Facebook က Canvas ဟု အမည်ပေးထားသော မိုဘိုင်းကြော်ညာ ပလက်ဖောင်းတစ်ခုကို ပြုလုပ်ပေးလိုက်ပါသည်။ မိုဘိုင်းဖုန်းများတွင် ကြည့်ရှုရ အဆင်ပြေစေရန် ပုံစံထုတ်ထားပြီး Load ပြုလုပ်ရာတွင်လည်း အလွန်လျှင်မြန်ပါသည်။ ကုမ္ပဏီများက ကြော်ညာတွင် ဓါတ်ပုံ၊ စာသား၊ ဗီဒီယို စသည့် အရာများအားလုံးကို ထည့်သွင်းနိုင်မည်ဖြစ်သည်။
Canvas Ads သည် လူမှုကွန်ရက်အတွင်းမှာပင် သတင်း၊ ဆောင်းပါး အပြည့်အစုံကို ဖတ်ရှုနိုင်ရန် ပုံစံထုတ်ထားသည့် Instant Articles နှင့် ဆင်တူပါသည်။ Canvas Ads ကို နှိပ်လျှင် မျက်နှာပြင် အပြည့်ဖြင့် ကြော်ညာကို ပြသပေးမည်ဖြစ်သည်။ မျက်နှာပြင်ကို Scroll ပြုလုပ်၍ ကြော်ညာကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ ကြော်ညာကို ပိတ်လိုလျှင် Back Button သို့မဟုတ် စကရင်ထိပ်မှ ကြက်ခြေခတ်ခလုတ်ကို နှိပ်ရမည်ဖြစ်သည်။ ထို့နောက်တွင် မူလ News Feed သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
Canvas Ads များကို အခြား ကြော်ညာများကဲ့သို့ပင် News Feed တွင် ပြသပေးမည်ဖြစ်သည်။ Canvas Ads များသည် ကုမ္ပဏီများအတွက် ပိုမိုကောင်းမွန်သော ကြော်ညာ အတွေ့အကြုံကို ရရှိစေမည်ဖြစ်သကဲ့သို့ ကြည့်ရှုသူများအတွက်လည်း လျှင်မြန်သည့် အကျိုးကျေးဇူးကို ရရှိမည်ဖြစ်သည်။ Canvas Ads သည် မိုဘိုင်းဖုန်းများအတွက်သာဖြစ်ပြီး Android , iOS Device များတွင် တွေ့မြင်နိုင်မည်ဖြစ်သည်။

Credit to  Digital Life journal
March 1, 2016


                                                               ညီလတ်ထွန်း(ဘီအမ်း)

                                                        www.nyilattun.com