လိုအပ်သော ဖိုင်များကိုဒေါင်းပါ
.net framework 4.5
Java Development kit (JDK)
cygwin
Android kitchen
Note++
Install လုပ်နည်း
၁။ .net framework 4.5 ကို install လုပ်ပါ။
၂။ JDK ကို install လုပ်ပါ။
၃။ cygwin ကို install လုပ်နည်း
-ဒေါင်း၍ရလာသော dsixda_cygwin_install.zip ဖြေပါ။
-အထဲမှ setup.exe ကို run ပါ။ အောက်မှာ ပြထားသည့် ပုံများအတိုင်း install လုပ်သွားပါ။

- ဒေါင်း၍ရလာသော Android-Kitchen-0.223_rev9a.zip ကိုဖြေပါ။
- ဖြေ၍ရလာသော ဖိုင်များကို C:\cygwin\kitchen ဖိုဒါ ဆော်က၍ထည့်ပါ။

- desktop ပေါ်မှ cygwin ကို run ပါ။ အခုလို ပေါ်လာပါလိမ့်မယ်။
- directory ချိန်းပြီး kitchen ဖိုဒါထဲက menu ကို open ရပါမည်။
cd C:\cygwin
cd kitchen
./menu

- အခုဆိုရင်တော့ cmd box မှာ အခုလို menu လေးမြင်ရမှာပါ။
- ဒီနေရာမှာ အရေးကြီးဆုံးက working folder တစ်ခု ဆော်ရမှာပါ။
- working folder ဆောက်ဖို့ နည်းကိုပြောပြပေးပါမယ်။
- kitchen ဖိုဒါ ထဲက original_update ဖိုဒါ ထဲကို official firmware or custom rom တစ်ခုထည့်ပါ။
ကျွန်တော်ကတော့ huawei firmware ဖြစ်တဲ့ UPDATE.APP ထည့်စမ်းပါတယ်။

ထည့်လို့ရတဲ့ file format ကို သိချင်ရင်တော့ ဒီနေရာမှာ s ဆိုတာကို ရွေးလိုက်ပါ။ ဆက်သွားမယ်ဆိုရင်တော့ Enter ကို နှိပ်ပါ။

ဒီနေရာမှာ working folder ကို နာမည် ပေးမှာဖြစ်ပါတယ်။ သူပေးထားတဲ့ နာမည်
အတိုင်းထားချင်ရင်တော့ n ကို နှိပ်ပါ။ ကိုယ်ကြိုက်တာ ပြင်ချင်ရင်တော့ y
ကို နှိပ်ပါ။
ဒီနေရာမှာ ကိုယ်ပေးချင်တဲ့ Working folder နာမည်ရေးပေးရမှာပါ။
boot.img ကို ခွဲဖို့၊ ပြင်ဖို့၊ ပေါင်းဖို့ အတွက် menu မှာ ADVANCED OPTION ဖြစ်တဲ့ 0 ကိုရွေးပေးရင် အောက်ပါ ပုံအတိုင်းကျလာပါလိမ့်မယ်။

နံပါတ် ၁၂ ကိုရွေးပေးလိုက်ပါ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်။ boot.img ကို ဖြေချင်ရင် w ကို နှိပ်ပေးလိုက်ရင် ရပါပြီ။
boot.img ကိုဖြေပြီးသွားရင်တော့ အခုလို BOOT-EXTRACTED ဆိုတဲ့ folder တစ်ခု ပေါ်လာပါလိမ့်မယ်။
အဲဒီ အထဲမှာတော့ ဒါလေးတွေ ကိုတွေ့ရပါလိမ့်မယ်။boot.img-ramdisk ဖိုဒါ ထဲက ဖိုင်တွေကို ကိုယ့်စိတ်ကြိုက် ပြင်လို့ရပါပြီ။
စိတ်ကြိုက်ပြင်ပြီး ပြန်ပေါင်းချင်တယ် ဆိုရင်တော့ အောက်မှာပြထားတဲ့ ပုံအတိုင်း b ကို နှိပ် ပေးလိုက်ရုံပါပဲ။ ပြင်ပြီးသား boot.img က အရင် ထည့်ထားတဲ့ working folder ထဲက boot.img နေရာမှာ replace လုပ်သွားမှာဖြစ်ပါတယ်။

My Facebook Wall- (HERE)
Credit To... (HERE)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်ပြီး ရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
Post a Comment