May 18, 2025

၁၉၄၁ခုနှစ်ရဲ့ ဒီနေ့မှာပထမဆုံး ပရိုဂရမ်ကွန်ပျူတာကိုတီထွင်နိုင်ခဲ့ပါတယ်

ဂျာမန်အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Konrad Zuse ဟာ ၁၉၄၁ခုနှစ်၊ မေလ ၁၂ရက်နေ့မှာ ပရိုဂရမ်စနစ်နဲ့ အပြည့်အဝအလုပ်လုပ်တဲ့ ပထမဦးဆုံး အလိုအလျောက်ကွန်ပျူတာ Z3 ကိုအပြီးသတ်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီစက်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တိုက်လေယာဉ်သုတေသနအတွက် လေကြောင်းဆိုင်ရာ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပေးဖို့အတွက် ဂျာမနီအစိုးရရဲ့ ပရောဂျက်နဲ့ ပြုလုပ်ခဲ့တာပါ။ ဒါဟာ ၁၉၃၈ခုနှစ်မှာ Zuse ကပဲထုတ်လုပ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး Binary စနစ်ကွန်ပျူတာ Z1 ကိုအဆင့်မြှင့်ခဲ့တဲ့ ခြေလှမ်းတစ်ရပ်လဲဖြစ်ပါတယ်။Z3 ဟာ ဂဏန်းပေါင်းတဲ့လုပ်ဆောင်ချက်တစ်ခုကို ၀.၈စက္ကန့်နဲ့ မြှောက်တဲ့လုပ်ဆောင်ချက်တစ်ခုကို ၃စက္ကန့်ကြာမြှင့်ပါတယ်။ ဒီစက်ဟာ Binary စနစ်နဲ့ အလုပ်လုပ်တာဖြစ်ပြီး ပရိုဂရမ်ကုဒ်နဲ့ ဒေတာတွေကို ဖလင်လိပ်တွေထဲမှာ သိမ်းဆည်းတာဖြစ်ပါတယ်။ နဂိုမူလ Z3 ဟာ ၁၉၄၃ခုနှစ်တုန်းက ဘာလင်မြို့ကြီးကို ဗုံးကြဲခံရချိန်မှာ ပျက်စီးသွားခဲ့ပြီး ၁၉၆၀ခုနှစ်မှာ သူနဲ့ပုံစံတူ ကွန်ပျူတာတစ်မျိုးကို မြူးနစ်မြို့မှာ တည်ဆောက်ခဲ့ပါတယ်။ ဒီဒုတိယဗားရှင်းကို အင်္ဂလိပ်ကွန်ပျူတာသိပ္ပံပညာရှင် အလန်ကျူရင်းရဲ့ ကုဒ်ထည့်တဲ့စနစ်နဲ့ထည့်သွင်းပြီးဆန်းသစ်တည်ဆောက်ခဲ့တာပါ။
 


Ref: Observer, This Day in History 

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.