June 6, 2025

လူငယ်ကြိုက် app တစ်ခုဖြစ်တဲ့ Bitstrips ကို ကန်ဒေါ်လာ သန်း ၁၀၀ နဲ့ Snapchat ၀ယ်ယူ


 
သင့် Facebook သူငယ်ချင်းတွေထဲမှာ သူတို့နဲ့ တထေရာတည်းတူတဲ့ ကာတွန်းပုံလေးတွေကို ဇာတ်လမ်းဆင် တင်တတ်တဲ့သူတွေရှိရင် Bitstrips ဆိုတဲ့ app ကို သိမှာပါ။

အခုအခါ မက်ဆေ့ပို့အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Snapchat ဟာ Bitstrips ကို ၀ယ်ယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ငွေဘယ်လောက်ပမာဏနဲ့ ၀ယ်ယူခဲ့လဲဆိုတာ နှစ်ဘက်လုံးက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေမယ့်၊ အတွင်းသတင်းရင်းမြစ်တွေအရ ဒေါ်လာ သန်း ၁၀၀ နဲ့ ၀ယ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Bitstrips သုံးမယ်ဆိုရင် ပထမဆုံး ကိုယ်နဲ့ တစ်ထေရာတည်းနီးပါးတူတဲ့ ကာတွန်းရုပ်တစ်ရုပ်ကို app ကနေ ကိုယ်တိုင်ဖန်တီးပေးရမှာဖြစ်ပါတယ်။ ကိုယ်နဲ့တူတဲ့ ကာတွန်းရုပ်ရလာပြီဆိုရင် ကိုယ့်ရဲ့ လက်ရှိခံစားချက်လေး တွေကို ရုပ်ပြဇာတ်လမ်းပုံစံ၊ ပုံဖော်နိုင်တဲ့ app ဖြစ်ပါတယ်။

ဒီ comic strips တွေကို ဖန်တီးပြီးသွားတဲ့အခါ၊ Bitstrips app မှာ ဖြစ်စေ၊ Facebook ပေါ်မှာ ဖြစ်စေ တင်နိုင်သလို၊ ကိုယ့် Friends တွေထဲမှာ Bitstrips သုံးသူတွေရှိရင်၊ သူတို့ရဲ့ ကာတွန်းပုံတွေနဲ့အတူ ဇာတ်လမ်းဆင် ဖော်ပြနိုင်ပါတယ်။

ဒီလို ထူးခြားတဲ့ app တစ်ခုဖြစ်တဲ့ Bitstrips ကို ယခုအခါ Snapchat က ၀ယ်ယူလိုက်ပြီဖြစ်လို့၊ နောက်မကြာမီမှာ Bitstrips ရဲ့ ၀န်ဆောင်မှုတွေကို Snapchat ပလက်ဖောင်းမှာ မြင်တွေ့လာဖွယ် ရှိနေပါတယ်။

Ref: Tech Crunch
Credit - Digitaltimes

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.