May 12, 2025

နောက်ဆုံးပေါ် Android N သုံး Google Nexus ဖုန်းအသစ် မေလမှာ ထွက်ရှိဖွယ်ရှိ

 
Huawei နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ Nexus 6P ဖုန်း အောင်မြင်ပြီးနောက်မှာ၊ Google ဟာ ၂၀၁၆ ခုနှစ်အတွက် Nexus ဖုန်းအသစ်ကိုလည်း Huawei နဲ့အတူ ပူးပေါင်းထုတ်လုပ်သွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီဖုန်းကို လာမယ့် မေလမှာကျင်းပမယ့် Google ရဲ့ နှစ်စဉ် I/O developer ညီလာခံမှာ မိတ်ဆက်သွားဖွယ်ရှိပြီး၊ Google နဲ့ Huawei တို့ ပူးပေါင်းထုတ်လုပ်တဲ့ Nexus စီးရီးရဲ့ တတိယမြောက်ဖုန်း ဖြစ်မှာပါ။
ဒီဖုန်းမှာ ဘာတွေသုံးထားလဲဆိုတာကို တိတိကျကျမသိရသေးပေမယ့်၊ လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ developer preview အနေနဲ့သာ ထွက်ရှိထားတဲ့ Android N စနစ် တရားဝင် ပါလာမယ်လို့ သိရပါတယ်။
Android N စနစ်ဟာ Android စနစ်တွေထဲမှာ အကောင်းမွန်ဆုံး OS ဖြစ်တယ်လို့ ဆော့ဖ်ဝဲ developer တွေက ချီးကျူးထားကြတာကြောင့် ဒီဖုန်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ဖုန်းတစ်လုံး ဖြစ်လာမှာပါ။
Huawei က ထုတ်လုပ်ပေးတဲ့ Nexus ဖုန်းတွေဟာ ဈေးအလယ်အလတ်ဖုန်းတွေဖြစ်ပြီး၊ အမြင့်စားဖုန်းတွေကိုတော့ LG က ထုတ်လုပ်ပေးတာဖြစ်ပါတယ်။

Ref: Mornings News USA
Credit-http://digitaltimes.com.mm
www.nyilattun.com
 


Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.