Facebook ရဲ့ Whats App ဟာ Update App အသစ်ထပ်မံထုတ်ပြန်ပေးခဲ့ပြီး လုပ်ဆောင်ချက် အသစ်တွေ ထပ်မံပါဝင်လာခဲ့ပါတယ်။ ဒီ Version မှာ Whats App ဟာ Notification ကနေတစ်ဆင့် အမြန်စာပြန်နိုင်တဲ့လုပ်ဆောင်ချက်၊ ကိုယ်ရိုက်လိုတဲ့ စာကို Bold/Italic လုပ်ပြီးရိုက်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာလည်း ဖြစ်ပါတယ်။
သင့်အနေနဲ့ ဥပမာ Bold လုပ်ပြီး ရိုက်ချင်တဲ့ စာလုံးကို *..* ဆိုပြီး *နှစ်ခုကြားထဲထည့်သွင်းပြီး ရိုက်ရမှာဖြစ်ပါတယ်။ အဲ့လိုပဲ Italic လုပ်ချင်တဲ့ စာလုံးကိုလည်း _.._ ဆိုပြီး _ နှစ်ခုကြားထဲထည့်ရိုက်ရမှာဖြစ်ပါတယ်။ အဲ့ဒီအပြင်တကယ်လို့ Reply လုပ်မယ်ဆိုရင်လည်း Dialogue Box ကနေတစ်ဆင့် App ကိုသီးသန့်ဖွင့်စရာမလိုပဲ Quick Reply အနေနဲ့ ပြန်နိုင်မှာဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ Beta Version ကို စမ်းသပ်ထုတ်လုပ်ခဲ့ပေမယ့် တစ်ခါတည်းအပြီးသတ် Version အဖြစ်ခုန်ထွက်လာတာဖြစ်ပါတယ်။ ပြီးတော့ ဒီVersion အသစ်ကို iOS ရော Android OS နှစ်မျိုးလုံးမှာ ရရှိနိုင်တာလည်း ဖြစ်ပါတယ်။ Version နံပါတ်ကတော့ v2.12.560 ဖြစ်ပါတယ်။
Facebook ပိုင်ဆိုင်တဲ့ WhatsApp ဟာတိုးချဲ့မှုမြောက်များစွာကို ပြုလုပ်လာနေတာကိုတွေ့ရှိရပြီး ကမ္ဘာ့အကြီးဆုံး ချက်တင် App တစ်ခုအဖြစ် ဦးတည်လာနေခဲ့ပါတယ်။ သုံးစွဲသူပမာဏကလည်း တိုးပွားလာနေတာကိုတွေ့ရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သုံးစွဲသူ တစ်ဘီလျံပြည့်မြောက်ခဲ့ပါတယ်။
Ref: Mirror, Gadgets360
http://digitaltimes.com.mm
www.nyilattun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!