Samsung Myanmar မှ Galaxy S7 နှင့် S7 edge ၀ယ်ယူသူများအား အဆင့်မြင့် ၀န်ဆောင်မှုအစီအစဉ် Samsung Premium Care အားမိတ်ဆက်လိုက်သည်။ Samsung Premium Care သည် Samsung မှ ပစ္စည်းရောင်းချမှုအပြီးစတင် လုပ်ဆောင် သည့် အစီအစဉ်သစ်တစ်ခုဖြစ်ပြီး Samsung Galaxy S7 နှင့် Galaxy S7 edge ဖုန်းအသုံးပြုသူများအနေဖြင့် အထူးအာမခံ အခွင့် အရေးများ ရရှိမည်ဖြစ်သည်။
အဆိုပါ Samsung Premium Care အစီအစဉ်တွင် သတ်မှတ်ထားသော အဆင့်မြင့် ဖုန်းများ အတွက်  Software ပြသာ နာများအားလာရောက်၍ တစ်ထိုင်တည်း ပြုပြင် ပေးခြင်း နှင့် Hardware ပြဿသာနာများအတွက် အိမ်တိုင်ရာရောက် ဖုန်းအား လက်ခံလာယူပေးခြင်းနှင့် ပြန်လည်ပို့ဆောင် ပေးခြင်း လိုအပ်သည်များအား ခေါ်ဆိုမေးမြန်းနိုင်ရန် သီးသန့်စီစဉ်ပေးထားသည့် Call Centre အား ထားရှိပေးခြင်း ဖုန်းပြင်ဆင်နေစဉ်ကာလအတွင်း အစားထိုးဖုန်းတစ်လုံး စီစဉ်ပေးခြင်း၊ အထူးပြုပြင် ပေးခြင်းကြောင့် စောင့်ဆိုင်းရချိန် ပိုမိုနည်းပါးကာ ပြုပြင်ချိန် လျှင်မြန်ခြင်း နှင့် Software ပိုင်းလုပ်ဆောင်ချက်ဆိုင်ရာ အသေးစားကိစ္စရပ်များအတွက် မိမိကိုယ် တိုင် လွယ်လင့်တကူ လုပ်ဆောင်နိုင်ရန် ဖုန်းမှတစ်ဆင့် လမ်းညွှန်ပံ့ပိုးပေးနိုင်သည့် Samsung Premium Care အတိုင်ပင်ခံများထံမှ သုံးစွဲသူများ စိတ်ကျေနပ်မှုရသည်အထိ အကြံပေး ကူညီ မှုများအား ရရှိနိုင်ခြင်း တို့ပါဝင်ပါသည်။ Samsung Premium Care အစီအစဉ်အား စတင် မိတ်ဆက်ခြင်း အထူးခံစားခွင့်အဖြစ် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလကုန်အထိ အကျုံးဝင်သည့် မတော် တဆဖြစ်ရပ်များကြောင့်  ဖုန်းမျက်နှာပြင်ထိခိုက်ပျက်စီးခြင်းအတွက် ပြင်ဆင်မှု တစ်ကြိမ် ဆောင်ရွက် ပေးခြင်း (ဖုန်း၏ရှေ့မျက်နှာပြင် ထိခိုက်ပျက်စီးမှုအတွက် ငွေပမာဏ ၅၀ ရာခိုင်နှုန်း နှင့် ဖုန်းအနောက် မျက်နှာပြင်အတွက် ၁၀၀ ရာခိုင်နှုန်း အား Samsung Mobile Myanmar မှသာ ကျခံသုံးစွဲ၍ ပြင်ဆင်မှုတစ်ကြိမ် ဆောင် ရွက် ပေးခြင်း) ကို အထူးဝန်ဆောင်မှုပေးအပ်သွားမည်ဖြစ်သည်။
Samsung Premium Care အား ၂၀၁၆ မတ်လ တွင် စတင်မိတ်ဆက်မည်ဖြစ်ပြီး ယခုလက်ရှိအချိန် ကာလတွင် Samsung Galaxy S7 နှင့် Galaxy S7 edge ဝယ်ယူသုံးစွဲသူများအတွက်သာ ရရှိနိုင်မည် ဟုသိရသည်။

ကောင်းမြတ်ရာ(Digitallifejournal)