July 8, 2025

Root လုပ်နိုင်သည့် Insecure boot လုပ်နည်း နှင့် superboot ထည့်နည်း


Root လုပ်နိုင်သည့် Insecure boot လုပ်နည်း နှင့် superboot ထည့်နည်း


Insecure boot လုပ်နည်း
အခုပြောပြမည့်နည်း ကတော့ root လုပ်လို့မရတဲ့ ဖုန်းတွေရဲ့ boot.img ကို ခွဲပြီး root လုပ်လို့ ရသည့် insecure boot လုပ်နည်းဖြစ်ပါတယ်။
နမူနာ အနေဖြင့် Huawei Y220T ဖြင့် စမ်းသပ်ပြပေးပါ့မယ်။



Y220T ရဲ့ firmware ကိုဒေါင်းပါ။ အထဲမှ update.zip ကို ဖြေလိုက်ပါ။ boot.img ကို တွေ့ရပါလိမ့်မယ်။ တခြား huawei firmware များ အတွက် UPDATE.APP ခွဲနည်းကို ဒီမှာ လေ့ လာနိုင်ပါတယ်။
boot.img ကို ဒီနည်း အတိုင်း ခွဲပါ။ ဒီဖိုင်တွေ ထွက်လာပါလိမ့်မယ်။

 root လုပ်နိုင်သည့် insecure boot ဖြစ်ဖို့ အတွက် default.prop ကို note++ ဖြင့်ဖွင့်ပါ။ ro.secure=1 ကို ro.secure=0 ပြောင်းပြီး save လုပ်လိုက်ရင် insecure boot ဖြစ်ပါပြီ။
usb debugging on မထားတဲ့ ဖုန်းကို on ချင်ရင်တော့ ro.debuggable=0 ကို ro.debuggable=1 ပြောင်းလိုက်ရင် ရပါတယ်။

 ကဲ boot.img လေးပြန်လုံးလိုက်ပြီး ဖုန်းမှာ flash လိုက်ရင်တော့ ဖုန်းကို unlock root ကဲ့သို့ one click tools တွေနှင့် အလွယ်တကူ root လို့ရပါပြီ။
ဒီနေရာမှာ flash တာနဲ့ ပတ်သက်ပြီး အနည်းငယ်ရှင်းပြပါမယ်။
y220T လို spreadtrum ဖုန်းတွေကိုတော့ researched downloader ဖြင့် pac ဖိုင်လုပ်ပြီး တင်ရပါတယ်။
bootloader unlock လုပ်ထားသည့် fastboot mod ပါတဲ့ ဖုန်းများကိုတော့ fastboot ဖိုဒါထဲမှ fastboot flash boot boot.img ကဲ့သို့ command ဖြင့် flash ရပါတယ်။
MTK ဖုန်းများကိုတော့ sp flash tool ဖြင့် flash ရပါတယ်။

superboot ထည့်နည်း
boot.img or recovery.img ကို ခွဲပြီး root မလုပ်ပဲမြန်မာဖောင့်ထည့်နိုင်သည့် superboot ၊ root လုပ်နိုင်သည့် superboot ၊ data တွေမပျက်ပဲ patternlock ဖျောက်နိုင်သည့် superboot ထည့်နည်းတွေဖြစ်ပါတယ်။
နမူနာ superboot ဖိုဒါ ၃ မျိုးကို အောက်မှာ download လင့်ပေးထားပါတယ်။
password>>htayhlaingoo
ကိုယ်သုံးချင်တဲ့ superboot ဖိုဒါကို boot.img ခွဲထားသည့် BOOT-EXTRACTED/boot.img-ramdisk/ ဖိုဒါအောက်မှာ ပုံမှာပြထားသည့်အတိုင်းထည့်ပါ။
 init.rc ဆိုသည့် ဖိုင်ကို note++ ဖြင့် ဖွင့်ပါ။ အောက်ဆုံးမှာ ဒီစာသားကို ရိုက်ထည့်ပေးပြီး save လုပ်ပါ။
service superboot /system/bin/sh /superboot/superboot.sh
          oneshot




ကဲ boot.img လေးပြန်လုံးလိုက်ပြီး ဖုန်းမှာ flash လိုက်ရင်တော့ မိမိထည့်ထားသည့် superboot တို့ရဲ့ function တွေ လုပ်ဆောင်သွားမှာပါ။
ကိုယ်သွင်းချင်တာတွေ သွင်းပြီးရင်တော့ original boot.img လေးကို ထပ်ပြီး flash ပေးရင် အကောင်းဆုံးပါပဲ။ ဘာကြောင့်လည်းဆိုတော့ reboot လုပ်တိုင်း boot.img ထဲမှာထည့်ထားတဲ့ superboot ရဲ့ function တွေဟာ အလုပ်လုပ်နေမှာဖြစ်ပြီး။ recovery.img ကို ထည့်ထားပါက recovery ကို ၀င်တိုင်း superboot ရဲ့ function တွေဟာ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။


My Facebook Wall- (HERE)

Credit To... (HERE)

downloadbutton 


ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်ပြီး ရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။












Labels:

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.