Samsung GT-I8552 ဖုန်းအတွက် Flash Tool Firmware လေး
အလိုရှိနေတဲ့ ညီအကိုတွေအတွက် MTK6575 Official Firmware ကို
ဒေါင်းလော့လင့်အဆင်ပြေမယ့်နေရာကို ပြန်လည်ညွှန်းပေးလိုက်ပါတယ်။
Flash Tool Firmware ဆိုတာ့ 100% OK ပါတယ် အသုံးလိုတဲ့
သူတွေကတော့ အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ။
Pass: mtk5Download
Firmware ရေးသားနည်း
================
၁။ ကွန်ပျူတာတွင် လိုအပ်မယ့် MTK Device ဆိုင်ရာ
USB Driver များကို အဆင်ပြေအောင်ထည့်သွင်းထားပါ။
၂။ SP Flash Tool မှ အသုံးပြုလိုတဲ့ ဗားရှင်း တစ်ခုခု ကိုဖွင့်လိုက်ပါ
၂။ Scatter File ကိုတစ်ချက်နှိပ်ပြီး Firmware Scatter file ရွေးချယ်ပါ
၃။ Flash Tool မှ Download Only ဆိုတာကိုနှိပ်ပြီး ဖုန်းကိုကွန်ပျူတာဖြင့်
ချိတ်ဆက်လိုက်ပါ Battery ဖြုတ်လို့ရတဲ့ အလုံးဆိုရင်တော့
USB Cable ကြိုးကို အရင်ထိုးပြီးမှ Battery ကိုတပ်လိုက်ပါ၊
၎။ Battery ဖြုတ်မရတဲ့အလုံးဆိုရင်တော့ဖြုတ်နေစရာကလိုမပါ
USB Cable ကြိုးကိုအရင်ထိုးပြီး ပါဝါခလုပ်ကို ဖိနှိပ်ပေးလိုက်ရုံပါပဲ
၅။ Flash Tool မှ Download Only ဖြင့် တင်ယူလို့အဆင်မပြေရင်တော့
ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ထားမှုကို ပြန်ဖြုတ်ပြီး Download Only နေရာမှာ
Firmware Upgrade ဆိုတာကို ပြောင်းတင်ပေးလိုက်ပါ။
၆။ နောက်ဆုံး Download Only လည်းမတက် Firmware Upgrade ဖြင့်လည်း
မတက်ဘူးဆိုရင်တော့ အဲဒီဖုန်းမှာ နဂိုရှိနေတဲ့ Firmware ကို Format ချပေးပြီး
တင်ယူတဲ့ပုံစုံမျိုးဖြင့် စနစ်ဖြင့် Formal All + Download ဆိုတာကို နှိပ်ပြီးတင်ယူနိုင်ပါတယ်။
၇။။ ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့ Firmware ရေး
သွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ အစိမ်းရောင်ဖြင့်
OK ဆိုပြီး ပြနေရင် Firmware ရေးသားခြင်း အောင်မြင်ပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!