Windows 10 တွင် Start Menu ခလုတ် အလုပ်မလုပ်သည့် ပြဿနာကို ကြုံတွေ့ရပါက အောက်ဖော်ပြပါ နည်းလမ်းအတိုင်း အလွယ်တကူနဲ့ လုပ်ယူနိုင်ပါတယ်။ အဆိုပါ ပြဿနာကို ကြုံတွေ့ရပါက Powershell မှ ဖြေရှင်းရမှာ ဖြစ်ပါတယ်။
Powershell ကို ဖွင့်ရန်အတွက် Start Meun ခလုတ်ရှိတဲ့ Taskbar ကို Right-click ပြုလုပ်ပြီး Task Manager ကို ဖွင့်ရပါမယ်။ File Menu ကို နှိပ်ပြီး Run new task ဆိုတာကို ရွေးချယ်လိုက်ပါ။ Create new task ဆိုတဲ့ box ကျလာရင် powershell ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။ command ကို ရိုက်ထည့်ပြီးသွားရင် Create this task with administrator privileges ဆိုတဲ့နေရာမှာ အမှန်ခြစ် ထည့်ပေးပြီး powershell ကို ဖွင့်နိုင်ပါတယ်။

အဆိုပါ command ကို ထည့်ပြီးရင် လုပ်ငန်းလုပ်ဆောင်နေတာကို ခေတ္တစောင့်ဆိုင်းပေးလိုက်ပါ။ error ဖြစ်တဲ့ code များကို အနီရောင်နဲ့ ဖော်ပြပေးနေမှာဖြစ်ပြီး လုပ်ငန်းပြီးဆုံးသွားပြီဆိုရင် powershell မှ ထွက်ပြီး ကွန်ပျူတာကို Restart ပြုလုပ်ပေးလိုက်ပါ။ Windows ပြန်တက်လာတဲ့အခါမှာ Start Menu ခလုတ် ပြန်လည် အလုပ်လုပ်ဆောင်နိုင်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
Ref: pcadvisor
Credit to ==> Internet Journal
Ref: pcadvisor
Credit to ==> Internet Journal
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!