ကွန်ပျူတာနဲ့ဘယ်ဖုန်းမဆို Driver သိစေမည်နည်းလမ်း
ကွန်ပျူတာနဲ့ဖုန်းနဲ့ချိတ်ဆက်ပြီး ဘာပဲလုပ်ချင်လုပ်ချင် ဖုန်းနဲ့သက်ဆိုင်ရာ Driver Software ကိုကွန်ပျူတာမှာသွင်းထားမှသာ ကွန်ပျူတာကဖုန်းကို သိပြီး ကျန်တဲ့အပိုင်းတွေကိုဆက်လုပ်လို့ရမှာပါ။ အဲဒီတော့ မိမိရဲ့ဖုန်းနဲ့သက်ဆိုင်ရာ Driver Package တွေကို အင်တာနက်ပေါ်မှာရှာရပါပြီ။ အလုပ်ရှုပ်တာပေါ့နော်။ အခုတော့ TechKnow ကနေထုတ်ဝေလိုက်တဲ့ ADB Driver Package လေးကတော့ Android ဖုန်းအသုံးပြုသူတွေအတွက် အတော်လေးအသုံးဝင်မှာပါ။ ဘာလို့လဲဆိုတော့ Android ဖုန်းတစ်လုံးချင်းစီအတွက် Driver package တစ်ခုချင်းစီလိုက်ရှာနေစရာမလိုတော့ဘဲ ဒီ Universal ADB Driver လေးကိုကွန်ပျူတာမှာသွင်းထားလိုက်ရုံနဲ့ နောက်ပိုင်းဘယ် Android ဖုန်းနဲ့ပဲချိတ်ချိတ် ကွန်ပျူတာက ဖုန်းကို သိပါပြီ။ ဖုန်းအားလုံးကိုသိစေမယ့် TechKnow Universal ADB Driver ကိုအောက်က link မှာရယူပါ။
Tech know Universal ADB Driver အားရယူရန် (ဒီမှာ)
သွင်းပုံသွင်းနည်း
Download ရယူထားတဲ့ TechKnow_Universal_ADB_Driver_v0.7-HcH ဇစ်ဖိုင်လေးကို ဖြည်လိုက်ပါက TechKnow_Universal_ADB_Driver_v0.7-HcH ဆိုတဲ့ Folder လေးတစ်ခုရပါမယ်။ ယင်း “TechKnow_Universal_ADB_Driver_v0.7-HcH” Folder လေးကို ကွန်ပျူတာ Desktop ပေါ်မှာခဏသွားထားပါ။ကိုယ့်ရဲ့ Android ဖုန်းကိုကွန်ပျူတာမှာ USB ကြိုးနဲ့အရင်ချိတ်ဆက်ပါ။ပြီးလျှင် ကွန်ပျူတာထဲက My Computer icon ကို right click နှိပ်ပြီး Device Manager ကို နှိပ်ပါ။ကိုယ့်ဖုန်းကိုကွန်ပျူတာက detect မသိသေးဘူးဆိုရင် other device နေရာမှာ ကိုယ့်ဖုန်းနာမည်လေးနဲ့ “?” သင်္ကေတလေးပြနေပါမယ်။ အဲဒီအပေါ်မှာ right click နှိပ်ပြီး Update Driver Software ကိုရွေးပါ။
Browse my computer for Driver software ကိုရွေးပါ
အားလုံးပဲအဆင်ပြေကြပါစေ။
Ref:Technobuz
My Facebook Wall- (HERE)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်ပြီး ရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!