June 9, 202502:51:18 AM

Facebook Accountလုံခြုံအောင်ဘယ်လိုထားမလဲ

ဖေ့စ်ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင် အသုံးပြုနိုင်သည့် အက်ပလီကေးရှင်း၊ ဂိမ်းနှင့် အခြားစိတ်ဝင်စားဖွယ်ရာတွေ အများအပြားမှာ ပြည်တွင်းထုတ်၊ ပြည်ပထုတ်တွေ အမျိုးမျိုးထွက်ပေါ်နေသည်။
ယင်းစိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်မှုများနောက်ကွယ်တွင် လူမှုကွန်ရက်အသုံးပြုသူများအတွက်မသမာမှုအမျိုးမျိုးနှင့် ခြိမ်းခြောက်ခံရမှုအမျိုးမျိုးကို ယခုနောက်ပိုင်းကာလများမှာ ပိုမိုးဆိုးရွားသည့် အခြေအနေများနှင့်ပါ ကြုံတွေ့နေရသည်။
လတ်တလောတွင် ပြည်တွင်းမှာ လူသုံးအများဆုံးဖြစ်သည့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကိုအသုံးပြုသူတွေအတွက် ကိုယ်ရေးကိုယ်တာ တိုက်ခိုက်ခံရမှုမှစပြီး အချက်အလက်ခိုးယူခံရခြင်း၊ အကျိုးစီးပွားအတွက် အသုံးချခံရခြင်းများကို မကြာခဏ ကြုံတွေ့နေရသည်။
ထိုကဲ့သို့သော် အဖြစ်အပျက်များတွင် အသုံးပြုသူများ၏ပေါ့ လျော့မှုများကြောင့် အများဆုံးဖြစ်နေပြီး အသုံးပြုသူအများစုသည် မိမိတို့၏အကောင့်များကို လုံခြုံရေးပိုင်းအလေးမထားမှုများက အဓိကအချက်ဖြစ်သည်။ လူမှုကွန်ရက်တွင် သုံးစွဲနေသူများ၏အကောင့်များကို နည်းမျိုးစုံဖြင့် နှောင့်ယှက်နေသည့် ပုံစံမျိုးစုံရှိနေသည်။ အချို့သော ဖြစ်ရပ်များက သုံးစွဲသူကိုယ်တိုင်၏ ပေါ့ လျော့မှုများကြောင့်ဖြစ်ပြီး ရံဖန်ရံခါတွင် ကိုယ်တိုင်ပင်မသိလိုက်သည့် နှောင့်ယှက်တိုက်ခိုက်မှုများ လည်း ရှိနေသည်။ ယခုဖော်ပြ မည့်အချက်များက လူမှုကွန်ရက်သုံးစွဲသူများ မိမိအကောင့် လုံခြုံ ရေးအတွက် အလွယ်တကူလုပ်ဆောင်နိုင်မည့် အချက်များဖြစ်သည်။

လုံခြုံစွာသုံးစွဲခြင်း
************
ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုကို E-mail နှင့် Password ဖြင့် Sign in လုပ်နေရုံမျှဖြင့် လုံခြုံမှု ရှိနေသည်လို့ ထင်နေကြသည်မှာ အသုံးပြုသူအများစု၏အားနည်းချက်ဖြစ်သည်။ အလုံခြုံဆုံး လူမှုကွန်ရက်အကောင့်တစ်ခုမှာ E-mail နှင့် Password ရှိနေရုံဖြင့် လုံလောက်မှုမရရှိနိုင်သည်မှာ သေချာသည်။
အမှန်တကယ် လုံခြုံမှုရှိနေသည့် အကောင့်တစ်ခုသည် မိမိ အသုံးပြုနေသော အကောင့်အ ပြင် မိမိအသုံးပြုနေသည့် အခြား Device များနှင့်ချိန်ဆက်အသုံးပြု မှုအပိုင်းမှာပါ တစ်သားတည်းဖြစ် နေပြီး အသုံးမပြုတော့သည့်အချိန်၌လည်း အချက်အလက်မကျန်ရှိအောင် အသုံးပြုနိုင်မှသာ လုံခြုံမည်ဖြစ်သည်။ ဥပမာအားဖြင့် မိမိအကောင့်ကို အခြားသူ တစ်ဦး၏ဖုန်းဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့်ဖြစ်စေ ဝင်ရောက်မှုသည် အန္တရာယ်ရှိသော အခြေအနေပင်ဖြစ်သည်။
မိမိ၏ဖေ့စ်ဘွတ်ခ်အကောင့် လုံခြုံမှုအတွက် မည်သူ့အကူအညီ မျှမယူဘဲ ပိုမိုလုံခြုံစေရန် လုပ် ဆောင်ရယူနိုင်သည့် အခွင့်အရေးများ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။
ဖေ့စ်ဘွတ်ခ်အက်ပလီကေးရှင်းအန္တရာယ်
ဖေ့စ်ဘွတ်ခ် ပြင်ပမှ အမျိုးအမည်မကွဲပြားသည့် Web Portalများ၊ Web Page များကို ဖေ့စ်ဘွတ်ခ်အကောင့်ဖြင့် ချိတ်ဆက် အသုံးပြုခြင်းသည်လည်း အကောင့်ကို ထိခိုက်စေနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် လူမှုကွန်ရက်တွင် ပျံ့နှံ့လေ့ရှိသည့် အပျော်တမ်းအက်ပလီကေးရှင်းများဖြစ်သည့် ‘‘အသက်ဘယ်လောက်မှာ လက်ထပ်ရမလဲ’’ ‘‘အသက်ဘယ်လောက်မှာ သေမလဲ’’ဆိုသည့် ဖေ့စ်ဘွတ်ခ်အက်ပလီကေးရှင်း များသည် မိမိအကောင့်ဖြင့် ဝင်ရောက်အသုံးပြုရာမှ နားလည်ရခက်သည့်မေးခွန်းများကို မေးမြန်းပြီး ‘‘OK’’ကလစ်တစ်ချက်တည်းဖြင့် မေးမြန်းတတ်သည်။ ထိုမေးခွန်းများ ကို ‘‘OK’’ ကလစ်အလွယ်တကူပေးပြီး ဖြေကြားရာမှ  မိမိမသိလိုက်ချိန်မှာ မိမိ Member  Joined လုပ်ထားသည့် Group များ၊ Liked လုပ်ထားသည့် Page များနှင့် မိမိ Timeline ပေါ်တွင် မဖွယ်မရာသတင်းအချက်အလက်များ၊ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုအတုအယောင်များ၊ လိင်ပိုင်းဆိုင်ရာ Web Link အတုအယောင်များကို အလိုအလျောက် Share ဖြစ်စေနိုင်ပါသည်။
ဖေ့စ်ဘွတ်ခ် Security အ ကောင့်သုံးခြင်းဖြင့် ယင်းကဲ့သို့ အလိုအလျောက် Share ဖြစ်ခြင်း မှ ကာကွယ်ပေးနိုင်ပြီး အကောင့် အတွင်း ထိုးဖောက်ဝင်ရောက်နိုင် ခြင်းများ၊ အချက်အလက်ခိုးယူခံ ရခြင်းများကို ကာကွယ်ပေးနိုင် မည် ဖြစ်သည်။

မိမိအကောင့်လုံခြုံရေးမြှင့်ဖို့ ဘယ်လိုလုပ်မလဲ
*************************************
ဖေ့စ်ဘွတ်ခ် Security ကို အဆင့်မြှင့်တင်သုံးစွဲမည်ဆိုလျှင် ပထမအဆင့် Account Setting ထဲရှိ Security>Login Alert ထဲမှ Facebook နှင့် Email Notifica-tion တွေကို Off မှ On သို့ ပြောင်း ပေးရပါမည်။ ဒုတိယအဆင့်အ နေဖြင့် Security>Login Approvals တွင် On ကို အမှန်ခြစ် ပေးရမှာ ဖြစ်သည်။ ယင်းအမှန် ခြစ်ပေးပြီးနောက် Facebook Account Password ကို Continue ကို နှိပ်ရမည်။ ထို့နောက် Login Approval စာ မျက်နှာကို ရောက်သွားမည်ဖြစ်ပြီး Start Setup ကို ကလစ်နှိပ်ရပါ မည်။ အသုံးပြုနေသည့် ဖုန်းနံ ပါတ်ကို မေးမြန်းမှာဖြစ်ပြီး နိုင်ငံ အမည်မှန်ကန်သည်ဆိုပါက မိမိ ကိုင်ဆောင်သုံးစွဲနေသည့် 09 အစ ဖြင့် ဖုန်းနံပါတ်အပြည့်အစုံကို ရိုက်ထည့်ပေးရမည်ဖြစ်သည်။
Code နံပါတ် ခြောက်လုံးကို ဖြည့်လိုက်သည့် ဖုန်းနံပါတ်သို့ မက်ဆေ့ခ်ျပေးပို့မည် ဖြစ်သည့်အ တွက် Code နံပါတ်မေးမြန်းသည့် နေရာတွင် ဖြည့်စွက်ရမည်ဖြစ်ပါ သည်။ Confirm ကို ကလစ်ပေး ပြီးနောက် အသုံးပြုနေသူထံမှ ဖေ့စ်ဘွတ်ခ် အသုံးပြုမှုမှန်ကန် နေကြောင်းကို ခွင့်ပြုချက်တောင်း မှာဖြစ်သည့်အတွက် အမှန်ခြစ် ပေးရမည့် နေရာတွင် အမှန်ခြစ် ပေးပြီး Close ကို ကလစ်နှိပ်ပေး ရပါမည်။
နောက်တစ်ဆင့်အနေဖြင့် Security ထဲမှာပဲ Login Approvals Code ဆိုသည်ကို ကလစ်နှိပ်ရပါမည်။ Code နံပါတ်၁၀ လုံးပေးသည်ကို မှတ်သား ထားရမည်ဖြစ်ပြီး အခြား Device များမှ Login ဝင်ရာက်အသုံးပြု သည့်အချိန်တွင် Code နံပါတ်တစ် ခုလျှင် တစ်ကြိမ်နှုန်းဖြင့် အသုံးပြု နိုင်မည်ဖြစ်သည်။ Code နံပါတ်၁၀ လုံးကို အသုံးပြုပြီးသွားလျှင် နောက်တစ်ကြိမ်မှာလည်း အ ထက်ပါအဆင့်အတိုင်း Code နံပါတ် ၁၀ လုံးကို ရယူမှတ်သား နိုင်သည်။
နောက်ဆုံးအနေဖြင့် သူငယ်ချင်းများနှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည့် Trusted Contact ဖြစ် ပါသည်။ အကောင့်ကို Hack ဖြစ် တာပဲဖြစ်စေ၊ အသုံးပြုနေသည့် ဖုန်းပျောက်ဆုံးသွားလို့ အကောင့် ခိုးယူခံရသည်များဖြစ်ပေါ်လာခဲ့ လျှင် သူငယ်ချင်းများ၏အကူအ ညီဖြင့် ရယူနိုင်မည်ဖြစ်သည်။ Security ထဲမှာ Trusted Contactကို ဝင်ရောက်ပြီးနောက် Add Friends ထဲတွင် အမှန်တကယ် ရင်းနှီးသည့်၊ အပြင်မှာလည်း သိ ကျွမ်းသည့် သူငယ်ချင်းအနည်း ဆုံး သုံးဦးခန့် ရွေးချယ်ပေးရမည် ဖြစ်သည်။
တစ်ခါတစ်ရံ Facebook Tempory Lock ကျသွားသည့်အ ခါ အလွယ်တကူဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်သည်။ Security အောက်မှာရှိနေသည့် App Password ထဲကို ဝင်ရမည်။ Generate App Password ကို ကလစ်နှိပ်လိုက်သည့်အခါ ဖုန်း အမျိုးအစားကို ရွေးချယ်ပေးရ မည်ဖြစ်သည်။ ဖုန်းအမျိုးအစား အလိုက် Password ကို Generateလုပ်ပေးမည်ဖြစ်ပြီး Screenshot လုပ်ပြီးဖြစ်စေ၊ Note အတွင်း Copy/Paste ဖြင့် မှတ်သားထား ရန် လိုအပ်သည်။ အကယ်၍ Temporary Lock ဖြစ်ချိန်မှာ Password တောင်းသည့်အခါ ဖြည့်စွက်ပြီး အလွယ်တကူဖြေ ရှင်းနိုင်မည်ဖြစ်သည။်

Account Hack လုပ်ခံရခြင်း
*******************************
Facebook Account Hacked ဖြစ်ပြီဆိုလျှင် အဓိက တာဝန်ရှိသူသည် မိမိသာလျှင်ဖြစ် သည်။ ဆုံးရှုံးနစ်နာသူမှာလည်း မိမိသာလျှင်ဖြစ်သည်။ အဓိကဖြစ် ပေါ်စေသည့် အကြောင်းရင်း များမှာလည်း မိမိအသုံးပြုနေ သည့် ဖုန်း(သို့မဟုတ်)ကွန်ပျူတာ များကို အခြားသူတစ်ဦးအား အ သုံးပြုစေခြင်း၊ အသုံးပြုနေသည့် ဖုန်းနှင့် လက်ပ်တော့များ ခိုးယူခံရ ခြင်းမှတစ်ဆင့် Hack အလုပ်ခံရခြင်းနှင့် အမြဲအသုံးပြုနေကျမ ဟုတ်သည့် Device များနှင့် Network များတွင် မိမိအကောင့် ကို Sign In ဝင်ရောက်ခြင်း တို့ကြောင့် ဖြစ်ပေါ်စေနိုင်သည်။
Facebook Security Account အဖြစ် အသုံးပြုနေမည် ဆိုလျှင် ပထမဆုံးအနေနှင့်ဖုန်း ပျောက်ဆုံးခြင်း(သို့မဟုတ်)လက်ပ်တော့ပျောက်ဆုံးခြင်း ကြောင့် အကောင့် Hack အလုပ် ခံရခြင်းကို ကာကွယ်ပေးနိုင် သည်။ Facebook Security အ ကောင့်ဖြင့် သုံးမည်ဆိုရင် အ ကောင့်ကို Sign in လုပ်ပြီဆိုရင် Email နှင့် Password တို့ဖြင့် မလုံလောက်ဘဲ Security Code နံပါတ်ခြောက်လုံးကိုပါ ဖြည့်ပေးရန် လို အပ်သည်။
ထို့ကြောင့် အကောင့် Sign in ကို မိမိမဟုတ်ဘဲ အခြားသူတစ် ယောက်က ဝင်ရောက်မည် ဆို လျှင်ပင် Code နံပါတ်ဖြင့် ကာ ကွယ်ပေးနေမည်ဖြစ်ပြီး အခြား သူတစ်ဦးဝင်ရောက်နေသည်ကို မိမိထံသို့ အသိပေးအကြောင်း ကြားမည်ဖြစ်သည်။ Security Code ကိုလည်း ဖြည့်ပေးထား သည့် ဖုန်းနံပါတ်သို့ SMS ဖြင့် ပေးပို့မည်ဖြစ်သည်။ ထို့အပြင် အကောင့် Login Alert Email ကိုလည်း မိမိ Email သို့ Login Location, Login Used Device, Browser အမျိုးအစား စတဲ့ အချက်အလက်များပါ ထည့်သွင်း ပေးပို့မည်ဖြစ်သည်။
Facebook Security မှ အ ကောင့် Hacked လုပ်ခံရခြင်းကို ကာကွယ်နိုင်သည့်အပြင် မိမိအ ကောင့် Login ဝင်ထားသည့် Device တစ်ခုခု ခိုးယူခံရခြင်း ကြောင့် အကောင့်ကိုလည်း အ ခြားသူတစ်ဦးတစ်ယောက် ဝင် ရောက် အသုံးပြုနေခြင်းကိုပါ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ Device ခိုးယူခံရခြင်းကြောင့် မဟုတ်ဘဲ ယုံကြည်သူတစ်ဦးတစ် ယောက်ကို အကောင့် Email နှင့် Password ပေးထားခဲ့ခြင်းကြောင့် Password ပြောင်းလဲအသုံးပြုနေ ခြင်း၊ အကောင့်ဆုံးရှုံးပျက်စီးခြင်း များမှလည်း အချိန်အတိုင်းအတာ တစ်ခုအတွင်း ပြန်လည်ရယူနိုင်မည်ဖြစ်သည်။
Credit – 7daydaily

     အောင်ကိုလတ်(နည်းပညာမျှဝေခြင်း) 


Posted via Blogaway

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.