
TWRP Recovery 3.0.0 ကို Fastboot Mode ဖြင့် ထည့်သွင်းနည်းကို
Android ချစ်ပရိတ်သတ်များနဲ့ ဖုန်းကလစ်သူ Service သများတိုင်းအတွက်
အလွယ်တကူ လေ့လာလို့ရအောင် ကျနော်ရှာဖွေတွေ့ရှိမိတာလေးကို
ဘာသာပြန်ပြီး မျှဝေပေးလိုက်ပါတယ်။
TWRP Recovery ဆိုတာကိုတော့ အထူးပြောနေစရာမလိုလောက်တော့ဖူးလို့
ထင်ပါတယ်၊ အတိုချုပ်ပြောရရင်တော့ အခုလက်ရှိထွက်လာတဲ့ TWRP Recovery 3.0.0 က
Android စမတ်ဖုန်းတွေရဲ့ Custom Revovery အတွက် အကောင်းဆုံး ဖြစ်နေပါတယ်။
Android Version တွေဖြစ်တဲ့ Jellybean, KitKat, Lollipop, marshmallow အတွက်
အကောင်းဆုံး အလုပ်လုပ်ပေးနိုင်တာပဲဖြစ်ပါတယ်၊TWRP Recovery 3.0.0 ဟာ တစ်ခြား
နာမည်ကြီး CMW, Phizl နဲ့အတူ နာမည်ကြီး Recovery Project တစ်ခုဖြစ်ပါတယ်။
နောက်ဆုံးဗားရှင်းအနေဖြင့် ထွက်ရှိလာတဲ့ ဒီ TWRP recovery 3.0.0 ကတော့
Android စမတ်ဖုန်းအားလုံးအတွက် theme အလှတွေနဲ့ features ကောင်းများဖြင့်
တာထွက်လာခဲ့တာပဲဖြစ်ပါတယ်။
ဖုန်း Brand များတွေထဲ ဘယ်ဖုန်းအမျိုးအစားကိုမဆို Android မှန်ရင်တော့
Root လုပ်ရန်၊ Custom Rom တင်ရန် စတဲ့ Development process ကို
ကောင်းကောင်းအလုပ်လုပ်ချင်တယ်ဆိုရင်တော့ ကျနော်တို့ရဲ့ဖုန်းမှာ
Custom recovery ကိုတော့ ထည့်သွင်းအသုံးပြုကြရမှာပဲဖြစ်ပါတယ်။
ဒီတော့ခါ သင့်အတွက် နောက်ဆုံးဗားရှင်းအဖြစ်ထွက်ရှိလာတဲ့
TWRP recovery 3.0.0 လေးကိုဆောင်ထားရင်တော့ ဖုန်းတစ်လုံးကို
Developer တစ်ယောက်ကဲ့သို့ စိတ်ကြိုက်ကလစ်ယူနိုင်မှာပဲဖြစ်ပါတယ်။
Features of TWRP Recovery 3.0.0
========================
1.Completely new theme – Much more modern and much nicer looking
2.True Terminal Emulator – Includes arrow keys, tab and tab completion, etc.
3.Language translation – It won’t be perfect and especially some languages that require large font files like Chinese & Japanese won’t be available on most devices. Also, some languages may only be partially translated at this time. Feel free to submit more translations to OmniROM’s Gerrit.
4.Flashing of sparse images – On select devices you will be able to flash some parts of factory images via the TWRP GUI
5.Adopted storage support for select devices – TWRP can now decrypt adopted storage partitions from Marshmallow
6.Reworked graphics to bring us more up to date with AOSP – includes support for adf and drm graphics
7.SuperSU prompt will no longer display if a Marshmallow ROM is installed
8.Update exfat, exfat fuse, dosfstools
9.Update AOSP base to 6.0
10.And many minor fixes and tweaks.
TWRP Recovery 3.0.0 ရဲ့ New features များကိုဖတ်ကြည့်ပြီးရင်တော့
Android device များတွင် TWRP recovery ထည့်သွင်းနည်းကို စလိုက်ကြရအောင်။
လိုအပ်တာများကိုအရင်ရယူလိုက်ပါ
How to Install TWRP Recovery 3.0.0
=========================
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ
လိုအပ်တာများကိုဒေါင်းလော့ရပြီ zip ဖြည်လိုက်ပြီး Desktop မှာထားပါ
recovery file ကို ‘recovery.img’ ဆိုပြီးနာမည်ပြောင်းပေးပြီး
Fastboot Folder ထဲမှာထားလိုက်ပါ။
ဖုန်းကိုပါဝိတ်ပြီး Power + Volume Down များကိုတွဲနှိပ်ပြီး
Fastboot mode သို့ဝင်လိုက်ပါ၊ ပြီးရင် ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ၊
Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

Command Box ပွင့်လာတဲ့အခါ အောက်ပါစာကြောင်းကို
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုတစ်ချက်ခေါက်ပါ။
fastboot devices
အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
fastboot flash recovery recovery.img
Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။
fastboot reboot
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။
သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါက TWRP Recovery ထည့်သွင်းထားမှု
အဆင်ပြေမပြေကြည့်ချင်တယ်ပဲဖြစ်ဖြစ် Custom Rom များတင်ယူလိုတယ်ပဲဖြစ်ဖြစ်
ခလုပ်အနာသက်သာစေမယ့် Quick Boot app ကိုအသုံးပြုကြည့်စေချင်ပါတယ်။
ဇူးနစ်(နည်းပညာ)
Post a Comment