May 25, 202510:11:15 PM

ကလေးများ အရုပ်ထက် မျက်နှာပြင်တွေကိုသာ ပိုမိုနှစ်သက်လာကြောင်းသိရ

 
ဗြိတိန်သုတေသနတစ်ခုအရ ကလေးငယ်တွေဟာ Teddy Bear တွေထက်စာလို့ရှိရင် Tablet တွေကိုပိုမို ကြိုက်နှစ်သက်လာကြတယ်လို့ လေ့လာချက်ကဖော်ပြခဲ့ပါတယ်။ အံ့အားသင့်စရာကောင်းအောင် အသက်နှစ်နှစ်ကနေ သုံးနှစ်ကြားကလေးငယ်တွေဟာ သာမန်အရုပ်တွေမရှိတော့ပဲ စမတ်ဖုန်းတွေနဲ့ တက်ဘလက်တွေကိုသာ ပိုမိုနှစ်သက်သဘောကျလာတာလဲ ဖြစ်ပါတယ်။
TABLET than a teddy bear1
ဒီဆာဗေးကို ဗြိတိသျှစစ်ဘက်ဆိုင်ရာဖွံ့ဖြိုးမှုအဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အသက်၁၃နှစ်အောက်ကလေးငယ်တွေကိုလေ့လာပြီး သုတေသနပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီအပြင် ကလေးဆယ်ယောက်မှာ ဘောလုံး တစ်လုံးစီရှိမနေပေမယ့် အဆိုပါဆယ်ဦးလုံးမှာပဲ PlayStation ဒါမှမဟုတ် Xbox ဂိမ်းစက် တစ်လုံးစီရှိနေတာလည်းဖြစ်ပါတယ်။
အဆိုပါကလေးတွေရဲ့ သုံးပုံနှစ်ပုံ ဟာ Selfie ဘယ်လိုရိုက်ရမလဲဆိုတာ ကောင်းကောင်းသိပေမယ့် သုံးပုံတစ်ပုံကတော့ စက်ဘီးကောင်းကောင်းမစီးတတ်ပဲ၊ တစ်ဝက်ကျော်လောက်က ကြိုးခုန်မှုနဲ့ သစ်ပင်တက်မှုတွေ မလုပ်တတ်တော့တာဖြစ်ပါတယ်။ အဲ့ဒီအပြင် ကလေးတွေရဲ့ သုံးပုံနှစ်ပုံဟာ Candy Crush ဂိမ်းရဲ့ Level တော်တော်များများကို ဖြတ်ကျော်ခဲ့ပေမယ့် တစ်ဝက်နီးပါးလောက်ဟာ နာရီကြီးတွေနဲ့ သာမန်နာရီတွေကိုတောင် မကြည့်တတ်တော့ပါဘူး။

TABLET than a teddy bear2


လေ့လာသူတွေရဲ့ ကမ်ပိန်းရလဒ်အရ အီစတာအားလပ်ရက်ပိတ်ရက်တွေမှာ ကလေးတွေအနေနဲ့ နှစ်ပတ်အနားယူချိန်ထဲက ခြောက်ရက်၊ ၁၈နာရီနဲ့ မိနစ် ၄၀လောက်ကို Screen တွေပေါ်မှာပဲ အချိန်ဖြုန်းလာတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီလိုဖြစ်လာတာကြောင့် ကလေးတွေအနေနဲ့ Virtual Friend တွေသာ ရှိတော့တာဖြစ်ပြီး ကျောင်းကလူမှုရေးဆိုင်ရာတွေနဲ့ အပြင်ပိုင်းဆိုင်ရာကိစ္စရပ်တွေမှာ အားနည်းလာတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ကလေးတွေကို Virtual မျက်နှာပြင်တွေပေါ်မှာ အချိန်ကုန်ဆုံးစေတာဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်မဟုတ်ပဲ၊ ကလေးတွေရဲ့ ကိုယ်လက်လှုပ်ရှားတဲ့ အားကစား၊ ကျန်းမာရေးတွေအပေါ်ကို ထိခိုက်နိုင်တာလဲဖြစ်ပါတယ်။

Ref: Mirror
Credit  Digitaltimes

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.