Android ကို ချစ်ရတဲ့အချက်တွေထဲမှာ ဖုန်းကို ကိုယ့်စိတ်တိုင်းကျနီးပါးပြင်ဆင်နိုင်၊ ကလိနိုင်တဲ့ အချက်ကလည်း တစ်ခုအပါအ၀င်ပါ။
ဒါနဲ့ ကိုယ့်ဖုန်းပေါ်က စာလုံး font တွေကို ကိုယ့်လက်ရေးအတိုင်း font ပြောင်းထားလို့ရတယ်ဆိုတာကော သင်သိပါသလား။ ကိုယ့်ဖုန်းပေါ်မှာ ကိုယ့်လက်ရေးဖောင့်နဲ့ သုံးရတဲ့ ခံစားချက်က တကယ်မိုက်ပါတယ်။ ဒါပေမယ့် လက်ရေးအရမ်းဆိုးတဲ့လူတွေတော့ မလုပ်ကြည့်နဲ့ပေါ့ဗျာ။ ကိုယ့်ဘာသာတောင် မဖတ်တတ်ဘဲ ဖြစ်နေဦးမယ်နော်။
ဒီလို လုပ်ဖို့အတွက် ပထမဆုံးဖုန်းမှာ Root Access လိုပါမယ်။ ဒီ့အပြင် Xposed Framework ဆိုတဲ့ မော်ဂျူး app တစ်ခုလိုပါမယ်။ ဒီကနေ ဒေါင်းလုဒ်ဆွဲလိုက်ပါ။ ကိုယ့်ဖုန်းနဲ့ ကိုက်တဲ့ framework ကို ရွေးဆွဲပါ။
AndroidPIT-xposed-framework-modules-4267-w782
Android ဖုန်းမှာ ကိုယ့်လက်ရေးကို ဖောင့်တစ်ခုအနေနဲ့ သုံးဖို့အတွက် အရင်ဆုံး ကိုယ့်လက်ရေးကို ချရေးပြဖို့ လိုပါတယ်။ ပြီးမှ ဒီဂျစ်တယ်ဖောင့်အနေနဲ့ ပြောင်းမှာပါ။ ဒီအတွက် အွန်လိုင်း tool တစ်ခုရှိပါတယ်။ ဒီဝက်ဘ်ဆိုဒ်မှာ ပေးထားတဲ့ template ကို ဒေါင်းလုဒ်ဆွဲပြီး၊ ကိုယ့်လက်ရေးကို ချရေးပေးရမှာပါ။ Template က PDF ကော PNG format နဲ့ပါ ဒေါင်းနိုင်ပါတယ်။
ဒေါင်းလုဒ်လုပ်လို့ရလာတဲ့ PNG ဖိုင် ဒါမှမဟုတ် PDG ဖိုင်ကို ပရင်တာနဲ့ ပရင့်ထုတ်လိုက်ပါ။ အိမ်မှာ ပရင်တာ မရှိလည်း၊ အခုခေတ်မှာ ပရင့်ထုတ်လို့ရတဲ့ဆိုင်တွေ ပေါပါတယ်။ ဒါမှမဟုတ် ရုံးက ပရင်တာနဲ့ ထုတ်ပေါ့။
ပရင့်ထုတ်ထားတဲ့စာရွက်မှာ သူပေးထားတဲ့ guideline အတိုင်း ABCD အက္ခရာတွေကို မှင်အနက်နဲ့ ကိုယ်ရေးနေကျ လက်ရေးအတိုင်း ရေးပေးပါ ။ ငယ်ငယ်က လေးကြောင်းမျဉ်းရေးရသလိုပါပဲ သိပ်မခက်ပါဘူး။ စာလုံး တစ်ခုမကျန်ရေးပေးဖို့ လိုပါတယ်။ နို့မို့ဆို ကိုယ့်လက်ရေးဖောင့် သေချာပေါ်မှာမဟုတ်ပါဘူး။
ABCD တွေ ရေးပြီးသွားရင် အဲဒီစာရွက်ကို စကင်ဖတ်ပေးပါ။ စကင်ဖတ်ဖို့မရှိဘူးလား မပူပါနဲ့။ ဒီ Android-app ကနေ ဖုန်းနဲ့ scan ဖတ်နိုင်ပါတယ်။
ဖုန်းနဲ့ scan ဖတ်ပြီးလို့၊ ကိုယ့်လက်ရေးစာရွက်ဓာတ်ပုံဖိုင်ရပြီဆိုရင်၊ My Script Font ၀က်ဘ်ဆိုဒ်ကို ပြန်သွားပြီး၊ upload လုပ်လိုက်ပါ။ နာမည်တစ်ခု ကြိုက်တာပေးပြီး၊ Start နှိပ်လိုက်ပါ။ ၀က်ဘ်ဆိုဒ်က processing လုပ်လိြု့ပီးရင်၊ သင့်လက်ရေးနမူနာပုံစံကို တွေ့ရပါလိမ့်မယ်။
ဒီနမူနာအောက်မှာ လင့်ခ်တစ်ခု ပါပြီး၊ အဲဒီလင့်ခ်ကနေ .ttf နဲ့ ဖောင့်ဖိုင်ကို ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ ဒီ ကွန်ပြူတာဖောင့်က သင့်လက်ရေးနဲ့ ဖောင့်ပါ။ ကွန်ပြူတာမှာ သုံးသုံး၊ ဖုန်းမှာ သုံးသုံးရပါတယ်။
ဖုန်းနဲ့ သုံးမယ်ဆို၊ ဖုန်းထဲကနေ ကိုယ်မှတ်မိတဲ့နေရာမှာ သိမ်းလိုက်ပါ။ ဖုန်း internal storage ထဲမှာ ဖိုင်တစ်ခုနဲ့ သိမ်းထားတာက ပိုကောင်းပါတယ်။
အခုဆို သင့် ဖုန်းရဲ့ font ကို သင့်လက်ရေးအတိုင်း ပြောင်းနိုင်ပါပြီ။ Font ပြောင်းဖို့အတွက် iFont ဆိုတဲ့ app လေး လိုပါသေးတယ်။ ဒီကိုသွားပြီး download ဆွဲပါ။ အထက်မှာပြောခဲ့သလိုပဲ၊ ကိုယ့်ဖုန်းကို အလန်းစားအလှဆင်ချင်ရင်တော့ နည်းနည်း အလုပ်ရှုပ်ခံရပါလိမ့်မယ်။
ပထမဦးဆုံး ကိုယ့်လက်ရေးနဲ့ ဖောင့်ကို ဖုန်းမှာမပြောင်းခင်၊ ဖုန်းရဲ့ နဂိုဖောင့်စနစ်ကို backup လုပ်ထားတာ ပိုစိတ်ချရပါလိမ့်မယ်။ iFont app ကို ဖွင့်ပြီး My > Factory Font > Backup font section ကို သွားပြီး backup လုပ်ထားလိုက်ပါ။
Androidpit-ifont-tipografia-02-w782
Androidpit-ifont-tipografia-01-w782
အခု iFont ထဲက My > My Font ကို သွားပြီး၊ အပေါ်မှာ အနီရောင်နဲ့ပြထားတဲ့ ‘click this’ ဆိုတဲ့ နေရာလေးကို နှိပ်လိုက်ပါ။ ပြီးရင်တော့ ခုန ကိုယ့်ဖုန်းထဲမှာ သိမ်းထားတဲ့ .ttf ဖိုင်နေရာကို ရွေးပေးလိုက်ပါ။ ပြီးရင် ‘Set’ ဆိုတာ နှိပ်လိုက်ပါ။
ဒီင်္အဆင့်တွေအားလုံးပြီးတဲ့အခါ သင့်ဖုန်းက Restart ကျသွားမှာဖြစ်ပြီး၊ ပြန်တက်လာတဲ့အခါ ဖုန်းပေါ်က ဖောင့်တွေက သင့်လက်ရေးအတိုင်းဖြစ်နေတာကို ကြည်နူးစရာ မြင်တွေ့ရမှာဖြစ်ပါတယ်။
My Facebook Wall- (HERE)
Credit To... (Digital Times)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်ပြီး ရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
Post a Comment