July 13, 2025

Samsung Galaxy Note 3 Neo SM-N7508V ဖုန်းအတွက် ဗားရှင်း Android 4.3 Root လုပ်နည်း

 Samsung Galaxy Note 3 Neo SM-N7508V ဖုန်းအတွက် ဗားရှင်း
Android 4.3 Root လုပ်နည်းကိုပြန်လည်တင်ပေးလိုက်ပါတယ်။

ဇူးနစ်(နည်းပညာ) တွင် အသစ်သစ်သော Android & iOS Tutorial
များကို အချိန်နဲ့တပြေးညီ တင်ပေးနေခြင်းလည်းဖြစ်ပါတယ်။

လေ့လာလိုက်စားသူများနဲ့ ဆားဗစ်သများများ ဖုန်းကို ကလစ်လိုသူ
အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။

ဒီဖုန်းရဲ့  Android 4.3 ကိုလည်း Chainfire ရဲ့ CF-Auto-Root tool ဖြင့်
Odin မှ အလွယ်တကူ Flash ပေးပြီး Root access ရယူနိုင်ပါတယ်။

လိုအပ်​ချက်​များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Galaxy Note 3 Neo SM-N7508V ဖုန်းအတွက်
သီးသန့်ဖြစ်ပြီး။ Android 4.3 ကိုသာ Root လုပ်ပြထားခြင်းလည်းဖြစ်ပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။

ကြိုတင်​ပြင်​ဆင်​ရမယ့်​အချက်​များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ

Download Samsung USB Driver for Windows

Download the latest Odin flashing Tool

CF-Auto-Root package for the Note 3 Neo N7508V

CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်း

=======================
ဖုန်းမှာ OEM & USB Debugging mode ကို Enable ပြုလုပ်ပါ။

ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ

Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။

 ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ

Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 


www.zunite.org


အောင်​ကိုလတ်​(နည်းပညာမျှ​ဝေခြင်း)

Labels:

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.