ဘယ်နှစ်မျိုး အသုံးပြုမှာလဲဆိုတာ ကြိုတင် စဉ်းစားရပါတယ်။ Windows 98 ကို အသုံးပြုမယ်ဆိုရင် FAT32 ကို အသုံးပြုရပါမယ်။ Windows XP ကို FAT32 (သို့) NTFS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။ Windows OS နှစ်မျိုးစလုံး အသုံးပြုမှာဆိုရင် အနည်း ဆုံး Partition နှစ်ခုပိုင်းရင် အကောင်းဆုံးဖြစ်ပါတယ်။

အခု ပြောပြမယ့် ကွန်ပျူတာရဲ့ Partition ကို NTFS နဲ့ ပိုင်းမှာ ဖြစ်တဲ့အတွက် Windows 98, Windows ME တို့ ထည့်သွင်းလို့ မရတာကို သတိပြုရပါမယ်..။

Windows XP တစ်မျိုးတည်းထည့်မှာ ဖြစ်တဲ့အတွက် Partition တစ်ပိုင်းတည်းထားရုံနဲ့ အဆင်ပြေပါတယ်။ သို့သော် Windows XP ပြဿနာပေါ်ခဲ့ရင် အမြန်ဆုံး၊ အလွယ်ကူဆုံးထည့်တဲ့နည်းလမ်းဟာ Clean Installation ဖြစ်ပါတယ်။ Clean Installation နဲ့အတူ Format လုပ်ပြီးထည့်မှာဖြစ်တဲ့အတွက် Partition တစ်ပိုင်းတည်းထား မှာဆိုရင် Format လုပ်ပြီးတဲ့အခါတိုင်းမှာ Data တွေ ပျက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် PageMaker တို့နဲ့ ရိုက်ထားတဲ့ Documents Files တွေ၊ အသံပိုင်းဆိုင်ရာ Files တွေ၊ Video ပိုင်းဆိုင်ရာ Data တွေကို ဒုတိယ Partition မှာ သိမ်းထားမှာ ဖြစ်ပါတယ်။ Data တွေကို Partition အလိုက် ခွဲပြီးသိမ်းချင်ရင် Partition ကို နှစ်ခု ထက်ပိုပြီး ပိုင်းနိုင်ပါတယ်။

Partition နှစ်ပိုင်းပိုင်းမှာဖြစ်တဲ့အတွက် မိမိ Computer ထဲမှာ Drive Letter "C:" နဲ့ Drive "D:" တို့ကို တွေ့ရ မှာဖြစ်ပါတယ်။ အသစ်ထည့်မယ့် Windows XP ကို Drive "C:" ထဲမှာ ထည့်မှာလား၊ Drive "D:" ထဲမှာ ထည့် မှာလား၊ ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။ Operating System ဟာ Windows XP တစ်မျိုးတည်းသာ အသုံးပြု မှာဖြစ်တဲ့အတွက် Windows XP ကို Drive "C:" မှာ ထည့်သွင်းရင် အကောင်းဆုံး ဖြစ်ပါတယ်။ Data တွေ အား လုံးကို Drive "D:" ထဲမှာ သိမ်းထားမှာ ဖြစ်ပါတယ်။

Windows XP Installation (၂) မျိုးရှိပါတယ်။
၎င်းတို့မှာ-
(1) Full Version Installation
(2) Upgrade Installation တို့ ဖြစ်ပါတယ်။ Full Version Installation (၂)မျိုး ရှိပါတယ်။
၎င်းတို့မှာ-
(1) Clean Installation
(2) Command Prompt Installation တို့ ဖြစ်ကြပါတယ်။ Hard Disk အသစ်ကို Installation လုပ်တဲ့နည်းလမ်း နဲ့ High Level Format လုပ်ပြီးမှ ထည့်တဲ့နည်းလမ်းတွေကို Clean Installation လို့ ခေါ်ပါတယ်။

Installing & Upgrading Windows Windows ကို Install or Upgrade မလုပ်ခင် လုပ်ရမဲ့အချက်တွေကို အရင်လေ့လာပါမယ်။

(၁) ပထမဦးဆုံး ကျွန်တော်တို့ အသုံးပြုမယ့် Windows ဟာ ဘယ်လို Computer (CPU, RAM, HDD) အနည်း ဆုံးရှိဖို့ လိုအပ်သလဲ။ ဒါကို Hardware Requirement လို့ ခေါ်ပါတယ်။

(၂) ကိုယ်သုံးမယ့် Windows နဲ့သုံးထားတဲ့ Hardware ဟာ အပ်စပ်ရဲ့လား။ ဆီလျှော်ရဲ့လား။ ဒါကို Hardware & Software Compatibility လို့ ခေါ်ပါတယ်။

(၃) အစ, အဆုံး Install ပြန်လုပ်မှာလား။ Clean Install ဒါမှမဟုတ် ရှိပြီးသားကို Upgrade လုပ်မှာလား။

(၄) Data ကို Backup လုပ်ဖို့လိုအပ်ရင် ဘယ်လို Backup လုပ်လို့ ဘယ်လိုပြန်ခေါ်ကြမလဲ။ ဒါလည်း စဉ်းစား စီစဉ်ရမယ်။

(၅) Install လုပ်တဲ့အခါ ဘယ်လိုဘယ်ပုံ လုပ်ရမယ်ဆိုတာ ရွေးချယ်ရမယ့် အဆင့်ဆင့်။

(၆) Hard Disk ကို တစ်ပိုင်းတည်းပဲထားမှာလား။ C: တွေ၊ D: တွေ ခွဲအုံးမှာလား။ File System က ဘာသုံး မှာလဲ။

(၇) Windows တင်တာတော့ ဟုတ်ပါပြီ။ ဒီ Computer က Network ချိတ်အုံးမှာလား။

(၈) Computer မှာ Windows ကို English လား၊ German လား၊ Language ရွေးပေးပါ။ ဒီရွေးပေးတဲ့ပေါ် မူတည်ပြီး Currency တို့၊ Keyboard Layout တို့ ပြောင်းသွားမှာ ဖြစ်ပါတယ်။

(၉) Install လုပ်ပြီးသွားရင် လုပ်ရမယ့်အချက်များစုဆောင်းပါ စသည်ဖြင့် အချက်(၉)ချက်နဲ့ လုပ်သွားမှာ ဖြစ်ပါ တယ်။

Entering Setup Program
System BIOS သည် power on self test (Post) လုပ်နေစဉ်အတွင်းမှာ CMOS setup program ကို access လုပ်ခွင့်ပေးထားပါတယ်။ Computer power စဖွင့်ပြီး မကြာခင် System memory ကို စစ်ဆေးနေစဉ် အတွင်း setup ထဲသို့ ၀င်ရောက်ရန်အတွက် key တစ်ခုခုကို နှိပ်ပါဆိုတဲ့ ညွှန်ကြားချက်ပါဝင်သော message ကို screen ပေါ်တွင် တွေ့ရပါလိမ့်မယ်။


AMI ၊ Award နှင့် အခြားအသုံးများသော BIOS များတွင် Delete Key သည် Setup အတွင်း ၀င်ရောက်ရန် Standard key ဖြစ်ပြီး အချို့သော BIOS များမှာတော့ F1 ၊ F2 ၊ F10 ၊ Esc ၊ အစရှိသော Key များကို နှိပ်ပြီး ၀င်ရောက်ရပါတယ်။ Memory Test လုပ်နေစဉ်အတွင်း ညွှန်ကြားထားတဲ့ Key (ဥပမာ Del ) ကို နှိပ်မယ်ဆိုရင် ရွေးချယ်စရာ Menu များစွာပါရှိသော BIOS setup program ရဲ့ Interface ကို မြင်ရပါမယ်။ ထို Interface သည် BIOS အမျိုးအစားပေါ်မူတည်ပြီး မတူညီပဲ ကွဲပြားကြပါတယ်။

ဥပမာ-
AMI - F1, Del, Ctrl+S
AST - Ctrl+Alt+Esc
Award - F1, F2, Del, Ctrl+Alt+Enter
Compaq- F10
Phoenix - F2, Ctrl+Alt+Esc, Ctrl+Alt+R, Ctrl+Alt+Ins, Ctrl+Alt+Q, Ctrl+Alt+F1, Ctrl+Alt+(+), Ctrl+Alt+(-)
IBM - PS1 Ctrl+Alt+I အစရှိသည်ဖြင့် ကွဲပြားနိုင်ပါတယ်။

Motherboard Manual ထဲတွင် ထို Setup Program ကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ ညွှန်ကြားချက်များ ပါရှိပါတယ်။ Setting တစ်ခုခုကို ပြောင်းတော့မယ်ဆိုရင် အလွန်သတိထားဖို့ လိုပါတယ်။ အကယ်၍ အရေးကြီး Setting တစ်ခုခုကို မှားယွင်းပြောင်းလဲခဲ့မိပါက စက်မတက်သည့် ပြဿနာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် setting တစ်ခုခုကို ပြောင်းတော့မယ်ဆိုရင် မပြောင်းခင်မှာ နဂိုရှိပြီးသား CMOS setting များကို စာရွက်ပေါ်မှာ ဖြစ်ဖြစ် ရေးချမှတ်သားထားဖို့ လိုပါလိမ့်မယ်။



System Boot Sequence
ယခုဆက်လက်ပြီးတော့ System BIOS ၏ လုပ်ဆောင်ပုံများကို ပိုမိုသဘောပေါက် နားလည်စေရန်အတွက် computer power စဖွင့်ချိန်မှစ၍ Operating System စတင်သည့်ကြားကာလအတွင်း BIOS မှ လုပ်ဆောင်ပုံ အဆင့်ဆင့်တို့ကို အနည်းငယ် ထပ်မံရှင်းပြလိုပါတယ်။

When Power is applied to the computer
Computer Power ဖွင့်လိုက်တဲ့အခါ Power Supply သည် မိမိအတွင်းပိုင်းမှာ ပုံမှန်လုပ်ဆောင်နိုင်ခြင်း ရှိ/မရှိ စစ်ဆေးပြီး အောင်မြင်ပါက Power Good Signal ကို ထုတ်ပေးပါလိမ့်မယ်။ Motherboard ပေါ်ရှိ Processor Timer Chip သည် ထို Power Good Signal ကို ရရှိမှသာလျှင် Processor reset လုပ်ထားခြင်းကို ရပ်ဆိုင်း လိုက်ပြီး စတင်အလုပ်လုပ်စေပါလိမ့်မယ်။ ပုံမှန်အားဖြင့် power ဖွင့်ချိန်မှစပြီး power good စတင်ထုတ်ပေးချိန် ထိ ၁ စက္ကန့်မှ ၅ စက္ကန့်အတွင်း ကြာမြင့်လေ့ရှိပါတယ်။

CMOS Setup
Computer ထဲကို Hard Disk အသစ် တပ်ဆင်ပြီးတဲ့အခါ Auto Detect Hard Disk လုပ်ပေးရပါတယ်။ Pentium III, P4 Computer တွေမှာ Auto Detect Hard Disk အပိုင်းဟာ သီးသန့်လုပ်ဆောင်ပေးစရာ မလိုပါ။ CMOS Setup က တပ်ဆင်ထားတဲ့ Hard Disk ကို Auto ရှာဖွေပြီး၊ Cylinder, Head, Sector တန်ဖိုးတွေကို ဖြည့်ပေးပါတယ်။ Model နိမ့်တဲ့ PI, PII Computer တွေမှာတော့ Auto Detect Hard Disk ကို မဖြစ်မနေ လုပ် ပေးဖို့ လိုအပ်ပါတယ်။

(၁) Computer ဖွင့်စ Post လုပ်နေတဲ့အချိန်မှာ Del Key ကိုနှိပ်ပြီး CMOS setup ထဲကို ၀င်ရပါတယ်။
Press DEL to run Setup ဆိုပြီး CMOS setup ထဲကို ၀င်ချင်ရင် Del Key ကိုနှိပ်ပြီး ၀င်ဖို့ ပြော နေတာကို Monitor ရဲ့အောက်မှာ တွေ့နိုင်ပါတယ်။

(၂) Hard Disk အသစ်တပ်ဆင်တိုင်း Auto Detect Hard Disk လုပ်ရပါမယ်။ ယခု computer ဟာ P4 ဖြစ်တဲ့ အတွက် Auto Detect ကို သီးသန့်လုပ်ဖို့ မလိုအပ်ပါ။

(၃) Auto Detect လုပ်ပြီးတဲ့အခါ Advanced BIOS Feature Setup ထဲကို ၀င်လိုက်ရပါတယ်။

BIOS အတွက် အရေးကြီးသောသီးခြား ရွေးချယ်မှု Navigation Options များမှာ-
- အပေါ်၊ အောက် Highlight Scroll ရွေးချယ်မှု ပြုလုပ်ရန်အတွက် UP and Down Arrow Key များကို နှိပ်၍ ရွေးချယ်ခြင်း၊ (သို့မဟုတ်) Page Up or Page Down Key ကို နှိပ်ခြင်း။
- Select လုပ်ထားသော Option ကို ၀င်ရောက်ရန်အတွက် Enter Key ကို နှိပ်ခြင်းဖြင့် ရွေးချယ်ခြင်း။
- ပြန်ထွက်ရန်အတွက် Esc Key ကို နှိပ်ခြင်းဖြင့် ရွေးချယ်ခြင်း။
- Save လုပ်ပြီးပြန်ထွက်ရန်အတွက် F10 Key ကို ရွေးချယ်ခြင်း စသည်ဖြင့် ၀င်ရောက်နိုင်ပါတယ်။

(၃) Boot Sequence ကို အောက်ပါအတိုင်း တွေ့ရပါတယ်။


အချို့သော Boot Sequence များမှာ HDD-0 ဟာ Hard Disk ကို ကိုယ်စားပြုပါတယ်။ တစ်ခါတရံ IDE-0 လို့လည်း ဖော်ပြတတ်ပါတယ်။

(၄) ပုံတွင်မြင်ရသည့်အတိုင်း 1st Boot Device = 1st FLOPPY DRIVE ပေါ်မှာ Highlight ထားပြီး၊ Floppy မှ CD-ROM ကိုပြောင်းရန် Key (or) Key ကို နှိပ်ရ ပါတယ်။ CD-ROM နှင့် Boot လုပ်၍ Windows တင်ရန်အတွက် First Boot Device နေရာတွင် CD-ROM ဖြစ်စေရန် ပြောင်းထားပေးပါ။ Second Boot မှာ HDD-0 မဖြစ်မနေရှိနေဖို့ လိုအပ်ပါတယ်။ Windows XP ကို CD-ROM Drive ထဲထည့်ပြီး CMOS Setup ထဲ မှာ Boot Sequence မှာ CD-ROM ကို First Boot Device အဖြစ် ထားလိုက်ပါတယ်။

(၅) Boot Sequence ရဲ့ First Boot မှာ CD-ROM ကို ရွေးချယ်ပြီးတဲ့အခါ Key ကိုနှိပ်ပြီး Main Menu ကို သွားလိုက်ပါတယ်။ Save လုပ်ရန်အတွက် Key ကို နှိပ်လိုက်ပါတယ်။ ထိုအခါ ပုံတွင်ပြထားသည့်အတိုင်း Save to CMOS and EXIT (Y or N) y လို့မေးတဲ့အခါ "Y" Key ကိုနှိပ်ပြီး Enter Key ကို ခေါက်လိုက်ပါ။ CMOS Setup မှာ ပြောင်းလဲထားတဲ့အချက်တွေကို Save လုပ်ပြီး Reboot ပြန်လုပ်တာ တွေ့ရပါတယ်။ CMOS က Save လုပ်ပြီး ထွက်လိုက်တာ ဖြစ်ပါတယ်။


ထိုအခါ အောက်ပါအတိုင်း CD-Drive မှ Boot လုပ်ရန်အတွက် နှစ်သက်ရာ Key တစ်ခုခုကို နှိပ်ရန် ညွှန်ကြား ချက်တစ်ခု ထပ်မံပေါ်လာပါလိမ့်မယ်။ ညွှန်ကြားချက်မှ ရှေ့ဆက်သွားရန် "Enter" ခေါက်လိုက်ပါတယ်။


ထိုအခါ အောက်ပါအတိုင်း Windows Files များကို Copy ကူးပြီးလို့ Restart လုပ်ပြီးရင် CD နဲ့ Boot လုပ်စရာ မလိုပါ။ ဒါကြောင့် "Press any key to boot from CD." ဆိုတဲ့ စာပေါ်လာရင် မည်သည့် Key မှ နှိပ်ပေးရန် မလိုအပ်ပါ။


ပြီးသော် အောက်တွင်မြင်တွေ့ရသည့်အတိုင်း Welcome Setup ကို တွေ့ရပါမယ်။ Enter ခေါက်ရင် Continue, Repair လုပ်ချင်ရင် R ကို နှိပ်ပါ၊ ပြန်ထွက်ရန် F3 ကို နှိပ်ပါဆိုတဲ့ ညွှန်ကြားချက်မှ ရှေ့ဆက်သွားရန် "Enter" ခေါက်လိုက်ပါတယ်။


ထိုအခါ အောက်ဘက်တွင် တွေ့ရသည့်အတိုင်း License Agreement မေးနေတဲ့အတွက် သဘောတူညီ ကြောင်း "F8" Key ကို နှိပ်လိုက်ပါတယ်။

ဆက်လက်ပြီး ညွှန်ကြားချက်များအတိုင်း ရှေ့ဆက်သွားရန် "Enter" Key ကို ခေါက်လိုက်ပါ။


ထိုအခါ Windows XP ထည့်သွင်းရန် Drive ရွေးခိုင်းခြင်း ဖြစ်ပါတယ်။ ပုံတွင် ပြထားသည့်အတိုင်း Unpartitioned Space 16379 MB လို့ ပြနေတာကို တွေ့ရပါတယ်။ Partition ပိုင်းတဲ့အခါ Create နဲ့ Delete ဆိုတဲ့ Menu နှစ်ခု ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Create ဟာ Partition ပိုင်းလိုတဲ့အခါ အသုံးပြုပြီး၊ Delete ဟာ Partition ဖျက်လိုတဲ့အခါ အသုံးပြုပါတယ်။ Partition မပိုင်းရသေးရင် Create Menu ကိုသာ တွေ့ရမှာဖြစ်ပြီး Partition ပိုင်းပြီးတဲ့အခါ Delete Menu ပါ ပေါ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Data ရှိတဲ့ Hard Disk ဆိုရင် Partition ကို Delete လုပ်ပြီး ဖျက်လိုက်တာနဲ့ Hard Disk အတွင်းမှာရှိတဲ့ Software နဲ့ Data တွေအားလုံး ပျက်စီးသွားမှာ ဖြစ်ပါတယ်။

Partition မပိုင်းပဲ တစ်ခုတည်း ထား၍ Install တင်ချင်ရင် "Enter" Key ကို နှိပ်ပါ။ Maximum Size အတိုင်း Partition ခွဲပေးမှာ ဖြစ်ပါတယ်။ Hard Disk ကို Partition ဖန်တီးလိုပါက "C" Key ကို နှိပ်ပါ။ သို့မဟုတ် ပြန်ထွက်လိုပါက "F3" Key ကို နှိပ်ပါဆိုတဲ့ ညွှန်ကြားချက်တစ်ခု ထပ်မံပေါ်လာပါမယ်။ Partition ကို C: နှင့် D: ဆိုပြီး အညီအမျှ (၂)ပိုင်း ပိုင်းထားကာ C: ထဲတွင် Windows နှင့် အခြား Softwares များတင်ရန်နှင့် D: ထဲတွင် Data Backup များပြုလုပ်နိုင်ဖို့အတွက် Create လုပ်ရန် "C" Key ကို နှိပ်လိုက် ပါတယ်။




ပြီးနောက် နှစ်ပိုင်းထားလိုတဲ့အတွက် ပေါ်နေတဲ့ 16379 MB ကို Back Space နှိပ်ပြီး ဖျက်လိုက်ပါတယ်။ မိမိ ခွဲလို တဲ့ Partition Size ကို ရိုက်ထည့်လိုက်ပါတယ်။ ဥပမာ- အညီအမျှ ထားလိုပါက 8190 လို့ ရိုက်ထည့်ပေးခြင်းမျိုး ဖြစ်ပါတယ်။ ပြီးသော် "Enter" Key ကို ခေါက်လိုက်ပါ။



ဒုတိယ Partition ပိုင်းရန် Unpartitioned Space ကို ရွေးချယ်ပြီး Create လုပ်ရန် "C" Key ကို နှိပ်လိုက်ပါ။ ပြီးနောက် "Enter" Key ကို နှိပ်လိုက်ပါတယ်။ Partition နှစ်ပိုင်းပိုင်းထားပြီးနောက် Windows XP ကို Drive C: နဲ့ Drive D: အနက် နှစ်သက်ရာတစ်ခုခုမှာ ထည့်နိုင်ပါတယ်။ Windows XP ကို Install လုပ်ရန် Drive C: ကို ရွေးချယ်ပြီး "Enter" Key ကို ခေါက်လိုက်ပါတယ်။

ထိုအခါ အောက်တွင်ပြထားသည့် အတိုင်း Format Partition အပိုင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ Partition ခွဲ ပြီးတဲ့အတွက် Format လုပ်မှာဖြစ်ပါတယ်။ Format ရွေးချယ်စရာ (၄)မျိုးကို တွေ့နိုင်ပါတယ်။ NTFS (သို့) FAT နဲ့ပိုင်းမှာလား၊ Quick Format လုပ်မှာလားဆိုတဲ့ မေးခွန်းတွေကို တွေ့ရပါတယ်။



FAT
Hard Drive က 2GB ထက် ငယ်မယ်ဆိုရင်တော့ FAT နဲ့ Format ချခဲ့မယ်။ 2GB ထက်ကြီးနေမယ် ဆိုရင် တော့ FAT32 ပေါ့။ ဒီနေ့ခေတ်မှာတော့ FAT (FAT16) က မသုံးသလောက် ဖြစ်သွားပါပြီ။ ဒါကြောင့် FAT32 ကိုပဲ အများဆုံး တွေ့ရမှာဖြစ်ပါတယ်။ Partition နှစ်ပိုင်းပိုင်းထားပြီး တစ်ပိုင်းကို FAT32 ထားမယ်၊ နောက် တစ်ပိုင်းကို NTFS ထားမယ်ဆိုရင်တော့ FAT32 ကနေ NTFS ကို တွေ့ရမှာ မဟုတ်ပါ။ သုံးလို့ရမှာ မဟုတ်ပါ။

NTFS
Windows 2000 ရဲ့ NTFS က (NTFS 5) ပါ။ Windows 4.0 ရဲ့ (NTFS 4) ထက် ကောင်းမွန်တဲ့အချက် (သို့) NTFS 4 က မလုပ်နိုင်သော အချက်အနည်းငယ် ရှိပါတယ်။ အဲဒါတွေကတော့ အသုံးပြုသူတွေကို Hard Disk Space ကို သူ့ကိုသုံးသလောက်ပဲ ခွဲဝေပေးလို့ရပါတယ်။ Hard Drive ထဲမှာ File and Folder တွေကို Security အတွက် Encrypt လုပ်နိုင်ပါတယ်။ Windows 2000 ရဲ့ Dynamic Disk Configuration ကို Support လုပ်ပါ တယ်။ သင့်ရဲ့ Computer မှာ Windows System တစ်မျိုးတည်းသာ သုံးမယ်ဆိုရင် NTFS ကို သုံးတာ အကောင်းဆုံးပါပဲ။ Local File Security လည်း ရမယ်လေ။

Quick Format ဟာ Format တစ်ကြိမ်လုပ်ပြီးတဲ့ Partition တွေအတွက် ဖြစ်ပါတယ်။ ဒါကြောင့် "Format the partition using the NTFS file system" ကို ရွေးချယ်လိုက်ပါတယ်။

အောက်ဘက်ပုံတွင် မြင်တွေ့ရသည့်အတိုင်း Format လုပ်နေသည်ကို တွေ့ရပါမယ်။ Windows XP ဟာ Drive C: ကိုသာ Format လုပ်ပေးမှာဖြစ်ပြီး ကျန်တဲ့ Drive D: ကိုတော့ Windows XP တင်ပြီးတဲ့နောက်မှသာ ကိုယ်တိုင် ပြန်လည်ပြီး Format လုပ်ရမှာ ဖြစ်ပါတယ်။



Format လုပ်ပြီးတဲ့အခါမှာ Windows XP Files တွေကို CD-ROM ထဲမှ Hard Disk ထဲကို Copy ကူးနေတာ တွေ့ရပါတယ်။


Copy ကူးယူနေမှု လုပ်ငန်းစဉ်အား အချိန်အနည်းငယ် စောင့်လိုက်ပါ။


ထိုအခါတွင် အောက်ဘက်တွင် ပြထားသည့်အတိုင်း Windows အတွက် လိုအပ်သော Configuration များကို စတင်ဆောင်ရွက်နေပါပြီ။


လိုအပ်တဲ့ Files တွေကို Copy ကူးပြီးတဲ့အခါမှာတော့ အောက်ပါအတိုင်း Restart ပြန်လုပ်နေတာကို တွေ့ရမှာ ပါ။ စောင့်ဆိုင်းရန် စိတ်မရှည်သူများအတွက်ကတော့ "Enter" Key ကို သာနှိပ်လိုက်ပြီး Restart ပြန်လုပ် လိုက်ပါ။


Computer ကို Restart ပြန်လုပ်ပြီးတဲ့အခါ "Press any key to boot from CD....." လို့ ပြနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ CD-ROM နဲ့ Boot လုပ်စရာမလိုတဲ့အတွက် မည်သည့် Key မှ ထပ်မံပြီးနှိပ်စရာ မလိုတာကိုတော့ အထူးသတိပြုဖို့ လိုပါတယ်။

ပုံတွင် ပြထားသည့်အတိုင်း Windows XP Logo တက်လာပါတယ်။


ထိုအခါ အောက်ဘက်တွင် မြင်တွေ့ရသည့်အတိုင်း Windows XP ဟာ 39 Minutes ကြာရင် ပြီးဆုံးမှာ ဖြစ်ပါ တယ်။



အောက်ဘက်တွင် မြင်တွေ့နေရသည့် ပုံမှာ Windows XP Setup မှ လိုအပ်တဲ့ Files များကို Copy ကူးယူနေပုံ ဖြစ်ပါတယ်။


အောက်ပါမြင်တွေ့ရသည့် ပုံအတိုင်း Regional and Language Options ပေါ်လာပြီး၊ Default အတိုင်း ယူမှာ ဖြစ်လို့ Next ပေါ်မှာ Click ခေါက်လိုက်ပါ။


အောက်ပါပုံအတိုင်း Installation လုပ်သူရဲ့ Name နဲ့ Organization ကို တောင်းတဲ့အတွက် Name နဲ့ Organization မှာ နှစ်သက်ရာ အမည်နဲ့ ကုမ္ပဏီ တစ်ခုခုကို ဖြည့်ပေးလိုက်ပါ။

ဆက်လက်ပြီး ပုံပါအတိုင်း Windows XP ရဲ့ Product Key ကို ထည့်ပေးရန် လိုအပ်ပါတယ်။ ပြီးနောက် Next ကို Click နှိပ်လိုက်ပါတယ်။


ထိုအခါ အောက်ဘက်တွင် မြင်ရသည့်အတိုင်း Computer Name တောင်းတဲ့အခါ သင်နှစ်သက်ရာ အမည် တစ်ခုခုကို ရိုက်ထည့်ပေးပါ။ ထို့နောက်တဖန် Passward ထည့်ထားလိုပါက Administrator Passward နဲ့ Confirm Passward ရှိ အကွက်ထဲမှာ သင့်စိတ်ကြိုက် Passward တစ်ခုခုကို တူညီမှုရှိအောင် ထည့်သွင်း ပေးရပါမယ်။

သင့် Computer ရဲ့ Security အတွက် လုံခြုံမှုရှိအောင် Passward ကို ဒီအတိုင်း blank မထားလိုက်ပါနဲ့။ Passward ကောင်းကောင်းလေးတစ်ခုလောက်တော့ ထည့်သွင်းပေးထား စေလိုပါတယ်။ ဥပမာ- ခိုင်မာတဲ့ passward တွေမှာတော့ Letters များ၊ Numbers နဲ့ Symbols များ ပါဝင်ပြီး Dictionary စာအုပ်ထဲမှာ မရှိတဲ့ စကားလုံးတွေ ဖြစ်ရပါမယ်။ ဥပမာ- အောက်ဖော်ပြပါ Passward များကို လေ့လာကြည့်ပါ။
  • dR9f?a9e
  • b7$Pruc?
  • tExjf$n4
  • 2!hATrat
  • s@A3ifus



ဆက်လက်ပြီး အောက်ပါပုံအတိုင်း Date and Time Settings ကို မေးပါတယ်။ Next ပေါ်မှာ Click ခေါက်လိုက် ပါ။


ထိုအခါ Network Settings တွေကို မေးလာတဲ့အခါ Typical Settings ကို ရွေးချယ်ပြီး၊ Next ပေါ်မှာ Click ခေါက်လိုက်ပါတယ်။


အကယ်၍ Workgroup နှင့် Domain Setting များအတွက် ထပ်မံပေါ်လာပါက သူ့နဂိုပါ Default Settings အတိုင်းပင် ထားလိုက်ပါ။ ထို့နောက် Next ကို ထပ်မံ၍ Click ခေါက်လိုက်ပါတယ်။ Network ချိတ်ဆက်ရန် အတွက် computer တစ်လုံးနဲ့တစ်လုံး Workgroup Name တူညီဖို့လိုအပ်ပါတယ်။ Computer Name ကတော့ စက်တစ်လုံးကို တစ်မျိုးဖြစ်ပါတယ်။



Finalizing Installation လုပ်ပြီးတဲ့အခါမှာ computer ကို ဒုတိယအကြိမ် Restart ပြန်လုပ်ပါတယ်။ "Press any key to boot from CD....." လို့ ပေါ်လာရင် မည်သည့် Key ကိုမျှ မနှိပ်ရပါ။ (Windows XP CD နဲ့ Boot မလုပ်ရပါ။)

ထိုအခါတွင် အောက်ဘက်ပုံပါအတိုင်း Computer ရဲ့ Screen Resolution ကို ပြောင်းလဲရန် Windows XP က ရှာဖွေပါလိမ့်မယ်။ ထို့ကြောင့် Windows XP က အကြံပေးထားသည့်အတိုင်း Screen Resolution ကို အနည်း ဆုံး 800x600 Setting အနေအထားမှာသာ ထားရှိပေးပါစေ။


ထို့နောက် OK ကို Click ထပ်မံနှိပ်လိုက်ပြီး ဆက်သွားလိုက်ပါတယ်။




Windows XP Logo တက်လာပြီး အောက်ဘက်ပုံတွင် မြင်တွေ့ရသည့်အတိုင်း Welcome Screen ပေါ်လာ တဲ့အခါ Next ပေါ်မှာ Click ခေါက်လိုက်ပါတယ်။



ပြီးနောက် Internet Connection တွေကို မေးတဲ့အခါ Skip ပေါ်မှာ Click ခေါက်ပြီး ကျော်လိုက်ပါတယ်။




ထပ်မံပြီး Computer မှ Internet (သို့) Network ဆီသို့ တိုက်ရိုက်ချိတ်ဆက်မှု ပြုလုပ်ရန် ညွှန်ကြားချက်တစ်ခု ပေါ်လာပါမည်။ Skip ကို ရွေးချယ်ပြီး Click ခေါက်လိုက်ပါတယ်။



ထို့နောက် အောက်ပါအတိုင်း Register လုပ်ခိုင်းတဲ့အခါ "No not at this time" ကို Select လုပ်ပြီး Next ပေါ်မှာ Click ခေါက်လိုက်ပါတယ်။



Login (၀င်ခွင့်ပြုပါ)
Windows ဘယ် Version မဆို computer တစ်လုံးထဲမှာ User အများကြီးကို တစ်ယောက်ချင်းစီ ကိုယ့်စိတ် ကြိုက် Setting နဲ့ ၀င်ရောက်လို့ရပါတယ်။ ဒီလိုဖြစ်စေဖို့အတွက် Windows တက်လာတာနဲ့ Windows ထဲကို ၀င်ဖို့ရာ ဦးစွာ Login လုပ်ရပါတယ်။ သို့သော်လည်း တစ်ချို့က ကိုယ့်ရဲ့စက်ကို ကိုယ်ပဲသုံးမယ်။ Login Box လည်း မထားဘူး။ Passward လည်း မထားဘူးဆိုရင်တော့ Login လုပ်စရာမလိုပဲ Desktop တန်းပေါ်လာမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ပုံပါအတိုင်း Windows XP က သင့် Computer ကို Default User Name အနေနဲ့ ၀င်ရောက်ရန် အတွက် နာမည်ရိုက်ထည့်ရန် ညွှန်ကြားပါလိမ့်မယ်။ သင့်အနေဖြင့် User Names (၅) ယောက်စာ သတ်မှတ် ပေးထားနိုင်သော်လည်း Installation ပြီးဆုံး သွားတဲ့အခါမှာလည်း ထပ်မံ၍ သတ်မှတ်ပေးနိုင်ပါသေးတယ်။ ထို့ကြောင့် Your name အကွက်ထဲမှာ သင်နှစ်သက်ရာ အမည်တစ်ခုခုကို ရိုက်ထည့်ပေးပြီး Next ကို Click ထပ်မံ၍ နှိပ်ပေးလိုက်ပါတယ်။


ထိုအခါ အောက်ဘက်ပုံပါအတိုင်း Thank you ပေါ်လာတဲ့အခါ Windows XP Installation လုပ်ငန်းစဉ်ကြီး ပြီးဆုံးသွားပါပြီ။ Finish မှာ Click ခေါက်လိုက်ပါတယ်။
ထိုအခါ အောက်ဘက်ပုံပါအတိုင်း Thank you ပေါ်လာတဲ့အခါ Windows XP Installation လုပ်ငန်းစဉ်ကြီး ပြီးဆုံးသွားပါပြီ။ Finish မှာ Click ခေါက်လိုက်ပါတယ်။


Welcome Screen နှင့်အတူ Windows XP စတက်လာပါပြီ။

ယခုဆိုရင် Windows XP ရဲ့ Desktop ထဲကို ရောက်ရှိသွားပါပြီ။ Desktop ဆိုတာ Windows တက်လာရင် ပထမဆုံး အသုံးပြုသူထိတွေ့ရမယ့် Interface ပဲဖြစ်ပါတယ်။ Desktop ဟာ အောက်ဆုံးအလွှာပါပဲ။ ဘာတွေပဲ ပေါ်ပေါ် သူ့အပေါ်မှာပဲ ပေါ်မှာဖြစ်ပါတယ်။ ဒီလောက်ဆိုရင် Windows XP Installation ကို အလွယ်တကူနဲ့ ပြုလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။




[InstallHome30_png.gif]

Ref:
ဦးအေးကိုကို (FEB Computer Centre)
(လက်တွေ့အသုံးချ ကွန်ပျူတာပြုပြင်ခြင်းအခြေခံနည်းစနစ်နှင့် တကယ့်လက်တွေ့ပြုပြင်ခြင်း မှတ်တမ်းများ- တတိယတွဲ)

Zaw Lin (Youth)
(A+ Certification Exam ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ)

မျိုးသူရ
( ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိန်းခြင်း အခြေခံ သဘောတရားများ)




ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်ပြီး ရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က နံပါတ်လေးကို Call လိုက်ပါ ခင်ဗျာ...။
၀၉-၇၉၅၈၈၃၅၄၉
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( TBZY )



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။











Post a Comment

ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။

မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!

Account ဆိုင်ရာ Action Ebook Action Movies Activators ADB Driver for Android Device ADB Driver ဆိုင်ရာ Adult Movies AIS Lava ဖုန်းဆိုင်ရာ All in One Tool ALPS Tablet Andriod App Andriod Internet Andriod Keyboard Android Antivirus Android Apk များ Android application Android Apps Android Battery Apk Android Browser Apk Android call & contacts Android Cleaner Android Dictionarys Android downloader Android Drivers Android facebook Android firmware Android fonts Android For Downloadmanager Android game Android games Android Gameများ Android Karaoke Android launcher Android livewallpaper Android Lock Screen Android manager Android Message lock Android Messenger Android Myanmar Font Android N 7.0 ဆိုင်ရာ Android Photo Editor Android Photoshop Android Player Android Programing Software Android Recorder Android Recovery apk Android ringtones Android Root Android root & Myanmar font Android Root Tool Android Tool Android Tools Android Tutorial Android UnRoot Android Utilities Android Video Downloader Android Video Editor Android WiFi Android Zip Android နှင့် မြန်မာ Fonts androidဆော့ဝဲများ Android​ဆော့ဝဲလ်​များ Animation Movies Anti-Malware Antivirus Antivirus Programs antivirus ဆိုင်ရာ AOTO Aovo App Apple ID ဆိုင်ရာ Application Arakan Music Asian Movies Asus ASUS Rooting Asus Zenfone ဆိုင်ရာ Asus ဖုန်းဆိုင်ရာ Audio and Video Conveters Audio Driver Audio Editing Audio Software Basson K3000 V590 Blog နည်းပညာများ Blogger Ebooks Bloggerနည်းပညာများ Bluestack Bollywood Movies Bootloader Code And Fix Bootloader unlock ဆိုင်ရာများ Buddhist Ebooks Call Blocking ပြုလုပ်နည်း Caller Name Talker Cartoon Ebook Casual Cleaner Cleaning Tools Clone Camera Clone Frimwares Comedy Movies Computer Computer ဆိုင်ရာ Converter Video to Mp3 Converter ဆိုင်ရာ Coolpad Coolpad firmware Coolpad Note 3Plus Crack Boxs Crime Movies Custom Rom တင်နည်း CWM Recovery ထည့်သွင်းနည်း Data Backup Tool Design Software Design Softwares Digital Life Journal Digital Life ဂျာနယ် Digital Times Dota Games Download Guide Drama Movies Dream Ebooks Driver software DVB New DVD Player E-books Ebook Email EMMC ဆိုင်ရာ English Grammar English Learning Apps Entertainment Erotic Movies Facebook Facebook & YouTubeမှVideoDownloadရယူနည်း facebook Apk Facebook Guide Facebook Video Downloader facebook ဆိုင်ရာ Facebook ဆိုင်ရာနည်းလမ်းများ Facebookဆိုင်ရာ Facebookနည်းပညာ Family Movies Files Erase Finance Firmware Firmware တင်နည်း Firmware ဒေါင်းလော့နည်း Fix Errors Flash Tool Flash Tool Firmwares Flashlight FM RADIO MYANMAR Folder Lock Software Font Font Installer Font Styleများ Fonts Funny Ebook Galaxy Tablets Ghost Ebooks GIF ဆိုင်ရာ Google Gapps ထည့်သွင်းနည်း Google Play Store ဆိုင်ရာများ Hacking Hardware HD GAMES Health Heart-stopping Hello Hide IP Horror Movies HTC HTC Rooting HTC ဖုန်းဆိုင်ရာ HTML Language Huawei Huawei Firmware Huawei Firmwares Huawei G610-U00 Huawei G7 B530 Huawei G730 U00 Huawei G730 U30 Huawei G8 Huawei Honor Huawei Honor 7 B370 Huawei Mate SB355 Huawei P8 Lite Huawei P9 Lite Huawei Root & Fix Huawei Y625 Huawei ဖုန်းဆိုင်ရာ i-mobile Icon IDM iFont Apk iLovfa Firmware Images IMEI Fixs International News Internet Download Manager internet Journals internet speed Internet Tools IOS iOS device iOS Tutorial Ios Tutorials iOS ဆိုင်ရာများ IOS အတွက် Iphone ဆိုင်ရာ iRoot Tool IT ဗဟုသုတ jailbreak ပြုလုပ်နည်း Java KingCom Tablet Knowledge and FAQ knowledges Launcherများ Lava AIS Rom Firmware LeEco LE LG LG Rooting Linux OS Linux Tutorial Logo Software Love Stories Ebook Mac Application Mac Drivers Mac Game MAC Knowledge MAC-SOFTWRAES Making Money Management Tools Marshmallow Media & Video media player MediaPad Meizu ဖိုင်းဆိုင်ရာ Microsoft Officeနှင့်သက်ဆိုင်သော miui MM Dhamma Apk Mobile Gamersများ Mobile Guide Journal Mobile Phone Training Video Tutorial Mobile Service Online Training Mobile software နည်းပညာ Mobile Tutorial Mobile သတင်းရေးရာအဖြာဖြာ Mobiles & Tablets Moblie Guide Journal Moblie Knowledge Movies MP3 Downloader MSE Update MTK Device ဆိုင်ရာ MTK Drive Tool MTK USB Driver ဆိုင်ရာ Multi Account Music Music & Audio Music Album Music Ebook Music News MY NOTI My Phone Firmware Myanmar Calendar Apk Myanmar Cook ApK Myanmar Dhamma Apk Myanmar Font Myanmar Ghost Myanmar map Myanmar Music Myanmar Poems Myanmar Radio Apk MyPhone Mystery Movies National Ebook Net meter NetGuide Journal Network News notepad အသုံးပြုပုံ Office One all-in one Tookit One Plus 3 Online Account Register ooredoo oppo Oppo ဖုန်းဆိုင်ရာ opppo R7 OS Os Tutorial Other Phones PC Burning ဆိုင်ရာ PC download PC Driver PC Knowledge PC Software Pc Uninstaller PC- Audio Editor PC-Clean Speed PC-Recovery PC-Speed Up PCloud PDF software PDFစာအုပ်များ Phone Driver များ Phone Drivers Phone Guide Ebooks Phone Knowledge Photo Photo Background Changer Photo Editor Software Photography Photoshop photoshop နည်းပညာ Play Store ဆိုင်ရာများ Play Storeထည့်သွင်းနည်း Portable Software Prestigio Multiphone Product Key Productivity App Programming Python Qualcom Fix Qualcom ဆိုင်ရာ Registry Cleaner ROM ဆိုင်ရာများ Romance Movies Root Genius ဖြင့် Root လုပ်နည်း Root လုပ်နည်း Rooting Rooting Softwares Samsug S4 Samsung Samsung A5 2016 Firmware Samsung A7 2016 Firmware Samsung Account ဆိုင်ရာ Samsung Clone Samsung Core Prime Firmware Samsung Firmware Samsung Fix Samsung Galaxy A5 2016 SM-A510FD Samsung Galaxy A5 SM-A500H Samsung Galaxy A5 SM-A510F Samsung Galaxy E5 SM-E500M Samsung Galaxy Grand Firmware Samsung Galaxy Grand Prime Samsung Galaxy GT-I9082 Samsung Galaxy J1 Samsung Galaxy J3 2016 SM-J320H Samsung Galaxy J7 Samsung Galaxy J7 SM-J700H Samsung Galaxy Note Samsung Galaxy Note 4 SM-N910T Samsung Galaxy Note 5 Firmware Samsung Galaxy Note 7 Samsung Galaxy Note Edge Samsung Galaxy S4 SHV-E300K Samsung Galaxy S5 SM-G900H Samsung Galaxy S6 Edge Samsung Galaxy S7 Edge Samsung Galaxy S7 Edge SM-G935F Samsung Galaxy SM-G530F Samsung Galaxy Win Firmware Samsung J7 Firmware Samsung Note 1 Firmware Samsung Root Samsung Tar Creator Samsung USB Drivers Samsung ဖုန်းဆိုင်ရာ Sci-Fi Movies screen recorder Screen Video Recorder Security Security & Safety Smart Surfer Browser & Proxy Social Softwares Softwares & Application Softwareများအသုံးပြုနည်း Songs SONY Sony Phone ဆိုင်ရာ Sony Xperia Z5 SP Flash Tool SP Flash Tool & Guide SPD Device ဆိုင်ရာ SuperSu ဖြင့် Root လုပ်နည်း System Info Tablet Software TeamViewer Software Techspace Journal Telecom TELENOR Test speed internet Thriller Movies Tools Apps Training Lessons True Smart Tutorial tv software TWRP-Phiz Recovery သွင်းနည်း Ubuntu OS Ubuntu Tutorial Unlocker USB Bootable ဆိုင်ရာ USB Drivers ဆိုင်ရာ Useful Apk Viber Video Converter Video Editing Video Live Wallpapers Virtual DJ Virus Cleaning Tool Virusနှင့်ပတ်သက်၍ vivo vivo Rooting Web blog ကောင်းနိုးရာရာ ကုတ်လေးများ Web Designer Web Development Web Ebook Webcam software Wifi ဆိုင်ရာ WiFi နှင့်ပတ်သက်သမျှ Window Activate Window OS Application Window OS Drivers Window OS Ebook Window OS Games window ဆိုင်ရာနည်းပညာများ Windows Manager Windows Repair Software WinRar X BO XBO XBO ဖုန်းဆိုင်ရာ Xiaomi Xiaomi Guide Xiaomi MIUI ROM Xiaomi Rooting You tube Downloader YU Yunique YU Yunique Bootloader Zawgyi & Unicode Fontchanger apk ZTE Zte ဖုန်းဆိုင်ရာ ကဗျာ ကွန်ပျူတာဆိုင်ရာ ဗဟုသုတများ ကျန်းမားရေး ချစ်​​ရေးချစ်​ရာ ချစ်​​ရေးချစ်​ရာ ​ ဂီတရပ်ဝန်းသတင်းများ ဇာတ်​ကားများ တ​စ္ဆေဇာတ်​လမ်းများ နည်းပညာစာအုပ်များ နည်းပညာဗဟုသုတ နည်းပညာသတင်း နည်းပညာသတင်းများ နည်းလမ်းများ ပညာရေးဆိုင်ရာ ဖုန်းအားလုံးRootလုပ်​နည်း ဗဟုသုတ ဗဟုသုတဆိုင်ရာ ဗဟုသုတများ ဘလော့နည်းပညာ မိုလ်ဘိုင်းဂျာနယ်နှင့်သတင်းများ ပြည်တွင်းသတင်း ဖြစ်ရပ်မှန် သတင်းစုံ မြန်မာ font မြန်မာစာတန်းထိုး မြန်​မာစာတန်းထိုးဇာတ်​ကားများ မြန်မာလို IT နည်းပညာ Ebook မြန်မာဖော့င် သင်တန်းကြော်ငြာ အင်တာနက်ဂျာနယ် အခြားသတင်းရေးရာအဖြာဖြာ ​ဆောင်းပါးများ လေ့လာရန် နိုင်ငံတကာသတင်း
[facebook][blogger]

Contact Form

Name

Email *

Message *

Powered by Blogger.