နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Mobile World Congress ပြပွဲကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၅ ရက်အထိ စပိန်နိုင်ငံဘာစီလိုနာမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ ဒီပြပွဲဟာ မိုဘိုင်းနယ်ပယ်အတွက် ကမ္ဘာ့ အကြီးကျယ်ဆုံး အခမ်းနားဆုံး ပြပွဲဖြစ်သလို ကမ္ဘာတစ်ဝန်းက ထုတ်လုပ်သူတွေကလည်း ၎င်းတို့ရဲ့ ထုတ်ကုန်သစ်တွေကို မိတ်ဆက်ပြသကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ ယခုဖော်ပြထားတာကတော့ MWC 2016 မှာ လတ်တလောပြသခဲ့တဲ့ ဖုန်းများဖြစ်ပါတယ်။
Samsung Galaxy S7 Edge
Samsung ရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်ဖြစ်တဲ့ Galaxy S7 Edge မှာ ကင်မရာစွမ်းဆောင်ရည်ကို မြှင့်တင်ထားသလို ကွေးညွှတ်ထားတဲ့ ၅.၅ လက်မ display ရဲ့ အနားစွန်းတွေမှာလည်း လုပ်ဆောင်ချက်တွေ ပိုမိုပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။
Samsung Galaxy S7
MWC 2016 မှာ Samsung က Galaxy S7 ကိုလည်း ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ၅.၁ လက်မ display ပါဝင်တဲ့ Galaxy S7 ဟာ Galaxy S7 Edge ထက် အနည်းငယ်သေးငယ်ပြီး screen ကိုလည်း ကွေးညွှတ်ထားခြင်း မရှိပါဘူး။ ဒါပေမဲ့ သေသပ်လှပတဲ့ကင်မရာ၊ lock screen ပေါ်မှာ အရေးကြီးတဲ့ အချက်အလက်တွေ ကို ဖော်ပြ ပေးမယ့် "Always-on” display နဲ့ သိုလှောင်မှုပမာဏ အများအပြားသိမ်းဆည်းနိုင်မယ့် microSD card slot တို့ပါဝင်ပါတယ်။
LG G5
LG G5 ဖုန်းရဲ့ အောက်ခြေဘက်ကို ဆွဲထုတ်ပြီး အခြားသော modular accessory များနဲ့အစားထိုး အသုံးပြုနိုင်ပါတယ်။ လက်ရှိမှာတော့ modular accessory များအဖြစ် physical ကင်မရာခလုတ်တွေပါဝင်တဲ့ Cam Plus နဲ့ အသံအရည်အသွေး ထူးခြားကောင်းမွန်စေမယ့် Hi-Fi Plus တို့ကိုသာ ထောက်ပံ့ပေးထားပါတယ်။
Akyumen Holofone
Akyumen Holofone ကတော့ built-in ပရော်ဂျက်တာတစ်ခု ပါဝင်တဲ့ Windows 10 phablet ဖြစ်ပါတယ်။ အဆိုပါ ၇ လက်မအရွယ် ထုတ်ကုန်ရဲ့ ထိပ်ဘက်မှာ ပုံရိပ်တွေကို နှစ်နာရီဆက်တိုက် ဖော်ပြပေးနိုင်တဲ့ 45 lumen lamp ပါဝင်ပါတယ်။ ဒီထက်ပိုကြာတဲ့ တင်ဆက်မှုပြုလုပ်မယ်ဆိုရင်တော့ ဖုန်းကို USB-C connector နဲ့ ချိတ်လိုက်ရုံပါပဲ။
Cat S60
Cat S60 ကတော့ built-in thermal imaging ကင်မရာပါဝင်တဲ့ အကြမ်းခံနိုင်တဲ့ဖုန်းတစ်ခု ဖြစ်ပါတယ်။ Cat ရဲ့ ထုတ်ကုန်တွေဟာ ဆောက်လုပ်ရေးနဲ့ အရေးပေါ် ကယ်ဆယ်ရေးတို့လို ပတ်ဝန်းကျင်တွေမှာ လုပ်ကိုင်သူများအတွက် ရည်ရွယ် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Thermal imaging ကင်မရာဟာ နံရံများကိုဖြတ်ပြီး အပူရှိန်ဖော်ညွှန်းချက်တွေကို ရှာဖွေပေးနိုင်ပါတယ်။
Sony Xperia X
Sony ရဲ့ Xperia X ဟာ အရည်အသွေးမြင့် အသွင်အပြင်နဲ့ ခံစားမှုတို့ကို ပေးစွမ်းနိုင်မယ့် mid-range Android ဖုန်းတစ်ခုဖြစ်ပါတယ်။ ၅ လက်မ display က 1,920 x 1080 pixel resolution နဲ့ ဖော်ပြပေးနိုင်ပြီး 23-megapixel ကင်မရာနဲ့ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်ပါတယ်။ ရောင်းချမယ့်ဈေးနှုန်းနဲ့ အချိန်ကို မကြေ ညာသေးပေမယ့် လအနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်းထံဖြန့်ချိမယ်လို့ ဆိုထားပါတယ်။
HTC One X9
သတ္တုကိုယ်ထည်နဲ့ ဖန်တီးထားတဲ့ HTC One X9 ဟာ ဆွဲဆောင်မှုရှိတဲ့ ဖုန်းတစ်ခုဖြစ်ပါတယ်။ MediaTek Helio X10 ပရိုဆက်ဆာ၊ ၅.၅ လက်မ 1080p display နဲ့ 13-megapixel ကင်မရာတို့ကို အသုံးပြုထားပါတယ်။
Lenovo Vibe K5 Plus
Lenovo ရဲ့ Vibe K5 Plus ကို octa-core Qualcomm Snapdragon ပရိုဆက်ဆာ၊13-megapixel ကျောဘက်ကင်မရာနဲ့ 1080p display တို့နဲ့ သုံးနိုင်ပါတယ်။ တန်ဖိုးက ၁၄၉ ဒေါ်လာပါ။
Alcatel Idol 4S
Alcatel Idol 4S မှာ ထူးခြားတဲ့ feature အနေနဲ့ programmable shortcut ခလုတ်တစ်ခု ပါဝင်ခြင်း ဖြစ်ပါတယ်။ ဒီခလုတ်ကို 16-megapixel ကင်မရာ အတွက် shutter ခလုတ်အနေနဲ့ သုံးနိုင်သလို သက်ဆိုင်ရာ app အတွက် shortcut ခလုတ်တစ်ခုအနေနဲ့ သုံးနိုင်ပါတယ်။ ၅.၅ လက်မ1440p display, Android Marshmallow တို့နဲ့ သုံးနိုင်ပါတယ်။
ZTE Blade V7
နွေဦးရာသီမှာ ဈေးသက်သက်သာသာနဲ့ ကမ္ဘာ တစ်ဝန်းသို့ တင်ပို့ရောင်းချမယ့် Blade V7 ဖုန်းကို ZTE က မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဖုန်းမှာ 1.3GHz octa-core ပရိုဆက်ဆာ၊ ၅.၂ လက်မ 1080p display တို့ကို အသုံးပြုထားပါတယ်။ ကျောဘက်ကင်မရာက 13-megapixel ဖြစ်ပြီး 2GB RAM, 16GB internal storage နဲ့ သုံးနိုင်ပါတယ်။
ZTE Blade V7 Lite
ZTE Blade V7 Lite မှာတော့ specs ကို အနည်းငယ် လျှော့ထားပြီး 8-megapixel ကင်မရာနဲ့ quad-core ပရိုဆက်ဆာတို့ကိုအသုံးပြုထားပါ တယ်။
Credit- နောင်နောင်( internetjournal)
ညီလတ်ထွန်း(ဘီအမ်း)
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!