၂၀၁၅ ခုနှစ်မှာ Google ဟာ Now on Tap ဆိုတဲ့ feature တစ်ခုကို Google Now မှာ ထပ်မံထည့်သွင်းပေးခဲ့ပါတယ်။ Now on Tap ဟာ app တစ်ခုခုထဲ ၀င်နေရင်းနဲ့၊ ကိုယ်မသိတာတွေ့လို့ ရှာချင်တဲ့အခါ app အပြင်ထွက်စရာမလိုဘဲ၊ Home ခလုတ်ကို ဖိထားလိုက်ရုံနဲ့ ဖုန်းတွင်း screen မှာပေါ်နေတဲ့အရာတွေကို (ဥပမာ – သူငယ်ချင်းတစ်ယောက်က မက်ဆေ့ပို့လိုက်တဲ့ စားသောက်ဆိုင်တစ်ဆိုင်) အလိုလိုရှာဖွေမှုလုပ်ပေးနိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။
အခုအခါမှာတော့ Google ဟာ OCR လို့ခေါ်တဲ့ ပုံရိပ်စာသားဖတ်နည်းပညာတစ်ခုကို Google Now on Tap မှာ ထပ်မံထည့်သွင်းပေးလိုက်ပြန်ပါတယ်။
ဒီ feature ကို အသုံးပြုပုံကတော့ ကိုယ်အပြင်မှာတွေ့နေရတဲ့ ဓာတ်ပုံတစ်ပုံပုံက စာသား၊ ဒါမှမဟုတ် စာသားတစ်ခုခုကို သိချင်တဲ့အခါ ဖုန်းကင်မရာကနေ ဓာတ်ပုံရိုက်ပြီး၊ ဓာတ်ပုံကိုဖွင့်လိုက်ပါ။ ထို့နောက် Home ခလုတ်ကို ဖိထားလိုက်ရုံနဲ့ Google က အဆိုပါပုံပါ စာသားအကြောင်းအရာကို အလိုအလျောက်ရှာဖွေမှု ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့၊ ဒီ OCR feature ကို ဖုန်းအမျိုးအစားအကုန်လုံးမှာမရရှိသေးဘဲ၊ Android 6.0 Marshmallow တင်ထားတဲ့ တစ်ချို့ဖုန်းတွေမှာပဲ ရရှိတာကို တွေ့ရပါတယ်။
ရှာဖွေမှုရလဒ်တွေက အခုချိန်မှာ ပြီးပြည့်စုံကောင်းမွန်မှု မရှိသေးပေမယ့်၊ တကယ်အသုံးဝင်တဲ့ feature အသစ်တစ်ခုဖြစ်ပြီး၊ Google က ပြင်ဆင်မွမ်းမံမှုတွေ လုပ်ဦးမှာဖြစ်ပါတယ်။
Ref: Android Police
Credit to digitaltimes
www.nyilattun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!