Ooredoo
၏ တိုင်းတာချက်အရ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုမှုသည်
၂၀၁၅ ခုနှစ် နောက်ဆုံးလေးလ၌ တစ်ဦးချင်းစီ၏ အသုံးပြုမှုပမာဏမှာ တစ်လလျှင်
ပျမ်းမျှ 581MB ရှိခဲ့ပြီး အဆိုပါပမာဏသည် ဥရောပရှိ မိုဘိုင်းဖုန်းအင်တာနက်
အသုံးပြုသည့် ပမာဏနှင့် တူညီမှုရှိနေသည်ဟု သိရသည်။
Ooredoo ၏ ဆက်သွယ်ရေး ကွန်ရက်၌ အသုံးပြုသူ ၆ သန်းနီးပါးရှိပြီး အဆိုပါ အသုံးပြုသူအနက် ၈၆ ရာခိုင်နှုန်းသည် အင်တာနက် အသုံးပြုသူများဖြစ်ကြသည်ဟု သိရသည်။ အလားတူ မိုဘိုင်းဖုန်းနှင့် အင်တာနက်အသုံးပြုခြင်းသည်လည်း ၅ ဆခန့် မြင့်တက်လာခဲ့သည်ဟု Ooredoo က ထုတ်ပြန်ခဲ့သည်။
Telenor ၏ စစ်တမ်းများအရ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုသည် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်နေသည့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့ကို ယှဉ်ပြိုင်နိုင်သည်ဟု သိရသည်။ ၂၀၁၅ ခုနှစ် စတုတ္ထသုံးလပတ် စစ်တမ်းအရ Telenor က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ဆင်းမ်ကတ်အသုံးပြုသူ ၁၄ သန်းအနက် ၅၂ ရာခိုင်နှုန်းသည် မိုဘိုင်းအင်တာနက်စနစ်ကို အသုံးပြုနေကြခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ် နှစ်အစပိုင်းတွင် ဆင်းမ်ကတ် ၁.၇ သန်းခန့် အင်တာနက်စနစ်ကို အသုံးပြုနေကြသည်ဟု Telenor က သတင်းထုတ်ပြန်ခဲ့ပြီး ယခုအခါ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြု မှု ၅ ဆခန့် တိုးတက်လာခဲ့သည်ဟု Ooredoo ကလည်း သတင်းထုတ်ပြန်ထားသည်။
Credit Internetjournal
သီဟထိုက်
www.thihahtike.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!