Samsung Galaxy Note 5 SM-N920C ဖုန်းကို
Root လုပ်ပြီးမြန်မာစာထည့်ရအောင်ဆိုပြီး ရောက်လာတာ
သိပ်လည်းအားမနေတာနဲ့ အချိန်ပေးပြီး ခေါင်းအေးအေးထားပြီး
Root လုပ်ပြီး မြန်မာစာ ရအောင်မထည့်ပေးလိုက်ရတဲ့ဖုန်း
စိတ်ထဲမကျေနပ်ဘူးဖြစ်နေတာ ပြီးရင် Source ရှာတာလဲ
လွဲနေတော့ နည်းနည်း အခက်တွေ့လိုက်တယ်၊
အဆင်ပြေချင်တော့လည်း ဘာလည်း မဟုတ်၊ ဘတ်အားဖြင့် နှစ်သောင်း
ကျော်ဆိုတော့ စိတ်ထဲ စိုးတစ်ထိတ်ထိတ်နဲ့ အစားထိုးပေးနိုင်လောက်တဲ့အထိ
ဆိုရင်တော့ အမူးဆွဲပစ်လိုက်ချင်တယ်၊ ကဲ အီစီ ကလာ လုပ်နေတဲ့
5.1.1 ဗားရှင်းကြီးရေ Root ပေါက်ပါပြီလို့။
လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Note 5 SM-N920C အတွက်သီးသန့်ဖြစ်ပြီး
ဖုန်း Model Android 5.1.1 ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ
အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီး Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ
ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို Enable ပြုလုပ်ပါ။
လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
CF-Auto-Root ဖြင့် Root လုပ်နည်း
=======================
ဖုန်းမှာ OEM & USB Debugging mode ကို Enable ပြုလုပ်ပါ။
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Root zip ဖိုင်ကိုအောက်ပါပုံအတိုင်း ဖြည်လိုက်ပါ
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root Files ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ
Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Post a Comment