လူမှုကွန်ရက်မှာ အသုံးပြုနေတဲ့ ဗန်းစကားတွေကို ပေါင်းစုပြီး အဘိဓာန်တစ်ခုထုတ်လုပ်ဖို့ Facebook စီစဉ်နေ
Facebook ဟာဆိုရင်တော့ ဆိုရှယ်နက်ဝက်မှာ အသုံးပြုနေတဲ့ စကားလုံးသစ်တွေ ၊ လူမှုကွန်ရက်
အသုံးအနှုန်းတွေ ၊ ဗန်းစကားတွေကို စုစည်းထားမယ့် အဘိဓာန်တစ်ခုကို ထုတ်လုပ်ဖို့အတွက်
မှတ်ပုံတင်မှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။
ဒီရဲ့ အစီအစဉ်ကတော့ လုပ်ဆောင်ဆဲကာလမှာသာရှိနေသေးပြီး တကယ်ထုတ်လုပ်ဖြစ်/မဖြစ်ကတော့ မသေချာသေးပါဘူး။ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတဲ့ ဗန်းစကားတွေကို တစ်ခြားဘာသာစကားတစ်ခုအနေနဲ့ မရပ်တည်ခင်မှာ Facebook က အခုလိုပဲ အဘိဓာန်တစ်ခု ထုတ်လုပ်ဖို့ အကြံဥာဏ်ရရှိလာခဲ့တာဖြစ်ပါတယ်။
တကယ်ကို လူတွေအကျယ်ပြန့်ဆုံး အသုံးပြုလာတဲ့ ဗန်းစကားတွေကို Facebook က စောင့်ကြည့်သွားမှာဖြစ်ပြီး ဒီရဲ့ စကားလုံးအသစ်ဟာ “ဘာရည်ရွယ်ချက် ၊ ဘာအဓိပ္ပာယ်အတွက် အသုံးပြုတယ်” “လူတွေကရော အသုံးများရဲ့လား”ဆိုတာမျိုးတွေကို လေ့လာသွားမှာပါ။ အကယ်လို့ ခိုင်လုံလာတဲ့ စကားအသုံးအနှုန်းတစ်ခုဖြစ်သွားရင်တော့ သူ့ရဲ့ ဗန်းစကားအဘိဓာန်သစ်ထဲကို အမြဲတမ်း ပေါင်းထည့်သွင်းပေးသွားဖို့ စီစဉ်ထားတာဖြစ်တယ်လို့ Business Insider ရဲ့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
လောလောဆယ်မှာတော့ အင်္ဂလိပ် ဘာသာစကားအတွက် Facebook က စတင်လေ့လာနေပြီဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ “ခေး , ကွီး , ညေး , ၈၈၃၄, တျောက် , ခွက်ဒစ်” စတဲ့ အသုံးအနှုန်းတွေကို ဗန်းစကားအဘိဓာန်ထဲထည့်ဖို့ ဖြစ်လာလောက်ပါတယ်။
Ref : Metro
Digitaltimes
www.nyilattun.com
15Mar2016
Post a Comment