July 6, 2025

How to Fix LG Deadboot (Unbrick LG Dead in 9008 Mode) Solution By Min Oke Kar

How to Fix LG Deadboot (Unbrick LG Dead in 9008 Mode) Solution By Min Oke Kar)

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...

ကတိပေးထားတဲ့အတိုင်း LG Deadboot Fix ဖို့ Tool တွေနဲ့ Solution လေးကို တင်ပေးလိုက်ပီနော်
အရင်ဆုံး ဒီလို အဆင်ပြေသွားအောင် ကူညီပေးကြတဲ့ Firmware ပေးသော အမည်မဖော်လိုသူ ဆရာတစ်ယောက်နှင့် လမ်းပြပေးသော Master Cho (Smart Master လှည်းတန်းလမ်း စံပြ)  တို့အား အထူးပင်ကျေးဇူးတင်ကြောင်း ဒီကနေ အမှာစကား ပါးလိုက်ပါရစေ...

ကဲပထမဦးဆုံးအနေနဲ့ LG ဖုန်းတွေ dead သွားရင် သူ့ကို Fix ဖို့ရာအတွက် LG Firmware အမျိုးအစားတွေ အများကြီး ရှိတဲ့အထဲက .tot ဆိုတဲ့ Official firmware တစ်ခုတည်းနဲ့သာ dead နေတာကို နိုးလာအောင်လုပ်ပေးနိုင်မှာဖြစ်ပါတယ် အများသိထားတာကတော့ LG Firmware ကို .kdz ပဲ သိကြတာများပါတယ်.
tot ကတော့ board firmware ပေါ့ဗျာ..(အဲ တစ်ခုတော့ ရှိတယ်နော်. dead နေတဲ့ LG ဖုန်းက Device manager မှာ 9008 mode ကို ၀င်နေမှရမယ်နော်)

ကဲ ဟုတ်ပီ .. အဲ့တော့ tot နဲ့မှ နိုးလို့ ရနိုင်မှာဖြစ်တဲ့အတွက် online မှာ lg tot firmware ကို ရှာဒေါင်းပေါ့ဗျာ.
ကဲ ရလာပီဆိုရင်တော့ tot firmware နဲ့ ဖုန်းကို နိုးဖို့ရာအတွက် ..tool တစ်ခုလိုပါတယ်. အဲ့tool ကိုတော့ online မှာ တော်တော်များများ  ရောင်းနေကြပါတယ်.. ဒါပေမယ့် ကျနော်က တော့ free တင်ပေးလိုက်တယ်နော်.. (pass ကတော့ www.minokekar.net ပါ)

Download DeadFix Tool (7.6) MB

Here Download  (Rar Pass > www.minokekar.net)

ကဲ ဟုတ်ပီ. ဒီအဆင့်ထိရောက်ပီဆိုရင်တော့ ညီအကိုတို့ tot firmware ရော tool ရော အဆင်သင့်ရှိနေလောက်ပီလို့ ထင်ပါတယ်. အဲ့တော့ Solution အပိုင်းကိုသွားရအောင်ဗျာ..

အရင်ဆုံး boot နိုးဖို့ ပေးထားတဲ့ tool ကို ဖွင့်လိုက်ပါ.
ပီးရင် ပုံကိုခဏကြည့်ပါ. နံပါတ်စဉ်တွေ ထည့်ထားပေးပါတယ်.
ဘာလုပ်မှာလဲဆိုတော့ dead boot နိုးဖို့ရာအတွက် Firmware ကို ဖြည်ချပီး firmware ထဲက boot ဖိုင်ကို ဖုန်းထဲ ထည့်ပေးရမှာပါ. အဲ့တော့ မေးစရာရှိလာပါတယ်. kdz ရော ဖြည်ချလို့မရဘူးလား tot မှ ဖြည်ချလို့ ရတာလား ဟုတ်ကဲ့ kdz ကိုဖြည်လို့မရပါဘူး..  ရသွားရင်လည်း ဖိုင်မစုံတာတွေ error တွေ တက်လာနိုင်ပါတယ်. tot ကသာ 100% ဖြည်ချပီး အလုပ်လုပ်ပါတယ်.

ကဲ အောက်က ပုံအတိုင်းtool ကိုဖွင့်ပီး ပြထားတဲ့ နံပါတ် ၁ နေရာမှာ firmware ကိုထည့်ပါမယ်.
နံပါတ်၂ ကတော့ firmware ကို ဘယ်မှာ ဖြည်ချမလဲ location ကို ရွေးပေးလိုက်ပါ. ပီးရင်တော့
Extract ပေါ့ဗျာ..



ကဲ ဟုတ်ပီ ဖြည်ချပီးသွားရင်တော့ ဖြည်ချထားတဲ့ Folder ထဲမှာ သွားကြည့်လိုက်ပါ.
partiton.txt ဆိုတဲ့ text ဖိုင်ပါနေမှ အလုပ်လုပ်မှာ ပါ ...



ကဲ ဖြည်ချပီးပီးဆိုရင်တော့ နိုးလို့ရပီပေါ့နော်..tool ကိုဖွင့်လိုက်ပါ..
ပီးရင်ပုံကိုကြည့်ပါ နံပါတ် ၁ က ဖုန်းရဲ့ Model ကိုရွေးပေးရမှာပါ.
နံပါတ် ၂ က com port ပါ . သူ့ကို ဘယ်မှာ သွားကြည့်မလဲ?? ဟုတ်ကဲ
device manager မှာ Com port ဘယ်လောက်လဲ ဆိုတာ ပြထားပါတယ်. ပီးရင် နံပါတ် ၂ မှာ
ဘယ်လောက် မြင်လဲ ရွေးပေးပါ..
နံပါတ် ၃ မှာ ကျတော့ ခုနက ကျနော်တို့ firmware ကို ဖြည်ချထားတဲ့ ဖိုင်ကို ရွေးပေးရမှာပါ.
နံပါတ်ပါတ် 4 မှာ ကျနော ၂ ခုလုံးကို အမှန်ခြစ်ပေးထားရမယ်နော်..
ကဲအပေါ်က အချက်တွေ ပြည့်စုံပီဆိုရင်တော့ ဖုန်းကို pc နဲ့ ကြိုးထို့ Dev manager မှာ 9008 ၀င်လား
မ၀င်လားကြည့်ပါ ၀င်တယ်ဆိုရင်တော့ start ကို နှိပ်လိုက်ပါ.



အပေါ်က အချက်တွေ အားလုံးမှန်မယ် ဆိုရင်တော့ ဒီလိုလေးတွေ ပေါ်လာပါ့မယ်.



ကဲ ပီးရင်    နိုးပါတော့မယ်. SDRAM TEST ကို အမှန်ခြစ်ပေးပါ. ပီးရင် Partition မှာboot ကို ရွေးပေးပါ.  ဒီလိုလေးတွေ အမှန်ခြစ်ပေးပါ. ဒီလိုလေး ရွေးပေးပါ.ပီးရင် start ကို နှိပ်ပါ..



ဒီအဆင့်မှာ တော့ Firmware ရေးနေတုန်းမို့ ခဏစောင့်ရပါတယ်.
ပီးသွားရင်တော့ Boot တက်လာပါလိမ့်မယ်. Firmware တင်ပီးသလို တက်လာမှာ မဟုတ်သေးဘူးနော် .. ခုလုပ်လိုက်တာက နိုးယုံပဲ နိုးလိုက်တာ.. Download mode ဆီပဲ ရောက်မှာ. Firmware တက်လာဖို့ အတွက် Firmware ပြန်တင်ပေးရပါအုံးမယ်

အဲ့တော့ LG Firmware ကတော့ လူတိုင်း ပြန်တင်တတ်မယ်ထင်လို့ မရေးတော့ဘူးနော်. နောက်မှ ပဲ အချိန်ရရင် ရသလို တင်ပေးပါ့မယ်.  ခုတော့ ..Bye Bye


အဆင်ပြေကြပါစေ..ဗျာ...

Credit To... (Min Oke kar)


downloadbutton 


ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်ပြီး ရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က နံပါတ်လေးကို Call လိုက်ပါ ခင်ဗျာ...။
၀၉-၇၉၅၈၈၃၅၄၉
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( TBZY )



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။











Labels:

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.