LG က မကြာမီက ကြေညာခဲ့သော စွမ်းဆောင်ရည်မြင့် G5 ကို အမေရိကန်တွင် ဧပြီလ၌ ရောင်းချမည်ဟု ကြေညာလိုက်ပါသည်။ ရောင်းချမည့် နေ့ရက် အတိအကျကို ကုမ္ပဏီက ကြေညာခြင်း မရှိသေးပါ။ LG က ကနေဒါနှင့် ဗြိတိန်တွင် ဧပြီလ ၈ ရက်နေ့၌ G5 ကို ရောင်းချမည်ဖြစ်သည့်အတွက် ထိုနေ့တွင် အမေရိကန်တွင်လည်း ရောင်းချနိုင်ပါသည်။
အမေရိကန် Carrier နှင့် အရောင်းဆိုင်များဖြစ်သည့် AT&T, Best Buy, B&H, Sprint, T-Mobile, US Cellular, Verizon တို့တွင် ၀ယ်ယူနိုင်မည်ဖြစ်သည်။ ရောင်းချမည့် ဈေးနှုန်းကိုမူ မသိရသေးပါ။ အမေရိကန်တွင် ၀ယ်ယူသူတိုင်းအတွက် LG က G5 ၏ ဒုတိယ ဘက်ထရီကို လက်ဆောင်ပေးမည်ဖြစ်သည်။ အဆိုပါ လက်ဆောင်အတွက် အချိန်ကာလ ကန့်သတ်ချက်ရှိသော်လည်း LG က ကာလအတိအကျကို မကြေညာသေးပါ။
ဖုန်းနှင့်အတူ G5 Friends ဟု ခေါ်သည့် G5 ၏ Accessories များကိုလည်း အမေရိကန်တွင် တစ်ပြိုင်တည်း ရောင်းချမည်ဖြစ်သည်။ Accessories များဖြင့် G5 ကို DSLR ကဲ့သို့ ကင်မရာ နှင့် Mobile Virtual Reality Viewer အဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။



                                                            Credit-