May 6, 2025

MTK Chipset သုံးဖုန်းအကောင်းထဲမှ Firmware ထုတ်ယူနည်း စာအုပ်

MTK Chipset သုံးဖုန်းအကောင်းထဲမှ Firmware ထုတ်ယူနည်းစာအုပ်လေးကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီစာအုပ်လေးကိုတော့
EPI Phone Training & Services သင်တန်းကျောင်းမှ ဆရာ Zaw Linn မှ
ရေးသားထားခြင်းပဲဖြစ်ပါတယ်။
မိုဘိုင်းဖုန်းအကြောင်းကို စတင်လေ့လာခါစ ညီအကိုတွေအတွက်
ဒီစာအုပ်လေးက အဆင့်မြင့်တဲ့အနေအထားလေးမှာရှိတာမို့ သိမ်းဆည်း
ထားစေချင်ပါတယ်၊ တစ်ချိန်ချိန် တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်ကောင်းလေး
ဖြစ်လာမှာ သေချာပါတယ်။

မိုဘိုင်းဖုန်းအကြောင်းကို အခြေခံပိုင်းကို နားလည်ပြီးတဲ့
သူတွေနဲ့ အထူးသဖြင့် Software ပိုင်းနဲ့ပတ်သက်လို့ 
အဆင့်မြင့်ပိုင်းကို လေ့လာလိုက်စားလိုတဲ့ညီအကိုတွေအတွက် 
လတ်တလော အရမ်းခေတ်စားနေပြီဖြစ်တဲ့ MTK Chipset သုံးဖုန်းအကောင်းထဲမှ 
Firmware ထုတ်ယူနည်းကို ဒီစာအုပ်မှာ အားလုံးထက် မသာတောင်
အကောင်းဖြစ်အောင် ရှင်းလင်းရေးသားပေးထားတာပဲဖြစ်ပါတယ်။
ဖုန်းတော့ စိတ်ကြိုက်ကလစ်ပစ်ချင်တယ် ဒါပေမယ့် Firmware လေး
ကြွသွားခဲ့ရင် တိုင်ပတ်လိုက်ရှာနေရမယ့် ဒုက္ခကို အကောင်းဆုံးကျော်ဖြတ်ချင်
တယ်ဆိုရင်တော့ ယခုစာအုပ်လေးက အထောက်အကူပြုပေးမှာပဲဖြစ်ပါတယ်။
အခုနောက်ပိုင်း နေ့စဉ်ပြေးဝင်လာနေတဲ့ Clone ဖုန်းတွေအတွက် ဖုန်းကို
မလစ်မှီ ကြိုတင်ပြင်ဆင်သင့်လာတာက မိမိစတင် ကလစ်တော့မယ့် MTK Chipset သုံးဖုန်းမှ
Firmware Rom ကို အရင် ထုတ်ယူထားတတ်ဖို့ပါပဲ၊ အဲဒီ Stpe လေး ကျော်တတ်ပြီးရင်တော့
အဟင်း...အကြောင်းကြောင်းကြောင့် Firmware ကြွသွားတာလား လာထား အာဘွား...
Full Backu Firmware Rom လေးကို ပြန်လည် Flash ပေးလိုက်ရုံပဲပေါ့ဗျာ...
Credit : Zaw Linn 
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ။ { ဒီမှာ Like နှိပ်ပါ }မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ 
 

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.