ကိုယ့်ရဲ့ ကွန်ပျူတာကို အခြားသူက ငှားယူသုံးစွဲတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် ၊ ကိုယ့်ကွန်ပျူတာကို အမြဲယူသုံးနေတဲ့ သူတွေရှိတဲ့ အခါမျိုးမှာဖြစ်ဖြစ် ကွန်ပျူတာ စနစ်အတွင်းမှာ ထည့်သွင်းထားတဲ့ Client Email လိုမျိုး ဆော့ဖ်ဝဲနဲ့ အခြားသော ဆော့ဖ်ဝဲတွေကို အခြားသူတွေ သုံးစွဲမှုမပြု နိုင်စေရန်အတွက် Block ပြုလုပ်ထားနိုင်ပါတယ်။ ဒီလို Block ပြုလုပ်နိုင်ဖို့အတွက် AskAdmin ဆိုတဲ့ ဆော့ဖ်ဝဲကို သုံးစွဲရပါမယ်။
AskAdmin ဆိုတဲ့ ဆော့ဖ်ဝဲဟာ Portable ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲကို download ပြုလုပ်မယ်ဆိုရင် http://goo.gl/kZuxPE ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ download ပြုလုပ်နိုင်ပါတယ်။ download ပြုလုပ်ပြီးပြီဆိုရင် အဆိုပါ AskAdmin.exe ဆိုတဲ့ ဖိုင်လေးကို Run လိုက်ပါ။
စတင် အသုံးပြုတဲ့ အချိန်မှာ app ကို ဖွင့်လိုက်ရင် License Agreement တောင်းတဲ့ box လေး ပေါ်လာပါလိမ့်မယ်။ Agreed ဆိုတာကို နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် AskAdmin software ကိုစတင် အသုံးပြုနိုင်တဲ့ နေရာကို ရောက်ရှိနေပါလိမ့်မယ်။ ဆော့ဖ်ဝဲတွေကို စတင် ပြီး Block ပြုလုပ်မယ်ဆိုရင် အဆိုပါဆော့ဖ်ဝဲရဲ့ ဘယ်ဘက်ထောင့် အပေါ်နားလေးမှာရှိတဲ့ အပေါင်းလက္ခဏာ အစိမ်းရောင်လေးနဲ့ Add File button ကို နှိပ်လိုက်ပါ။ ဒါမှမဟုတ် File Menu ထဲက Add File ဆိုတာကို နှိပ်နိုင်ပါတယ်။
ပြီးသွားရင် မိမိထည့်သွင်းချင်တဲ့ ဆော့ဖ်ဝဲကို ရွေးချယ်ပြီး exe ဖိုင်ကို ရွေးချယ်ပေးလိုက်ပါ။ အဆိုပါ အဆင့်ပြီးသွားပြီဆိုရင် လုပ်ဆောင်ချက်တွေ အတည်ပြုဖို့အတွက် Explorer ကို Restart ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Block ပြုလုပ်ထားတဲ့ Software ကို ဖွင့်ကြည့်တဲ့အခါမှာ အချို့ဆော့ဖ်ဝဲတွေဟာ Permission မရှိဘူးဆိုတဲ့ Error box မျိုး ပြမှာဖြစ်ပြီးအချို့ ဆော့ဖ်ဝဲတွေကတော့ ဖွင့်လို့ကိုရမှာ မဟုတ်ပါဘူး။
Block ပြုလုပ်ထားတဲ့ ဆော့ဖ်ဝဲတွေကို Unblock ပြုလုပ်ချင်တယ်ဆိုရင် Block ပြုလုပ်ထားတဲ့ဖိုင်မှာ Right-click နှိပ်ပါ။ ပြီးသွားရင် Unblock ဆိုတာကို ရွေးချယ်ပေးလိုက်ရင် Unblock ပြုလုပ်သွားပါလိမ့်မယ်။ ဒါမှမဟုတ်ရင် Block ပြုလုပ်ထားတဲ့ ဖိုင်ကို Select မှတ်ပြီး အပေါ်ဘက်မှာရှိတဲ့ Unblock Button ကနေလည်း Unblock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Credit-http://www.sordum.org
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!