June 5, 202510:43:34 AM

ပိုင်ရှင်မျက်နှာကို မှတ်သားပြီး ဓာတ်ပုံအလိုအလျောက်လိုက်ရိုက်ပေးမယ့် ‘Hover Camera’

Selfie ရိုက်ရတာဝါသနာပါသူတွေအတွက် အမိုက်စား မိုးပျံကင်မရာတစ်လုံးထွက်ပေါ်လာပါပြီ။ ‘Hover Camera’ ဆိုတဲ့နာမည်အတိုင်း ပျံသန်းနိုင်တာတင် မဟုတ်ဘဲ၊ လေထဲမှာ ရပ်တန့်ပြီးလည်း ဓာတ်ပုံတွေရိုက်ပေးနိုင်ပါတယ်။
Hover Camera ဟာ အမြင့်ပေ ၁၆၀ကျော်ကနေ အမိုက်စားကောင်းကင်ဓာတ်ပုံတွေ ရိုက်ပေးနိုင်သလို၊ face and body tracking နည်းပညာပါဝင်တာကြောင့်၊ ပိုင်ရှင်မျက်နှာနဲ့ခန္ဓာကိုယ်ကို မှတ်သားကာ အနားကနေ ပျံသန်းလိုက်ပါပြီးလည်း ဓာတ်ပုံတွေ လိုက်ရိုက်ပေးနိုင်ပါတယ်။
ဆန်ဖရန်စစ္စကိုအခြေစိုက် Zero Zero Robotics ကုမ္ပဏီကနေ တီထွင်ထုတ်လုပ်ထားတဲ့ ‘Hover Camera’ မှာ 13 MP ကင်မရာတစ်လုံးပါဝင်ပြီး၊ စမတ်ဖုန်း app ကနေလည်း Wi-Fi နဲ့ ထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။
ဒရုန်းကင်မရာမှာ လှုပ်ရှားမှုကြောင့်ပုံရိပ်ဝါးခြင်းနည်းပညာ (IS) ကိုအသုံးပြုထားတာကြောင့်၊ အမိုက်စားဓာတ်ပုံ အရည်အသွေးကိုပေးစွမ်းနိုင်ပြီး၊ 4K resolution ဗီဒီယိုတွေပါ ရိုက်ပေးနိုင်ပါတယ်။
Hover Drone ရဲ့ နောက်ထပ်အမိုက်စားစွမ်းဆောင်ရည်တစ်ခုကတော့ ဆိုနာနည်းပညာနဲ့၊ အောက်ဘက်ကင်မရာ တစ်လုံးကို အသုံးပြုပြီး၊ ကိုယ့်စိတ်ကြိုက်အမြင့်ပေတစ်နေရာမှာ မြေကြီးနဲ့မထိဘဲ၊ လေပေါ်မှာ ရပ်ထားလို့ရတာဖြစ်ပါတယ်။
လက်ကလွှတ်လိုက်ရုံနဲ့ လေပေါ်မှာ ရပ်တန့်နေနိုင်ပြီး၊ ကိုယ်ထည်ကို လည်ပတ်ကာ  ၃၆၀ ဒီဂရီဓာတ်ပုံတွေ၊ ဗီဒီယိုတွေလည်း ရိုက်နိုင်ပါသေးတယ်။

static1.squarespace.com

ကာဗွန်ဖိုင်ဘာကိုယ်ထည်နဲ့ ဖုံးထားတာကြောင့်၊ ဒရုန်းရဲ့ ပန်ကာလေးလုံးနဲ့ မတော်တဆထိခိုက်မိခြင်းကနေ ကာကွယ်ပေးနိုင်ပြီး၊ အလေးချိန်ကလည်း ကိုးအောင်စသာ ရှိတာကြောင့် တော်တော်ပေါ့တဲ့ဒရုန်းပါ။
အမြင့်ပေ ၁၆၄ ပေအထိ ပျံသန်းနိုင်ပြီး၊ ဖုန်း app ကနေ လက်ချောင်းလေးနဲ့ အတင်အချလုပ်ရုံနဲ့၊ အမြင့်ပေကို အလွယ်တကူချိန်ညှိနိုင်ပြီး၊ ဘယ်ညာဆွဲကာ လမ်းကြောင်းထိန်းချုပ်နိုင်ပါတယ်။ ဘက်ထရီတစ်ခါသွင်းထားရင်၊ ရှစ်မိနစ်ကြာ ပျံသန်းနိုင်တဲ့ ‘Hover Camera’ ကို ယခုနှစ်နှောင်းပိုင်းထဲ ဒေါ်လာ ၆၀၀ အောက်နဲ့ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: DailyMail
Credit:


Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.