July 15, 202504:43:34 PM

အကယ်​၍သာချစ်​သူ

ငါ အသက် ၂၅ နှစ်မှာ နင်နဲ့တူတူရှိမယ်ဆိုရင်
ငါတို့ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး
နှစ်ဖက်မိဘ ကို သွားတွေ့မယ်။

အကယ်၍
ငါ အသက် ၂၈ နှစ်မှာ နင်နဲ့ တူတူရှိမယ်ဆိုရင်
ငါ နင့်ဆံပင်အရှည်ကြီးကို ထုံးဖွဲ့ပေးပြီး
အလှပဆုံး သတို့သမီး ၀တ်စုံဝတ်ထားတဲ့ နင့်ကို ငါကိုယ်တိုင်အလှပြင်ပေးမယ်။

အကယ်၍
ငါ အသက် ၃၀ နှစ်မှာ နင်နဲ့ တူတူရှိမယ်ဆိုရင်
ငါတို့ရဲ့ ဘ၀ ထဲကို ၀င်ရောက်လာမယ့်
ကလေး ကို ငါတို့ ကြိုဆိုမယ်။

အကယ်၍
ငါ အသက် ၃၂ နှစ်မှာ နင်နဲ့ တူတူရှိမယ်ဆိုရင်
သားသားမီးမီးတွေရဲ့ တီတီတာတာခေါ်မယ့်
`ဖေဖေ မေမေ ´ဆိုတဲ့ ခေါ်သံကို တူတူနားထောင်မယ်။

အကယ်၍
ငါ အသက် ၃၅ နှစ်မှာ နင်နဲ့ တူတူရှိမယ်ဆိုရင်
ပတ်ဝန်းကျင်ကလူတွေဘယ်လိုပဲ ပြောင်းလဲပါစေ
နင်နဲ့ ငါ လက်ချင်းတွဲပြီး အခက်အခဲတွေကို ကျော်ဖြတ်မယ်။

အကယ်၍
ငါ အသက် ၅၀ မှာ နင်နဲ့ တူတူရှိမယ်ဆိုရင်
သားသမီးတွေ ငါတို့နားမှာ မရှိတော့တဲ့အခါ၊သူတို့ခြေထောက်ပေါ်သူတို့ရပ်တည်ကြတဲ့အခါ
နင် နဲ့ ငါ နှစ်ယောက်ထဲ
ညနေခင်းတွေမှာ လက်ချင်းတွဲပြီးလမ်းလျောက်ကြမယ်။

အကယ်၍
ငါ အသက် ၉၀ နင်နဲ့ တူတူရှိမယ်ဆိုရင်
ကုလားထိုင်ပေါ်မှာ ငါတို့နှစ်ယောက်တူတူထိုင်ပြီး မနက်ခင်းတွေ နေပူဆာလှုံကြမယ်။

အကယ်၍
ဘ၀ရဲ့ နောက်ဆုံးနေ့ရက်ကို ရောက်လာခဲ့ရင်
နင့်ထက်ငါ...စောပြီး
နင့်ဘေးက... အရင်ဆုံး ငါ့ကို ထွက်သွားခွင့်ပြုပါ။

Credit....
Thura Aung (U Nay Pyauk's Literature Donation)


Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.