ကျွန်တော်တို့ လက်ရှိသုံးစွဲနေတဲ့ ဖုန်းတွေမှာပါဝင်တဲ့ Fingerprint (လက်ဗွေစနစ်) တွေဟာဆိုရင်တော့ အပြည့်အဝစိတ်ချရခြင်းမရှိသလို အလွယ်တကူလည်း ခိုးယူနိုင်တဲ့ စနစ်ဖြစ်နေပါတယ်။ အခုဆိုရင်တော့ လက်ဗွေတစ်ခုကို ရိုးရိုးပရင်တာတစ်လုံးရှိရုံနဲ့ လက်ဗွေကို ခိုးယူနိုင်မယ့် နည်းပညာတစ်ခုကို မီချီဂန်တက္ကသိုလ်က ပညာရှင်တွေက ဖော်ထုတ်ပေးနိုင်လိုက်ပြီဖြစ်ပါတယ်။
လက်ဗွေကို ခိုးယူနိုင်ဖို့အတွက် ရိုးရိုး 2D ပရင်တာတစ်လုံးနဲ့ လျှပ်စစ်ပတ်လမ်းတွေကို ပုံဖော်ထုတ်ရာမှာ အများဆုံးအသုံးပြုလေ့ရှိတဲ့ AgIC စာရွက်တွေသာလိုအပ်မှာဖြစ်ပါတယ်။ ဒီလိုမျိုး ဖုန်းတစ်လုံးရဲ့ လက်ဗွေကို ခိုးယူနိုင်ဖို့အတွက်တော့ ခန့်မှန်းခြေ ဒေါ်လာ ၅၀၀ လောက်သာ ကုန်ကျမှာဖြစ်တာကြောင့် ငွေပေးချေမှုစနစ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းတွေအတွက်တော့ စိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ လက်တွေ့စမ်းသပ်ချက်တွေရဲ့ရလဒ်ကတော့ လက်ဗွေစနစ်ကြောင်တတ်လို့ ဖုန်းကို Reset ပြန်လုပ်လိုက်ရတဲ့ ပြဿနာတွေကနေ ကင်းဝေးအောင် လက်ဗွေအတုတစ်ခုကို ထုတ်လုပ်နိုင်လိုက်တာပါ။ ကျွန်တော်တို့ရဲ့ အခုလိုတွေ့ရှိမှုဟာဆိုရင်တော့ လက်ဗွေ အတုကို ပြလုပ်လာနိုင်တဲ့သူတွေရဲ့ ရန်ကနေ ကာကွယ်နိုင်အောင် ဖော်ထုတ်လိုက်တဲ့ သဘောလည်းသက်ရောက်ပါတယ်။ တစ်ချို့ဖုန်းတွေမှာ ငွေပေးချေမှုစနစ်ကိုလည်း လက်ဗွေစနစ်နဲ့ အလုပ်လုပ်ထားတာကြောင့် အရမ်းကို စိုးရိမ်စရာကောင်းပါတယ်။ ” လို့ သူတို့ရဲ့ လက်တွေ့စာတမ်းမှာ ရေးသားထားခဲ့ပါတယ်။
သူတို့ရဲ့ အခုလိုနည်းပညာကိုတော့ ဟက်ကာတွေက မဖော်ထုတ်နိုင်ခင်မှာ တွေ့ရှိခဲ့တာကြောင့် ဖုန်းတွေမှာ လက်ဗွေစနစ်ကို ဒီထက်ပိုပြီး အဆင့်မြင့်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီရဲ့ မီချီဂန် တက္ကသိုလ်လေ့လာရေးအဖွဲ့ဟာ မျက်နှာ ၊ မျက်လုံး ၊ အသံတွေနဲ့ unlock ပြုလုပ်တဲ့ စနစ်တွေရဲ့ အားနည်းချက်ကို ဆက်လက်လေ့လာသွားအုံးမှာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဘယ်လို လက်ဗွေကို ခိုးယူခဲ့တယ်ဆိုတာကိုတော့ အရိပ်အမြွက်သာပြောကြားခဲ့ပြီး လုံခြုံရေးအရ ပြင်ပကို ပေါက်ကြားခြင်းမရှိအောင် ဒီအချက်အလက်တွေကို ထိန်းသိမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။
Ref : BGR
Credit to digitaltimes
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!