ကမ္ဘာကျော်ချက်တင် App တစ်ခုဖြစ်တဲ့ WhatsApp ဟာ သူတို့ရဲ့ ကြီးမားတဲ့ အပြောင်းအလဲတစ်ရပ်အနေနဲ့ Desktop ကွန်ပျူတာဘက်ကို ခြေဆန့်ပြီးတော့ သုံးစွဲသူတွေကို ရှာဖွေဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီ Messaging App ဟာ ဦးစွာပထမအနေနဲ့ မိုဘိုင်းလ်ဖုန်းတွေမှာ အောင်မြင်မှုကြီးကြီးမားမားရရှိနေတာဖြစ်ပြီး ဝက်ဘ်ဗားရှင်းဘက်ကို ထပ်မံခြေဦးလှည့်ဖို့ကြံစည်နေတာလည်းဖြစ်ပါတယ်။တကယ်လို့ဒီအတိုင်းသာဖြစ်လာခဲ့မယ်ဆိုရင် WhatsApp အသုံးပြုသူတွေဟာ Message တွေကို စမတ်ဖုန်းတွေမလိုပဲ ကွန်ပျူတာကနေတစ်ဆင့် တိုက်ရိုက်ပို့လို့ရတော့မှာပဲ ဖြစ်ပါတယ်။ WhatsApp အနေနဲ့ သူတို့ရဲ့ App ကို Microsoft Windows တွေမှာရော Apple OS စနစ်မှာပါ အသုံးပြုစေနိုင်မယ်လို့သိရပါတယ်။ WhatsApp ဟာ ပြီးခဲတဲ့နှစ်က Web ဗားရှင်းကို ပြုလုပ်ခဲ့ပေမယ့် ဒါက ဖုန်းတွေကနေတစ်ဆင့် ဝင်ရောက်ရတာဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ တပ်ဆင် App အမျိုးအစားတော့ မဟုတ်ပါဘူး။ဒီကောလဟလတွေဟာ WABetalnfo က Screenshots ရိုက်ပြီး Twitter မှာတင်ထားတဲ့ ပုံတွေထွက်ပေါ်လာအပြီးမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလာကြတာပါ။ ဒီ Tweet မှာ App ကိုထုတ်လုပ်မယ့် အကြောင်းအရာ အသေးစိတ်နဲ့ ထုတ်လုပ်မယ့်ရက်စွဲတွေကို ရေးသားထားခဲ့တာပါ။ ကံဆိုးစွာပဲ၊ ဒီ Screenshots တွေဟာ ဘယ်သတင်းရင်းမြစ်ကနေ ထွက်ပေါ်လာခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခြင်းမရှိပါဘူး။
ကောလဟလသတင်းတွေအရ Facebook ပိုင်ဆိုင်တဲ့ App အနေနဲ့ မကြာမီမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ရပ်အနေနဲ့ Voicemail ပို့နိုင်တော့မယ့် လုပ်ဆောင်ချက်ကို ဘီလီယံချီတဲ့ အသုံးပြုသူတွေအတွက် ယူဆောင်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ WhatsApp မှာ Voice Call ခေါ်တဲ့ လုပ်ဆောင်ချက်က ရှိပြီးဖြစ်တဲ့အတွက် Voicemail ပို့နိုင်မယ့် လုပ်ဆောင်ချက်ဟာ နောက်ထပ်ဖြစ်နိုင်ခြေရှိနေတဲ့ ထင်ရှားတဲ့ ပေါင်းထည့်မှုဖြစ်နိုင်ပါတယ်။
Ref: Daily Star, Independent

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!