G730-U00 Stock Recovery flash နည်း
G730-U00 ကို CWM Recovery တင်ထားပြီး Stock Recovery
ပြန်ဆင်းမရတဲ့သူများ ကျနော်ပေးတဲ့နည်းလမ်းလေးအတိုင်း
လုပ်လိုက်ပါ. ကျနော်တော်တော်လေးတိုင်ပတ်ခဲ့လို့
ကျနော့်လိုတိုင်ပတ်နေသူများအဆင်ပြေစေချင်တဲ့ဆန္ဒနဲ့ ရည်ရွယ်ပြီး
ဒီ post ကိုတင်ပေးတာပါ. Blog ဆိုဒ်တိုင်းကို
ကျနော်ဝင်ပြီးလေ့လာပါတယ်။ bat file တွေ down. 610 back recovery zip
ထဲကို 730 stock recovery img change ပြီးထည့် စသည့်
နည်းပေါင်းစုံနဲ့ ပြန်ဆင်းတာ မရခဲ့ပါဘူး... နောက်ဆုံးတော့
ကျနော့်ဆရာ ကိုဌေးမင်းသူနဲ့ ပူးပေါင်းကြံစည်ကာ 730 firmware ထဲကနေ
recovery.img ကို ခွဲထုတ် Mobileuncle Tool သုံးပြီး flash လိုက်တာ Pc
တောင်မလိုအပ်တော့ပါဘူးဗျာ... ခံစားချက်လေးရင်ဖွင့်လိုက်တာ
နည်းနည်းရှည်သွားပြီ...
ကဲ!!! အသုံးပြုမှုလေးစလိုက်တော့မယ်..
အရင်ဆုံးလိုအပ်တာကို
ဒီမှာ
download လုပ်ကြပါအုံး... download ရလာတဲ့ Zip ကို အရင်ဆုံး Extract
လုပ်ပါ. လိုင်းမကောင်းတော့ ပုံနဲ့ရှင်မပြတော့ဘူးဗျာ...
တဆင့်ချင်းလိုက်လုပ်ရင်လွယ်ပါတယ်... zip ကို Extract
လုပ်လိုက်လို့ ရလာတဲ့ file ထဲမှာ
Mobileuncle Tool.apk ရယ်
stock recovery.img
ရယ်ဆိုပြီး နှစ်ခုတွေ့ရမှာပါ. Mobileuncle Tool.apk ကို အရင်ဆုံး
install လုပ်လိုက်ပါ. ပြီးရင် recovery.img ကို copy ယူပြီး SD card မှာ
pause လုပ်ပါ. ပြီးရင် app list ထဲက Mobileuncle Tool apk ကို
ဖွင့်လိုက်ပါ. Root access တောင်းလာရင် Allow ပေးလိုက်ပါ...
ဒီနေရာမှာတခုပြောချင်ပါတယ်. ကိုယ့်ရဲ့ဖုန်း root access
ဟာအပြည့်ဝရှိဖို့လိုအပ်ပါမယ်... ပြည့်ဝမှုမရှိရင် recovery.img ကို
flash နိုင်မှာမဟုတ်ပါဘူး...အဲ့ဒီအတွက် SuperSu နဲ့ Root ကို Update
လုပ်လိုက်ပါ...
SuperSu မရှိသူများ
ဒီမှာ down ပါ... supersu မြှင့်တဲ့နည်းကိုတော့မပြောတော့ပါဘူး...
Mobileuncle Tool ထဲရောက်သွားရင်
Recovery Update ကိုနှိပ်ဝင်လိုက်ပါ...ပြီးရင်
recovery.img လေးကိုနှိပ်ပါ Use Recover file: recovery.img(5638Kb)? လို့ပေါ်လာရင်
OK ပေးလိုက်ပါ. ခဏစောင့်ပါ. ပြီးရင် reboot into recovery mode လို့ပေါ်လာရင်
OK ပေးလိုက်ပါ reboot ကျသွားပြိီး recovery ထဲကိုရောက်သွားပါလိမ့်မယ်... ကိုယ်တွေ့ချင်တဲ့
stock recovery လေးကိုတွေ့ရပါလိမ့်မယ်... ကိုယ်လုပ်ချင်တာလုပ်လို့ရပါပြီ... အားလုံးအဆင်ပြေပါစေ...
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်ပြီး ရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က နံပါတ်လေးကို Call လိုက်ပါ
ခင်ဗျာ...။
၀၉-၇၉၅၈၈၃၅၄၉
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( TBZY )
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
Post a Comment