Asus Chromebook Flip (C100 PA-DB02)
Rockchip RK3288C ပရိုဆက်ဆာကြောင့် စွမ်းဆောင်ရည် မြန်ဆန်သည်။ ဘက်ထရီသက်တမ်း တာရှည်ခံမှုရှိသည်။ Laptop ၏ ကိုယ်ထည်မှာ အလူမီနီယမ်နှင့် တည်ဆောက်ထားပြီး tablet အဖြစ်ပြောင်းလဲ အသုံးပြုနိုင်သည်။ Touch screen ပါဝင်သည်။ အားနည်းချက်မှာ အခြား chromebook များထက် display ရုပ်ထွက်အရည် အသွေးနိမ့်ပါးသည်။ Asus Chromebook Flip ၏ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၁၉ ဖြစ်သည်။
Dell Precision 15 5000 Series (5510)
Dell Precision 15 5000 Series သည် ပါးလွှာခိုင်ခံ့သော တန်ဖိုးကြီး laptop တစ်မျိုးဖြစ်သည်။ ၎င်းတွင်ပါဝင်သော 4K touch display သည် အသွေးအရောင်များ ကောင်းမွန်သည်။ USB-C port နှင့်အတူ Thunder bolt 3 ပါဝင်ကာ စွမ်းဆောင်ရည်မြန်ဆန်သည်။ ဘက်ထရီသက်တမ်းမှာ ထင်သလောက် ကောင်းမွန်ခြင်း မရှိပေ။ Laptop ၏ကိုယ်ထည်ကို အလုံပိတ်ထားသည်။ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁,၃၉၉ ရှိသည်။
Dell XPS 13 Touch (2016)
အလွန်ကျစ်လျစ်သောဘေးဘောင်ပါဝင်ပြီး laptop ကို ကာဗွန်ဖိုင်ဘာနှင့် အလူမီနီယမ်တို့ဖြင့်တည်ဆောက်ထားသည်။ Dell XPS 13 တွင် QHD+ (3,200x1,800 ရုပ်ထွက်အရည်အသွေး) အသုံးပြုထားသည်။ Thunder port 3 နှင့်အတူ USB-C port ပါဝင်သည်။ ဘက်ထရီသက်တမ်းစမ်းသပ်မှုအရ ၉ နာရီခန့်အသုံးပြုနိုင်ကြောင်း သိရသည်။ အားနည်းချက်မှာ ပြင်ပ display များနှင့်ချိတ်ဆက်ရန် adapter များမရှိမဖြစ်လိုအပ်လာသည်။ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁,၄၉၉ ဖြစ်သည်။
Microsoft Surface Book
Microsoft Surface Book တွင် လိုအပ်သလိုအသုံးပြုနိုင်ရန် ဖြုတ်နိုင်တပ်နိုင်သော hybrid ဒီဇိုင်းကို အသုံးပြုထားသည်။ ထို့ကြောင့် tablet သို့မဟုတ် laptop အဖြစ်လည်း ပြောင်းလဲ အသုံးပြုနိုင်သည်။ ၎င်းကို တန်ဖိုးကြီးအရာများနှင့် တည်ဆောက်ထားသည်။ ရုပ်ထွက်အရည်အသွေးမှာ 3,000x2,000 ဖြစ်သည်။ ဘက်ထရီသက်တမ်း စမ်းသပ်မှုများအရ ၁၅ နာရီကျော်အထိ laptop ကိုအသုံးပြုနိုင်ကြောင်းသိရှိရသည်။ ထို့အပြင် တစ်ပါတည်းပါဝင်သော bloatware လည်းမပါဝင်ပေ။ ၎င်း၏ အားနည်းချက်မှာ ဈေးနှုန်းအလွန်မြင့်မားပြီး (ကန်ဒေါ်လာ ၁,၄၄၁.၉၉) tablet ကိုယ်ထည်၌ port များပါဝင်ခြင်းမရှိပေ။
Acer Aspire R 14 (R5-471T-52EE)
မျက်နှာပြင် ၁၄ လက်မအရွယ်ရှိ Acer Aspire R 14 သည် ဈေးနှုန်းသင့်တင့်ကာ ကျစ်လျစ်သောဒီဇိုင်းရှိသည်။ ၎င်း laptop သည်ခေါက်နိုင်ပြီး Full 1080p HD touch မျက်နှာပြင်ပါဝင်လာသည်။ ထို့အပြင် USB-C port နှင့်မျက်နှာပြင်ကို အနေအထား အမျိုးမျိုးအတွက် စတီရီယိုစပီကာများပါဝင်သည်။ အထူးသဖြင့် ၎င်း၏စွမ်းဆောင်ရည်မှာ 3D ဂိမ်းများကစားရာတွင် အလွန် ကောင်းမွန်သည်။ ဘက်ထရီသက်တမ်းမှာလည်း တာရှည်ခံသည်။ အားနည်းချက်မှာ tablet အဖြစ်အသုံးပြုရာတွင် အလွန်ထူထဲကြီးမားသည်။ Bloatware များစွာပါဝင်သည်။ တန်ဖိုးမှာ ကန်ဒေါ်လာ ၆၉၉.၉၉ ဖြစ်သည်။
Apple MacBook Pro 13-Inch, Retina Display (2015)
စမ်းသပ်မှုများစွာအရ ဘက်ထရီသက်တမ်းမှာ ၁၁ နာရီကျော် အသုံးပြုနိုင်ကြောင်းသိရသည်။ 1080p ရုပ်ထွက်အရည်အသွေးထက် မြင့်မားသော Retina display မှာသာလွန်ထူးခြားသည်။ Thun-derbolt 2 port ၂ ခုနှင့် HDMI port တို့ပါဝင်သည်။ iLife နှင့် iWork software suite များပါဝင်လာသည်။ အဆင့်မြှင့်တင်မှုပြုလုပ်ထားသော Apple MacBook Pro တွင် Flash storage ပမာဏမှာ 128GB ရှိသည်။ Ethernet အသုံးပြုရန် adapter လိုအပ်သည်။ ထုတ်ကုန်အနည်းငယ်တွင်သာ ပါဝင်သော Force Touch trackpad ကိုအသုံးပြုရန် အချိန်အနည်းငယ်ယူရမည်ဖြစ်သည်။ မျက်နှာပြင် ၁၃ လက်မအရွယ်ရှိ Apple MacBook Pro တွင် အသေးစားအဆင့်မြှင့်တင်မှုအဖြစ် ပဉ္စမမြောက် Intel Core i5 ပရိုဆက်ဆာနှင့် Force Touch trackpad တို့ပါဝင်လာသည်။ ၎င်းကို ကန်ဒေါ်လာ ၁,၁၆၉ ဖြင့်ရောင်းချလျက်ရှိသည်။
Dell Inspiron 11 3000 Series 2-in-1 Special Edition (3153)
အဆိုပါ laptop သည် ဆွဲဆောင်မှုရှိပြီး ခေါက်ထားနိုင်သော ဒီဇိုင်းကိုအသုံးပြုထားသည်။ ကီးဘုတ်နှင့် touchpad မှာကောင်းမွန်သည်။ ထို့အပြင်မြန်နှုန်းမြင့် Intel Core i3 ပရိုဆက်ဆာနှင့် 4GB memory အပြင် Solid-state drive (SSD) ကိုအသုံးပြုထားပြီး Dual-band 802.11 ac Wi-Fi ပါဝင်လာသည်။ Dell Inspiron 11 3000 Series 2-in-1 Special Edition သည် hybrid ထုတ်ကုန်များအနက် ဈေးနှုန်းမြင့်မားသည်။ ၎င်း၏ display မှာအလင်းပြန်ကာ မြန်နှုန်းမြင့် အရာများဖြင့် တည်ဆောက်ထားသောကြောင့် ဘက်ထရီသက်တမ်း တာရှည်ခံခြင်းမရှိပေ။ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၅၉၉ ဖြစ်သည်။
Lenovo IdeaPad 100S-11 (80R2003XUS)
အလွန်ဈေးနှုန်းသက်သာပြီး ပေါ့ပါးခိုင်ခံ့မှုရှိစေရန် တည်ဆောက်ထားသည်။ ဘက်ထရီသက်တမ်းစမ်းသပ်မှုတွင် အလွန်ကောင်းမွန်သည်။ အားနည်းချက်မှာ Windows 32-bit OS ကိုအသုံးပြုထားသည်။ Laptop ၏ display ရှုထောင့်များမှာ ကျဉ်းမြောင်းသည်။ ကီးဘုတ်ခလုတ်များမှာ ပျော့ပျောင်းပြီး စွမ်းဆောင်ရည်မှာ သာမန်အဆင့်မျှသာ ရှိသည်။ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၄၉.၉၉ ရှိသည်။
Razer Blade Stealth (QHD)
Razer Blade Stealth သည် တန်ဖိုးကြီး laptop တစ်မျိုးဖြစ်ပြီး ကျစ်လျစ်မှုလည်းရှိသည်။ ၎င်း၏ QHD touch display မှာ အရောင်အသွေးတောက်ပသည်။ ကီးဘုတ်တွင် နောက်ခံမီးရောင်များ ပါဝင်သည်။ Laptop ၏စွမ်းဆောင်ရည်မှာမြန်ဆန်သည်။ အားနည်းချက်မှာ ကီးဘုတ်ခလုတ်များပျော့ပျောင်းသည်။ အလွယ်တကူ သယ်ဆောင်သွားနိုင်သော laptop အတွက်မူ ဘက်ထရီသက်တမ်းမှာ တိုတောင်းလွန်းသည်။ Razer Blade Stealth (QHD) သည် external amplifier မပါဝင်ဘဲ အရည်အသွေးမြင့်ဂိမ်းများမကစားနိုင်ပေ။ ဈေးနှုန်းမှာ ၁,၁၉၉.၉၉ ဖြစ်သည်။
MSI GT72 Dominator Pro G-1438
နောက်ဆုံးပေါ် Intel Core i7 ပရိုဆက်ဆာနှင့် Nvidia GeForce GTX graphics အသုံးပြုထားသည်။ Windows 8.1 gesture များ အသုံးပြုနိုင်သော touchpad ပါဝင်သည်။ G-sync နည်းပညာသည် 3D ရုပ်ထွက်များကို ပြေပြစ်စွာဖော်ပြပေးသည်။ အခြား ၎င်း၏ပြိုင်ဘက် အများအပြား၏ ထုတ်ကုန်ရုပ်ထွက် အရည်အသွေးမှာ မြင့်မားသည်။ Preload app များစွာပါဝင်သည်။
Credit-စိုးထက်( Internetjournal)
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!