Supercell ဂိမ်းတွေထဲမှာ Clash of Clans, Clash Royale, Boom Bech နဲ့ Hay Day တို့ပါဝင်ပြီး Clash Royale ကိုတော့ အရင်လကမှထုတ်လုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဂိမ်းဟာ ကုမ္ပဏီက ပြုလုပ်ပြီး သုံးနှစ်အတွင်းမှာ ပြီးဆုံးခဲ့တဲ့ ပထမဆုံးဂိမ်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Supercell ရဲ့ ဂိမ်းတွေကို အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လူတော်တော်များများဟာ ကော်ဖီသောက်ရင်းနေ့စဉ်လိုလို ဆော့ကစားနေတာဖြစ်ပါတယ်။ အဲ့ဒီအပြင် Supercell ဂိမ်းတွေ ကျော်ကြားလွှမ်းမိုးတဲ့ မြို့ကြီးတွေကတော့ လန်ဒန်၊ ဘေဂျင်း၊ ဒေလီ၊ နယူးယော့ခ်၊ တိုကျို၊ ဆစ်ဒ်နီ၊ ဆိုးလ်၊ ရီယိုဒီဂျနေးရိုး၊ မော်စကို၊ ဗျူနိုအေးရီးစ်၊ ချီကာဂို၊ မက်ဒရစ်၊ ဘန်ကောက်နဲ့ ရန်ကုန် တို့လည်းပါဝင်တာဖြစ်ပါတယ်။
Supercell ကုမ္ပဏီ ပူးတွဲတည်ထောင်သူ IIkka Paananen က “သန်းတစ်ရာရှိပါပြီ၊ ဒါဟာကမ္ဘာပေါ်က လူတော်တော်များများ ဆော့ကစားနေကြပြီးတော့ တစ်ယောက်တည်းရှိနေတဲ့ အချိန်မှာ ကျွန်တော်တို့ ဂိမ်းတွေက သင့်ကို အဖော်ပြုပေးမှာပါ” လို့ဆိုခဲ့ပါတယ်။ ဒါဟာ Supercell မှာ စူပါသုံးစွဲသူတွေရှိနေပြီလို့ ဆိုလိုတာလည်း ဖြစ်ပါတယ်။
Ref: Android Authority
Credit-digitaltimes
ညီလတ်ထွန်း(ဘီအမ်း)
www.nyilattun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!