MPT-KSGM Joint Operations ၏ CEO ဖြစ်သူ Mr. Takashi Nagashima က “သုံးစွဲသူတွေအကြားမှာ လူကြိုက်များခဲ့ တဲ့ ဒီအစီအစဉ်ကိုပြန်ပြီး ထပ်မံကြိမ်ပြုလုပ်ရတဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်၊ ဒီအစီအစဉ်ကို လူတွေသဘောကျပြီး အသုံးများခဲ့တာ ကိုသိရတဲ့အတွက် အခုလက်ရှိမှာ အသုံးပြုနေသူတွေကိုလည်း တစ်နာရီကြာတဲ့ထိဖုန်းပြောတာ တောင်မှ ၁၁၅ ကျပ်ပဲ ကျသင့်မယ့် ဒီအခွင့်အရေးကိုထပ်ပေးချင်ပါတယ်” ဟု ပြောသည်။ ၅၅မိနစ်စာ အခမဲ့ဖုန်း ခေါ်ဆိုမှုကို ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်းကလွဲ၍ နေ့တစ်နေ့၏ ကျန်အချိန်များ အတွင်းတွင်ခေါ်ဆို နိုင်သည်။ ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း ဖုန်းခေါ်ဆိုပါက မူလ သတ်မှတ် ဈေးနှုန်းဖြစ် သည့် တစ်မိနစ်၂၃ ကျပ်ဖြင့် ကောက်ခံမည်ဖြစ်သည်။ အခမဲ့ စကား ပြောဆို ချိန်များ အတွက် တစ်ရက်လျှင် ဖုန်းခေါ်ဆိုမှုကို အကြိမ်အရေအတွက်ကန့်သတ်ထားခြင်းမရှိဘဲ သုံးစွဲ သူစိတ်ကြိုက် ဖုန်းခေါ်ဆိုမှုများစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။ MPT SIM ကတ်အသစ်တစ်ခုကို စတင်အသုံးပြုချိန်တွင် ဖုန်းကတ်သစ်အသုံးပြုမှုအတွက် အပိုဆောင်းငွေ ၅၀၀ ကိုရရှိမည် ဖြစ်ပြီး ထိုလက်ကျန်ငွေဖြင့် မည်သည့်ဝန်ဆောင်မှုကိုမဆို အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူတစ်ဦးသည် ဖုန်းငွေဖြည့်ကတ်ဖြင့် လက်ကျန်ငွေဖြည့်သွင်းပါက ပထမဆုံးငွေဖြည့်ချိန်တွင် ထည့်သွင်းသည့် ပမာဏ ပေါ်မူတည်ပြီး ပေးမည့် အပိုဆောင်းငွေပေးမည်ဖြစ်ပြီး တစ်လတကြိမ် လက်ကျန် ငွေဖြည့်သွင်း ပါက အပိုဆောင်းငွေကို ၄လ ဆက်တိုက်ရရှိမည် ဖြစ်သည့်အတွက် ဈေးသက်သာစွာ ဖုန်းခေါ်ဆို အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်း အထူးအစီအစဉ်ကို မတ်လ ၁၁ ရက်နောက်ပိုင်း SIM ကတ်ကို အသစ် စတင်သုံးစွဲသူများသာ ရရှိခံစားနိုင်မည် ဖြစ်သည်။ Welcome Offer ကို ခံစားနိုင်ရန် အသုံးပြုသူတစ်ဦးသည် နံပါတ်အသစ်စတင်ချိန်မှ ရက် ၃၀ အတွင်း အနည်းဆုံး လက်ကျန်ငွေ ၁၀၀၀ ကျပ်စတင်ဖြည့်ရမည်ဖြစ်ပြီး ထိုသို့ ဖုန်းငွေဖြည့်မှသာလျှင် ပထမဆုံးငွေဖြည့်မှုအတွက် ထည့်သွင်းပေး မည့် ပထမဆုံး အကြိမ်အပိုဆောင်းငွေကိုရရှိမည်ဖြစ်သည်။ ပထမဆုံးလက်ကျန်ငွေဖြည့်ချိန်တွင် ငွေမပမာဏများလေလေ နောက်ထပ် ၄ လဆက်တိုက်ရရှိမည့်အပိုဆောင်းငွေ ပမာဏ များလေ လေဖြစ်မည်ဖြစ်သည်။ အပိုဆောင်းငွေ ၄ ခုစလုံးကိုရရှိရန် သုံးစွဲသူတစ်ဦးသည် (ပထမဆုံးငွေဖြည့် ချိန်မှ ရက်ပေါင်း ၁၂၀ အတွင်း) ရက် ၃၀ တိုင်းတွင်တစ်ခါ လက်ကျန်ငွေဖြည့်ရမည်ဖြစ်သည်။
အပိုဆောင်းငွေများအား ရက် ၃၀ အတွင်း MPT ဖုန်းအချင်းချင်းခေါ်ဆိုမှု၊ MPT ဖုန်းအချင်းချင်း စာတိုပေးပို့မှုနှင့် PayAsYouGo ဒေတာအသုံး ပြုမှုအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ အထူးအစီ အစဉ် ကို ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့မှစတင်မည်ဖြစ်ပြီး ပြီးဆုံးမည့်အချိန်ကာလကိုမူ MPT မှ ထပ်မံကြေငြာပေးသွားမည်ဖြစ်သည်။
Credit- Kaung Myat Yar(myanmardigitallife)
www.nyilattun.com
Post a Comment