
ထို့အပြင် Microsoft သည် ယခုလနှောင်းပိုင်းတွင် Build ဆွေးနွေးပွဲတွင် Xbox One app store နှင့်ပတ်သက်၍ အသေးစိတ် အသိပေးသွားရန် စီစဉ်နေသည်။ ယခုနှစ်နွေရာသီတွင် Xbox One ၌ Windows app များအသုံးပြုရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း GDC ၌ Microsoft ၏ အကြီးအကဲဖြစ်သူ ဂျေဆင်ရော်နယ်က ပြောကြားခဲ့သည်။ သို့ရာတွင် မည်ကဲ့သို့ လုပ်ဆောင်ချက်များ ပါဝင်မည်ကိုမူ မသိရသေးပေ။ Microsoft သည် ယခုနှစ်အတွင်း Xbox One အတွက် app များစွာ သုံးစွဲခွင့်ပေးရန် စီစဉ်ထားကြောင့် Business Insider မှဖော်ပြခဲ့ဖူးသည်။
Microsoft သည် Windows 10 ၏ universal app များကြောင့် developer များက Window အတွက် ဂိမ်းများတိုးတက်မှုရှိအောင် ဖန်တီးရာတွင် ပိုမိုလွယ်ကူစေရန် ရည်မှန်းထားသည်။ Developer များသည် မျက်နှာပြင်အရွယ်အမျိုးမျိုးနှင့် သင့်တော်သည့် ပြောင်းလဲမှုများနှင့်အတူ ကွန်ပျူတာ၊ ဖုန်းနှင့် tablet အပြင် Xbox အတွက် app ကိုဖန်တီးနိုင်မည် ဖြစ်သည်။ Xbox One ရှိ app များသည် ဖုန်း app များနှင့် အလွန်ကွဲပြားသည်။ ထို့ကြောင့် Microsoft က Xbox app များအတွက် အရည်အသွေးစိတ်ချမှုရှိရန် ဆောင်ရွက်ရာတွင် စိန်ခေါ်မှု တစ်ရပ်ဖြစ်လာမည် ဖြစ်သည်။
Ref: TheVerge
အင်တာနက်ဂျာနယ်
Post a Comment