Telenor သည် ၄င်း၏ မိုဘိုင်းဖုန်းနံပါတ်အလှ ၅၅ ခုကို လေလံပွဲ၌ ရောင်းချနိုင်ခဲ့ကြောင်း အထူးသဖြင့် နံပါတ်အလှ ၀၉၇၇၇၇၇၇၇၇၇ ကို ကျပ်သိန်းပေါင်း ၁၁၂၀ ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
MPT ၏ မိုဘိုင်းဖုန်းနံပါတ်အလှ လေလံပွဲသည် ကျပ်သိန်း ၁ ထောင်ကျော် ၀င်ငွေရရှိခဲ့သော်လည်း Telenor ၏ နံပါတ်အလှလေလံပွဲသည် ဆင်းမ်ကတ်တစ်ခုတည်းအတွက် ငွေကျပ် သိန်း ၁ ထောင်ကျော် ၀င်ငွေရရှိခဲ့သည့် အတွက် လူအများစိတ်ဝင်စားမှုကို ရရှိခဲ့ခြင်းဖြစ်သည်။
လေလံပွဲတွင် Telenor သည် ကျပ်သိန်းပေါင်း ၄၈၃၅ သိန်း ရရှိခဲ့ပြီး ကျပ် သိန်း ၃၀ နှင့်အထက်ရရှိခဲ့သည့် မိုဘိုင်းဖုန်းနံပါတ်အလှ လေလံဝင်ငွေများကို ပညာရေးအခန်းကဏ္ဍတွင် ပြန်လည်လှူဒါန်းသွားမည်ဟု သိရသည်။
Telenor အနေဖြင့် နံပါတ်အလှလေလံပွဲကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း စံချိန်တင်နိုင်သည့် ၀င်ငွေများရရှိခဲ့ပြီး ထပ်မံ၍ လေလံပွဲများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကျင်းပသွားမည်ဖြစ်သည်။
Credit- internetjournal

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!