Galaxy S6 SM-G920P ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်၊
မိမိဖုန်းကို Root လုပ်ချင်တာတော့ Custom Rom များထည့်သွင်း
အသုံးပြုချင်တာတော့ဆိုရင် ဒီ TWRP ကိုထည့်သွင်းထားရမှာပဲဖြစ်ပါတယ်။
လိုအပ်ချက်
=======
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
Galaxy S6 SM-G920P ဖုန်းများအတွက်သီးသန့်ဖြစ်ပါတယ်။
TWRP Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin & TWRP zip ဖိုင်ကိုဖြည့်လိုက်ပြီး
Odin ကိုဖွင့်ပါ PDA ဆိုတဲ့နေရာမှာ TWRP Recovery ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Post a Comment