အမေရိကန် Chipmaker တစ်ယောက်ဖြစ်တဲ့ Intel CEO ဟောင်း Andy Grove ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အသက်၇၉နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ Intel ရဲ့ပြောကြားချက်အရ သိရပါတယ်။
Intel ဟာ ယခုခေတ် စမတ်ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ လက်ပ်တော့တွေပြုလုပ်နိုင်ခဲ့တဲ့ အဓိကပြုလုပ်ဆောင်ရွက်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Grove ဟာ Intel ကုမ္ပဏီမှာ အသက် ၃၇နှစ်အရွယ်ကတည်းက အလုပ်လုပ်ခဲ့တာဖြစ်ပြီး မော်ဒန်ကွန်ပျူတာတွေရဲ့ အသက်ဖြစ်တဲ့ Intel Chips တွေကို ရှာဖွေဖော်ထုတ်ခဲ့တဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။
သူ့ရဲ့ သေဆုံးမှုအပေါ် Apple ရဲ့ CEO ဖြစ်သူ Tim Cook နဲ့ Microsoft ရဲ့ CEO ဖြစ်သူ Satya Nadella တို့ကလည်း ဝမ်းနည်းကြောင်းစကားတွေကို Twitter စာမျက်နှာတွေပေါ်မှာ အသီးသီးဖော်ပြခဲ့ကြပါတယ်။

Intel ကလည်းသူ့ကို နည်းပညာလောကမှာ လွှမ်းမိုးမှုအရှိဆုံး သူတွေထဲက တစ်ဦးအဖြစ် ဖော်ပြခဲ့ပါတယ်။ “ကျွန်တော်တို့အနေနဲ့ Intel ရဲ့ ဥက္ကဌနဲ့ CEO ဟောင်းဖြစ်တဲ့ Andy Grove ကွယ်လွန်သွားခြင်းအပေါ် အရမ်းဝမ်းနည်းမိပါတယ်” လို့ CEO ဖြစ်သူ Brian Krzanich ကဆိုခဲ့တာပါ။
Andrew Grove ကို ၁၉၃၆ ခုနှစ်မှာ ဘူဒါပတ်စ်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၅၆/၅၇ခုနှစ်မှာ နာဇီဒုက္ခသည် တစ်ယောက်အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ရွှေ့ပြောင်းနေထိုင်ခဲ့တာပါ။ သူဟာ ၁၉၆၈ခုနှစ်မှာ Intel ကုမ္ပဏီမှာစတင်အလုပ်လုပ်ကိုင်ခဲ့ပြီး ၁၉၈၇ခုနှစ်မှာ Intel ရဲ့ ဥက္ကဌနဲ့ CEO ဖြစ်လာခဲ့ပါတယ်။
သူ့အနေနဲ့ ပါကစ္စတန်က ကင်ဆာရောဂါရှာဖွေသုတေသနပြုရေးမှာ ရောဂါတွေရှာဖွေစမ်းသပ်ဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာလှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၅၇နှစ်အရွယ်မှာ Eva နဲ့ လက်ထပ်ခဲ့ပြီး သမီးနှစ်ယောက်ထွန်းကားခဲ့တာဖြစ်ပါတယ်။
Ref: Mirror
Credit - digitaltimes.com.mm
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ။ { ဒီမှာ Like နှိပ်ပါ }မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
Post a Comment