သင့်ရဲ့ လက်ရှိ စမတ်ဖုန်းကို ကိုင်နေတာ နှစ်နှစ်လောက်ရှိပြီဆိုရင်တော့ ဟောင်းနွမ်းတဲ့ ပုံပန်းသွင်ပြင်ဖြစ်နေမှာပါ။ သင့်ရဲ့ ဖုန်းအဟောင်းဟာ Android Updates မရဘူးဆိုရင်တောင် သူ့ရဲ့ ပုံပန်းသွင်ပြင်ကို အသစ်အတိုင်းပြန်ဖြစ်အောင် ဒါမှမဟုတ် ဆန်းသစ်သွားအောင် ပြုလုပ်နိုင်ပါတယ်။ အောက်မှာတော့ သင့်ရဲ့ ဖုန်းကို ပြန်ပြီးလန်းသွားအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
Factory Reset လုပ်ပါ။
သင့်ရဲ့ ဖုန်းကို တစ်ဖန်ဆန်းသစ်အောင် လုပ်ဖို့ဆိုရင်တော့ အရင်ဆုံး Factory Reset လုပ်ရမှာပါ။ ပြီးရင်တော့ ဖုန်းအသစ်လေး ရရှိသလို ခံစားရမှာပါ။ ဒါ့အပြင် စွမ်းဆောင်ရည်လည်း ပိုမိုကောင်းမွန်လာပြီး နှေးကွေးမှုများကိုလည်း ဖယ်ရှားပေးမှာပါ။ Factory Reset လုပ်ရင် သင့်ရဲ့ ဒေတာများနဲ့ Settings ကို ဖျက်ပစ်မှာဖြစ်တဲ့အတွက် မလုပ်ခင်မှာ Backup လုပ်ထားဖို့ အရေးကြီးပါတယ်။
Root လုပ်ပါ။
ဖုန်းအဟောင်းတွေရဲ့ ဖုန်းအသစ်တွေထက် အားသာချက်က ကောင်းကောင်း ကလိနိုင်တာပါ။ အချိန်အတော်ကြာ အသုံးပြုပြီးပြီဖြစ်တဲ့အတွက် ပျက်ဆီးသွားလည်း အရေးမဟုတ်တော့ပါဘူး။ အဲဒီအတွက် ဖုန်းအဟောင်းတွေကို Root လုပ်သင့်ပါတယ်။ ဖုန်းအသစ်ဆိုရင်တော့ Root လုပ်ဖို့ စဉ်းစားရမှာပါ။ Warranty ပျက်သွားနိုင်ပါတယ်။ Root လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုက Custom ROMs များကို အင်စတောလုပ်နိုင်တာဖြစ်ပါတယ်။ သင့်ရဲ့ ဖုန်းအဟောင်းမှာ Android Update မရတော့ရင် Custom ROMs များကို အင်စတောလုပ်ခြင်းဖြင့် နောက်ဆုံးထုတ် Android ကို ခံစားနိုင်မှာပါ။ Root လုပ်နည်းများမှာ ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူညီတဲ့အတွက် အွန်လိုင်းမှာ ရှာဖွေပါ။
Theme များကို အသုံးပြုပါ။
Themes , Launchers , Icons များဟာ သင့်ဖုန်းရဲ့ ပုံပန်းသွင်ပြင်ကို လုံးဝပြောင်းပေးနိုင်ပါတယ်။ သင့်ဖုန်းကို Customize လုပ်ရတာ ပျော်စရာပါ။ နောက်ပြီး အန္တရာယ်လည်း မရှိပါဘူး။ သူတို့ကို အသုံးပြုဖို့ Root လုပ်ဖို့တောင် မလိုပါဘူး။ နောက်ဆုံး အသုံးမပြုချင်တော့ရင် Uninstall လုပ်လိုက်ရုံပါပဲ။ Launcher နဲ့ Icon Packs များစွာ ရှိပါတယ်။ User-Made Themes အမြောက်အများပါတာကို သုံးချင်ရင်တော့ Buzz Launcher ကို အောက်ပါ လင့်ကနေ ရယူပါ။
Case အသုံးပြုပါ။
အလွန်လှပတဲ့ Case များကို အသုံးပြုခြင်းကလည်း သင့်ဖုန်းကို အသစ်တစ်ဖန် ပြန်လည် ဆန်းသစ်သွားစေပါတယ်။ သင့်ရဲ့ ဖုန်းမော်ဒယ်နဲ့ ကိုက်ညီတဲ့ Case ကို ဖုန်းရောင်းတဲ့ ဆိုင်တော်တော်များများမှာ မေးမြန်းဝယ်ယူနိုင်ပါတယ်။
Wireless Charger သို့မဟုတ် External Battery Pack ကို ၀ယ်ယူပါ။
သင့်ရဲ့ ဖုန်းကို အကြိမ်တစ်ထောင်လောက် အားသွင်းပြီးရင်တော့ စွမ်းဆောင်ရည် ကျဆင်းလာပါပြီ။ အဲဒီအတွက် ဖုန်းအဟောင်းများအတွက် External Battery Pack များကို ၀ယ်ယူအသုံးပြုသင့်ပါတယ်။ ဒါမှမဟုတ် ဘက်ထရီပါတဲ့ Case ကို ၀ယ်ယူပါ။ သင့်ရဲ့ ဖုန်းဟာ Wireless Charging ကို ထောက်ပံ့ရင် Charging Dock ကို အသုံးပြုနိုင်ပါတယ်။ ဒါတွေကို အသုံးပြုရင်တော့ သင့်ဖုန်းအဟောင်းဟာ ဖုန်းအသစ်လို ပြန်လည် စွမ်းဆောင်ရည်မြင့်မားလာမှာပါ။
Credit:THU YA
www.blog.myanmardigitallife.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!