မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းMPTသည်ဖုန်းဘီလ်အတွင်းလက်ကျန်မရှိတော့သည့်အချိန်၌
ဆက်သွယ်ပြောဆိုမှုများပြုလုပ်နိုင်ရန်ကြိုသုံးချေးငွေ၈၀၀ကျပ်ကိုစတင်ခွင့်ပြုပေးလိုက်သည်ဟုသိရသည်။
လက်ကျန်ငွေ၂၀၀ကျပ်အောက်သို့ ရောက်ရှိနေသူများအနေဖြင့်အဆိုပါအစီအစဉ်ကိုအသုံးပြုနိုင်မည်ဖြစ် ပြီး ချေးငွေအဖြစ်ရယူထားသည့်၈၀၀ကျပ်အတွက်ဘီလ်ပြန်လည် ဖြည့်သွင်းသည့်အခါမူရင်းရယူထားသည့် ၈၀၀ ကျပ်နှင့်အတူ ဝန်ဆောင်ခ ၅၀ ကျပ်ကိုလည်း ထပ်မံပေးချေရမည်ဟု သိရသည်။
MPT အသုံးပြုသူများအနေဖြင့် ချေးငွေရယူလိုပါက USSD Code *800# သို့ ဆက်သွယ်ခေါ်ဆိုရုံဖြင့် မိမိ၏ ဘီလ်လက်ကျန်ဆီသို့ ၈၀၀ ကျပ် ရောက်ရှိလာမည်ဟု ၎င်းတို့က ကြေညာထားသည်။

Credit to ==> Internet Journal
Post a Comment