May 31, 202508:15:07 PM

Samsung Galaxy S7 SM-G930FD ဖုန်းအတွက် ဗားရှင်း Android 6.0 Root လုပ်နည်း

Samsung Galaxy S7 SM-G930FD ဖုန်းအတွက် ဗားရှင်း Android 6.0 Root လုပ်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းအတွက် ဗားရှင်း Android 6.0 ကို Root လုပ်မယ်ဆိုရင်တော့
မိမိဖုန်းမှာ TWRP Recovery ထည့်သွင်းပေးထားရမှာပဲဖြစ်ပါတယ်၊ ပြီးရင် SuperSu ဖြင့် Recovery Mode ကနေ အလွယ်တကူ Flash ပေးပြီး Root access ရယူနိုင်မှာပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
==========
၁။ မိမိဖုန်းတွင် TWRP Recovery ထည့်သွင်းထားရပါမယ်
၂။ BETA-SuperSU-v2.64.zip ဖြစ်နေရပါမယ်
ငြင်းဆိုချက်
=======
ယခုဖေါ်ပြပါ Root လုပ်နည်းသည် Galaxy S6 Edge plus ဖုန်း 
ဗားရှင်း Marshmallow ကို SuperSu ဖြင့် Root လုပ်နည်းဖြစ်ပါတယ်။
ဖေါ်ပြပါ Guide အတိုင်း SuperSu.zip ဖိုင်ဖြင့် တစ်ခြား Device များတွင်
Root လုပ်ခြင်းမျိုး လုံးဝမပြုလုပ်ပါရန်၊ တကယ်လို့ တစ်ခုခုဖြစ်ခဲ့သည်ရှိသော်
လုံးဝတာဝန်မယူပါ၊ Instruction အတိုင်း သေချာအောင်ပြုလုပ်ပါရန်။
SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။
၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power
၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၅။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ) 
 

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.