Xiaomi က Mobile World Congress တွင် စွမ်းဆောင်ရည်မြင့် Mi 5 ကိုမိတ်ဆက်လိုက်ပါသည်။ 4GB RAM/128GB Storage/2.15GHz SoCတပ်ဆင်ထားသောMi 5 Pro ကိုဒေါ်လာ ၄၁၃ ၀န်းကျင်ဖြင့် ရောင်းချမည်ဖြစ်သည်။ 3GB RAM/32GB Storage/1.8GHz SoCကိုဒေါ်လာ ၃၀၆ ၊ 3GB RAM, 64GB Storage/2.15GHz ကိုဒေါ်လာ ၃၅၁ သတ်မှတ်ထားပါသည်။
Mi 5 သည် Mi Note နှင့် ဆင်တ်ူပြီးကုမ္ပဏီက“ 3D Ceramic Body” ဟုပြောပါသည်။ ၅.၁၅ လက်မ Full HD Display , Qualcomm Snapdragon 820 64-Bit Quad-Core Processor တပ်ဆင်ထားပါသည်။ အားသွင်းလျှင် အလွန်လျှင်မြန်သည့် Qualcomm Quick Charge 3.0 နည်းပညာပါရှိပါသည်။
အနက်၊ အဖြူ၊ ရွှေနှင့် ပန်းရောင်များရွေးချယ်နိုင်ပါသည်။ microSD Card Slot မပါရှိပါ။ အနောက်ဘက်တွင် 4-Axis Optical Image Stabilization , Phase Detection Auto-Focus နည်းပညာများပါသော 16MP Camera ကိုတပ်ဆင်ထားပြီး 4K Video များကိုရိုက်ကူးနိုင်ပါသည်။ အရှေ့ဘက်တွင် 4MP Camera ပါရှိပါသည်။
4G Dual-SIM Phone ဖြစ်ပြီး NFC ဆက်သွယ်မှု ပါရှိပါသည်။ Fingerprint Scanner လည်းပါရှိပါသည်။ အားသွင်းခြင်းနှင့် ဒေတာကူးပြောင်းခြင်းများ ပြုလုပ်လျှင် အလွန် လျှင်မြန်သော USB Type-C Port ပါရှိပါသည်။ 3000mAh Battery တပ်ဆင်ထားပါသည်။ Android Marshmallow ကိုအခြေပြုထားသော MIUI 7 မောင်းနှင်မည်ဖြစ်သည်။
 
Credit to  Digital Life journal