နောက်ဆုံးပေါ်နည်းပညာသစ်များဖြင့် အဆင့်မြှင့်တင်ထုတ်လုပ်ထားသည့် Samsung ၏ 2016 Triangle Air Con ကို ဝယ်ယူသူများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် Samsung Home Premium Package, Grand Prize နှင့် Special Prize တို့ အပါအဝင် အခြားဆုကြီးပေါင်း ၁၀၀ ကျော်ကို ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်ကြောင်း Samsung Myanmar မှ သတင်းထုတ်ပြန် လိုက်သည်။
Samsung Traingle AirConကို ဝယ်ယူသူ customer တိုင်း အဆိုပါအစီအစဉ်တွင် ပါဝင်ကံစမ်းခွင့် ရရှိမည်ဖြစ်ပြီး အဆိုပါ လေအေးပေးစက် ၏ ဈေးနှုန်းများမှာ မြင်းကောင်ရေအားပေါ် မူတည်ပြီး ကျပ် ၃၂၀,၀၀၀ မှ ၆၅၀,၀၀၀ အတွင်း ကျသင့်မည်ဟုသိရသည်။ ပထမဆု အနေဖြင့် ရေခဲသေတ္တာ၊ တီဗီ နှင့် အဝတ်လျှော်စက်များပါဝင်သည့် Samsung Home Premium Package ၊ ဒုတိယ ဆု အနေဖြင့် ၅၅ လက်မ Curved UHD TV နှင့် တတိယဆု အဖြစ် Side by Side Refrigerator များ ကို ထိုက်ထိုက်တန်တန်ချီးမြှင့်သွားမည်ဖြစ်သည်။ ထို့အပြင် တီဗီ ၊ BluRay Player၊ Home Theatre Sound System ၊ အခြားအဆင့်မြင့်ရေခဲသေတ္တာ နှင့် အဝတ်လျှော်စက်ကဲ့သို့သော တန်ဖိုးမြင့် ထုတ် ကုန် ၁၀၀ ကျော်ကိုလည်း ချီးမြှင့်သွားမည်ဟုသိရသည်။ ကံစမ်းမဲ ကာလ မှာ ၁၅ ရက် ဖေဖော်ဝါရီ ၂၀၁၆ မှ ၃၁ မေ ၂၀၁၆ အထိဖြစ်ပြီး ဆုကြီး ၃ ခု ကံထူးသူများကို ဇွန်လ ကုန်တွင် ဆုချီးမြှင့် သွားမည်ဖြစ်သည်။အခြားဆုမဲကံထူးသူများသည်၎င်းတို့ဝယ်ယူထားသည့်ဆိုင်များတွင်ဆုများထုတ်ယူနိုင်မည်ဖြစ်သည်။ Triangle Air Con တွင်အအေးထုတ်လွှတ်မှု 43% ပိုမိုမြန်ဆန်မှု ၊ စွမ်းအင်သုံးစွဲမှုကို သာမန်ထက် 68% အထိလျှော့ချနိုင်မှု ၊ Smart Home Control စနစ် ကဲ့သို့သော နည်းပညာသစ်များပါဝင်လာပါသည်။ ကမ္ဘာ့ပထမဆုံးသော 8-pole Inverter ကို အသုံးပြုထား သောကြောင့် အအေးထုတ်လွှတ်မှု ကို ပိုမိုမြန်ဆန်စေပြီး စွမ်းအင်သုံးစွဲမှုကိုလည်းများစွာလျှော့ချ ပေးနိုင်မည်ဖြစ်သည်။ ပိုမိုတောင့်တင်းပြီး ကြာရှည်ခံစေရန် အလူမီနီယံ တစ်ခုတည်းသာ အသုံးပြုထားသည့် DuraFinFM ကိုထည့်သွင်းထားခြင်းကြောင့် ပြင်းထန်သည့် ရာသီဥတုဒဏ် နှင့်ပြင်ပထိခိုက်မှုများကိုပိုမို ခံနိုင်ရည်ရှိမည်ဖြစ်သည်။
Samsung Smart Home စနစ် သည် Smart Phone ဖြင့်ထိန်းချုပ်နိုင်သည့်စနစ် ပါ​ဝင်သည့်အတွက် သုံးစွဲသူများအား ပိုမိုလွယ်ကူသည့် ထိန်းချုပ်မှုကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ PM 2.5 Filter ပါဝင်သည့်အတွက် ဘက်တီးရီးယား ၊ ဗိုင်းရစ် နှင့် allergen အန္တာရာယ်များမှ ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။
         
                                                          ကောင်းမြတ်ရာ(digitallifejournal)
                                                            www.nyilattun.com