♪ “၂၀၁၆ ရဲ့ Laptop များမှာပါဝင်လာမယ့် Feature အသစ်များ” ♫

လွန်ခဲ့သော သက္ကရာဇ် ၂၀၁၀ ခုနှစ်မတိုင်မီနှင့် ၄င်းနှစ်ပတ်လည်ကာလများ က စီးပွားရေးလုပ်ငန်းများနှင့် တစ်ကိုယ်ရည်သုံး အတွက် လက်ပ်တော့များ ကို အသုံးပြုကြရာတွင် ပျမ်းမျှအားဖြင့်သုံးနှစ်တစ်ကြိမ်လောက် လက်ပ်တော့များကို အဆင့်မြှင့်တင်မှုများပြုလုပ်ကြရလေ့ရှိခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါအချိန်ကာလများသည် နည်းပညာသစ်များ ထပ်မံပေါ်ပေါက်လာမှုသည် လွန်စွာမြန်ဆန်ပြောင်းလဲသော အရှိန်နှင့် ရွေ့လျားနေခဲ့သောကြောင့်ဖြစ်သည်။ အဲဒီနောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ အဆင့်မြှင့်တင်မှု သံသရာစက်ဝန်းဟာ တဖြည်းဖြည်း တာရှည်လာခဲ့သည်။ လက်ပ်တော့သုံးစွဲသူတစ်ယောက်ဟာ လွန်ခဲ့တဲ့ ငါးနှစ် တာကာလက ဝယ်ယူသုံးစွဲခဲ့သော လက်ပ်တော့ဟာ စွန့်ပစ်ပြောင်းလဲ ရလောက်အောင် သိပ်ပြီးအဆင့်နိမ့်တာမျိုးတွေမရှိတော့ဘဲ လက်ရှိခေတ် အနေအထားမှာလည်းသုံးစွဲလို့ရနိုင်နေသေးတာကို တွေ့ရှိရပါတယ်။
သို့သော်လည်း ဒီလိုအခြေအနေက ၂၀၁၆ခုနှစ်မှာပြောင်းလဲ လာတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့သော သုံးနှစ်တာကာလက ဝယ်ယူခဲ့တဲ့လက်ပ်တော့ တစ်လုံးဟာ ၂၀၁၆မှာထွက်ရှိလာမယ့် လက်ပ်တော့တွေနဲ့ သိသိသာသာကြီး ခြားနားလာနိုင်မယ့်အရိပ်အယောင်တွေတွေ့နေရပါပြီ။ ပိုမိုပြတ်သား ကြည်လင်ကာ အရောင်အသွေးစုံလင်သော မျက်နှာပြင်၊ သက်တမ်းပိုမို တာရှည်ခံတဲ့ဘက်ထရီ၊ မြန်ဆန်စွာအားသွင်းနိုင်၊အချက်အလက် ကူးပြောင်း နိုင်မယ့် USB Type-C ports တွေ၊ 3D Webcams စတာမျိုး feature သစ်များစွာနဲ့ဖွဲ့စည်းထားမယ့် လက်ပ်တော့အသစ်တွေဟာ သင့်ရဲ့ လက်ပ်တော့ အဟောင်းနဲ့ ကိုက်ညီတော့မှာမဟုတ်ဘဲ အသစ်တစ်လုံး ဝယ်ယူမှသာ အဆိုပါ feature များစွာ ကို ရရှိနိုင်တော့မှာပဲဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ၂၀၁၆မှာ လက်ပ်တော့တွေမှာ ပါဝင်လာနိုင်မယ့် ၊ဖြစ်ပေါ်လာနိုင်မယ့် အဓိက feature သစ်များကိုလေ့လာကြည့်ပါစို့။
1.USB Type-C Charging
USB ဟာ သင့်ရဲ့ စမတ်ဖုန်းတွေ၊တက်ဘလက်တွေ၊ External Hard Disk တွေ နဲ့အခြားသော တွဲဖက်ချိတ်ဆက်ကိရိယာများစွာနဲ့ ချိတ်ဆက်သုံးစွဲ နိုင်မယ့် တစ်ခုတည်းသော connector ဖြစ်ပါတယ်။ USB Type-C ကတော့ ဝါယာကြိုးတစ်ချောင်းတည်းပေါ်ကနေပြီး data တွေသယ်ဆောင်ဖို့၊ လျှပ်စစ်အားသွင်းဖို့အတွက်အသုံးပြုနိုင်တဲ့ standard အသစ်တစ်ခုဖြစ်ပါ တယ်။ ဒီကေဘယ်တစ်ချောင်းတည်းကနေပြီး သင့်ရဲ့လက်ပ်တော့ကို အားသွင်းနိုင်မှာဖြစ်သလို ပြင်ပမော်နီတာများနဲ့ချိတ်ဆက်ဖို့ ဗီဒီယို အထွက် လိုင်းအဖြစ်သုံးစွဲခြင်း၊ ဖိုင်တွေကိုကော်ပီကူးခြင်းတွေကို လုပ်ဆောင်နိုင်မှာ ပါ။ စိုးရိမ်စရာမရှိတာက USB Type-C ဟာ လိုအပ်သလိုပြောင်းလဲနိုင်သော ကြောင့် Type-A,Type-B အသုံးပြုတဲ့ device အဟောင်းတွေကို ကေဘယ်(သို့မဟုတ်) adapter ခံပြီးချိတ်ဆက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ USB Type-C ကို လက်ပ်တော့တွေသာမက တက်ဘလက်တွေ၊စမတ်ဖုန်းတွေနဲ့ Storage device တွေမှာလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ USB Type-C အသုံးပြု ထားတဲ့ SSDs တွေဟာ 10 Gbit/s အမြန်နှုန်းနဲ့ အချက်အလက်တွေကို လွှဲပြောင်းနိုင်တာက အံ့မခန်းစရာပါပဲ။
2. Higher-Resolution Screens
လွန်ခဲ့သောနှစ်အနည်းငယ်ကစပြီး အများစုသော လက်ပ်တော့တွေရဲ့ မျက်နှာပြင် resolution ဟာ 1366 x 768 နဲ့ထွက်ရှိလာခဲ့ပါတယ်။ ဒီလောက်အရည်အသွေးနဲ့က မျက်နှာပြင်မှာ ပုံတွေဟာ အစက်အပျောက် ငယ်တွေထနေနိုင်မှာဖြစ်သလို စာသားတွေက ကျစ်ကျစ်လျစ်လျစ်၊ သေသေ သပ်သပ်ရှိမနေနိုင်ပါဘူး။ဒီနေ့ခေတ်မှာတော့ အသင့်အတင့်ဈေးနှုန်းရှိတဲ့ လက်ပ်တော့တွေမှာပင်လျှင် resolution က 1920x1080 သို့မဟုတ် အဲဒီထက်မြင့်တဲ့ resolution တွေနဲ့ထွက်ရှိလာသောကြောင့် ဗီဒီယိုင်ဖိုင် တွေကို တကယ့်အရည်အသွေးကောင်းကောင်းနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး မြင်ကွင်းရှုထောင့် ပေါင်းစုံကနေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဥပမာအားဖြင့် Lenovo Ideapad 300S ဆိုလျှင် full-HD ကိုထောက်ပံ့ပေးပြီး ဈေးနှုန်းက USD 529သာကျသင့်မှာဖြစ်ပါတယ်။ အဲဒီထက်ငွေပိုသုံးလျှင်တော့ 4K ultra-HD displays ကိုထောက်ပံ့ပေးသော 3840x2160 resolution နဲ့ လက်ပ်တော့တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ Dell XPS 15 အား 4K configuration နဲ့ဝယ်ယူလိုပါက USD 1799 နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
3. OLED Displays
စမတ်ဖုန်းတွေရဲ့မျက်နှာပြင်ကိုကြည့်ရတာနဲ့ လက်ပ်တော့တွေရဲ့ မျက်နှာပြင်ကိုကြည့်ရတာချင်းခြားနားမှုကိုသတိထားမိမှာပါ။ စမတ်ဖုန်းရဲ့ မျက်နှာပြင်တွေက ရွှန်းစိုတောက်ပနေပေမယ့် လက်ပ်တော့တွေကတော့ ခြောက်တောက်တောက်အနေအထားနဲ့အသက်မဲ့နေသလိုခံစားနိုင်မှာပါ။ ဈေး ကွက်ထဲမှာရှိတဲ့ အကောင်းဆုံးသောမျက်နှာပြင်တွေနဲ့ဖုန်းတွေ(ဥပမာ အားဖြင့် Samsung Galaxy Series) ဟာ OLED မျက်နှာပြင်ကို သုံးစွဲထားကြ ကာ sRGB ကာလာရောစပ်ပုံဖော်နိုင်မှုကျယ်ကျယ်ပြန့်ပြန့်နဲ့ရရှိနိုင်ကာ ၁၀၀ ရာခိုင်နှုန်းကျော်ထိ ထုတ်လွှင့်ပုံဖော်နိုင်ပါတယ်။ အဲဒီစွမ်းဆောင်ရည် ကြောင့် မျက်နှာပြင်မှာပုံဖော်ထားတဲ့ ပုံရိပ်တွေဟာ တကယ့်ပြင်ပမှာရှိနေတဲ့ ပုံရိပ်တွေထက်တောင်ပိုမိုကောင်းမွန်တာကိုတွေ့မြင်နိုင်မှာပါ။ ၂၀၁၆မှာ high-end laptops တွေဟာ OLED ဖန်သားပြင်တွေအသုံးပြုလာကြမှာ ဖြစ်ပြီး Alienware 13 နဲ့ Lenovo ThinkPad X1 Yoga တို့မှာ စတင် မြင်တွေ့နေရပါပြီ။
4. Windows 10 Preloaded
Windows 8/8.1 တို့ဟာ သုံးစွဲသူတွေအတွက်ရင်းနှီးကျွမ်းဝင်မှုအားနည်း တာကြောင့် အများစုသော သူတွေသိပ်မကြိုက်ကြပါဘူး။ဒါပေမယ့် Windows 10 ကတော့ boot တက်တာလည်းမြန်ဆန်သလို Start menu ကိုလည်း အဆင့်မြှင့်တင်မှုတွေလုပ်ထားပါတယ်။ နောက်ပြီး အသုံးပြုရမယ့် apps တွေကို universal apps ပုံစံမျိုးတစ်သားတည်းဖွဲ့စည်းတည်ဆောက် ထားတဲ့အသွင်အပြင်တွေ၊ Desktop မှာပဲဖြစ်ဖြစ်၊တို့ထိသုံးစွဲရတဲ့ တက်ဘလက်မှာသုံးစွဲရာမှာပဲဖြစ်ဖြစ် သုံးစွဲရအလွယ်တကူအဆင်ပြေစေရန် အလိုက်သင့်ပြောင်းလဲနိုင်စွမ်းတွေရှိလာပါတယ်။ယခုအခါမှာတော့ Windows 7 သို့မဟုတ် 8 ပီစီတွေကို Windows 10 သို့အခမဲ့ အဆင့်မြှင့် တင်နိုင်သလို Windows 10 ထည့်သွင်းပြီးသား လက်ပ်တော့အသစ်တွေ များစွာလည်းထွက်ပေါ်လာနေပါပြီ။၂၀၁၆ မှာထွက်ရှိလာမယ့် လက်ပ်တော့ တွေဟာ Windows 10 ကြိုတင်ထည့်သွင်းပြီးသားတွေနဲ့ပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
5.Intel Skylake CPUs
ပီစီချစ်ပ်ပြားတွေထုတ်လုပ်ရာမှာဈေးကွက်ဦးဆောင်ထားတဲ့ Intel ဟာ သူ့ရဲ့ processor တွေရဲ့ မျိုးဆက်သစ် Skylake လို့ခေါ်ဝေါ်သော 6th Generation Core စီးရီးစ်တွေကိုထုတ်လုပ်ခဲ့ပြီးလက်ပ်တော့တော်တော် များများမှာအသုံးပြုနေပြီဖြစ်ပါတယ်။ အဆိုပါ စီပီယူအသစ်တွေက လွန်ခဲ့သော သုံးနှစ်ကဝယ်ယူခဲ့တဲ့ သင့်ရဲ့ လက်ပ်တော့တွေထက်ပိုမိုမြန်ဆန် ပြီး ပါဝါစားသုံးမှုနည်းပါးတာကြောင့် ဘက်ထရီကိုပိုမိုတာရှည်ခံနိုင်စေမှာ ဖြစ်ပါတယ်။
6. SSDs(PCIe x 4 a Plus)
သင့်ရဲ့လေးနှစ်တာသက်တမ်းရှိတဲ့လက်ပ်တော့မှာရှိတဲ့ hard drive ဟာ mechanical hard drive တစ်ခုဖြစ်မှာပါ။ Solid-state drives(SSDs) တွေ ကတော့ ယခင်က mechanical hard drive တွေထက် ၃၀၀ ရာခိုင်နှုန်းထက် မက ပိုမိုမြန်ဆန်ကာ ကွန်ပျူတာအသုံးပြုတဲ့အခါ သွက်လက်မြန်ဆန်စွာသုံးစွဲ နိုင်စေမှာက သင့်ကို စိတ်ချမ်းသာစေမှာဖြစ်ပါတယ်။ စက်ကိုစဖွင့်တဲ့အခါ boot တက်တာမြန်ဆန်ရုံမျှမက sleep mode ကနေဖွင့်လျှင်လည်းချက်ချင်း ပွင့်နိုင်ပြီး သင့်ရဲ့ application တွေကိုဖွင့်တဲ့အခါမှာလည်း မြန်ဆန်စွာ ဖွင့်နိုင် မှာပါ။ ဥပမာအားဖြင့် Google Chrome နဲ့ Microsoft Word တို့ကို ဖွင့်ရာမှာ တစ်စက္ကန့်တောင်အချိန်မကြာဘဲဖွင့်နိုင်မှာပါ။လက်ပ်တော့ တစ်လုံးဝယ်ယူတဲ့အခါ SSD နဲ့ဆိုလျှင် USD 300 ဝန်းကျင်လောက်အပို ထပ်ဆောင်းပေးခဲ့ရာပေမယ့် ယခုအခါမှာတော့ SSD တွေကကျယ်ကျယ် ပြန့်ပြန့်ထွက်ရှိလာနေသောကြောင့် system တစ်ခုလုံးအတွက် USD 800 ဝန်းကျင်နဲ့ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။အချို့သော တန်းမြင့်လက်ပ်တော့တွေ မှာတော့ PCIe bus ကနေချိတ်ဆက်တဲ့ PCIe SSDs(NVMe ဟုလည်းခေါ်)ကိုအသုံးပြုပြီး ပုံမှန် SATA drives တွေရဲ့အမြန်နှုန်းထက် သုံးဆ၊လေးဆပိုမို မြန်ဆန်ပါတယ်။
7. Desktop-Class Graphics Performance
ဂိမ်မာတွေဟာ ဂရပ်ဖစ်လိုအပ်ချက်မြင့်မားတဲ့အမြင့်စားဂိမ်းကြီးတွေကို ကစားဖို့အတွက် စွမ်းအားပြည့် ဂရပ်ဖစ်ကဒ်တွေတပ်ဆင်ထားတဲ့ စွမ်းဆောင်ရည်မြင့် desktop တွေ ၊ဒါမှမဟုတ် mobile GPU တပ်ဆင်ထား တဲ့ Gaming laptop တွေကို အသုံးပြုကြပါတယ်။၂၀၁၆ မှာတော့ လက်ပ်တော့တော်တော်များများမှာ desktop-class GPU တွေတပ်ဆင်ထား တဲ့ လက်ပ်တော့တွေကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် MSI GT72 မှာ desktop-class GPU တပ်ဆင်ထားပါတယ်။ဒါမှမဟုတ်ရင်လည်း external graphics amplifier အသုံးပြုပြီး ဂရပ်ဖစ်ကို ထပ်မံတိုးချဲ့နိုင်တဲ့ desktop system သေးလေးတွေကို ဝယ်ယူအသုံးပြုကာ လက်ပ်တော့နဲ့ ချိတ်ဆက်ပြီး gaming ပိုင်းအတွက်လိုအပ်တဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်ကို ရရှိနိုင်စေမှာဖြစ်ပါတယ်။ဒါကသင့်အတွက် gaming laptop ။အသစ်တစ်လုံး ဝယ်ယူစရာမလိုဘဲ gaming laptop စွမ်းဆောင်ရည်ရှိတဲ့ စနစ်တစ်ခုကိုရရှိ နိုင်မှာပါ။ဥပမာအားဖြင့် Razer မှထုတ်တဲ့ Core amplifier အား lightweights တွေနဲ့ USB Type-C port ကနေချိတ်ဆက်ပြီး တကယ့်ကိုစွမ်းဆောင်ရည် မြင့်မားတဲ့ gaming laptop တစ်လုံးအဖြစ်ပြောင်းလဲနိုင်မှာပါ။
8. 2-in-1 PCs
တကယ်လို့သင်က emails ပို့တာပဲဖြစ်ဖြစ်၊ Web တွေမှာ မွှေနှောက်ရှာဖွေ ဖတ်ရှုတာပဲဖြစ်ဖြစ်၊ အခြားလုပ်ငန်းဆောင်တာတွေလုပ်ဆောင်တာပဲဖြစ်ဖြစ် လက်ပ်တော့ရဲ့ ကီးဘုတ်နဲ့ touchpad တွေကနေ ကောင်းစွာအသုံးပြုနိုင် မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင်က ဗီဒီယိုကြည့်ရှုတာ၊ဟိုဟိုဒီဒီ သယ်ယူ ကာသုံးစွဲတာ၊ဘတ်စ်ကားပေါ်မှာသုံးတာ၊ Facebook သုံးတာတွေအတွက် ဆိုလျှင်တော့ တက်ဘလက် ပုံစံက ပိုမိုအသုံးတည့်စေမှာပါ။ မျိုးဆက်သစ် 2-in-1 PCs တွေက အဆိုပါ နှစ်မျိုးစလုံးအသုံးပြုနိုင်ပြီး ကီးဘုတ်ကို မလိုအပ် ပါက ဖြုတ်ထားနိုင်မှာလည်းဖြစ်ပါတယ် လွန်ခဲ့တဲ့ သုံးနှစ်လောက်က သင့်ရဲ့ လက်ပ်တော့ဟာ ဒီလိုလုပ်ဆောင်ချက်တွေရရှိနိုင်မှာမဟုတ်ပါဘူး။
9. 802.11ac WiFi
ဒီနေ့ခေတ်မှာ လက်ပ်တော့အသစ်များစွာဟာ ကြိုးမဲ့ချိတ်ဆက်ဖို့အတွက် 802.11ac WiFi standard ကိုအသုံးပြုလာကြပြီး အဲဒါက ယခင် standard များထက် ၁၀ဆပိုမိုမြန်ဆန်သလို သင့်ရဲ့ router ကနေ ပိုမိုဝေးကွာသော အကွာအဝေးအထိအသုံးပြုနိုင်မှာပါ။ ဒီ protocol ကိုအပြည့်အဝထောက်ပံ့ နိုင်ဖို့ သင့်ရဲ့ router ကလည်း 802.11ac ကိုထောက်ပံ့ဖို့လိုအပ်ပြီး အဆိုပါ access points များကို USD 100 အောက်ကနေစတင်ပြီး ဝယ်ယူနိုင်မှာ လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းထုတ်ခဲ့တဲ့ အများစု သော စမတ်ဖုန်းတွေမှာ 802.11ac နဲ့အတူထွက်ရှိလာခဲ့ပါတယ်။
10. RealSense 3D Cameras
စမတ်ဖုန်းတွေနဲ့တက်ဘလက်တွေရဲ့ ကင်မရာတွေဟာ တစ်နှစ်ထက် တစ်နှစ်ပိုမိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ အလားတူစွာပဲ လက်ပ်တော့တွေရဲ့ webcams တွေကလည်း ပြောင်းလဲတိုးတက်လာ ပါတယ်။ Intel ရဲ့ RealSense 3D ကင်မရာဟာ သင့်ရဲ့မျက်နှာပြင်ကို scan ဖတ်ရှုသိရှိနိုင်ပြီး ပြင်ပမှတကယ့်အရာဝတ္ထုများကို 3D ပုံရပ်များအဖြစ် တစ်ပုံစံတည်းဖမ်းယူလာနိုင်ပါတယ်။ RealSense 3D ကင်မရာပါရှိတဲ့ လက်ပ်တော့တွေထဲမှာ Lenovo Ideapad 500S နဲ့ Dell Inspiron 15 5000 တို့ပါဝင်ပြီး သူတို့ရဲ့ရှေ့ဘက် ကင်မရာက သင့်ရဲ့မျက်နှာပြင်ကို ဖတ်ရှုကာ 3D avatar ရုပ်ပုံအဖြစ်ပြောင်းလဲပေးနိုင်မှာပါ။ HP Spetre x2 ဆိုတဲ့ 2-in-1 PC မှာတော့နောက်ဖက်မှာ "world-facing" RealSense ကင်မရာများ ပါဝင်ပြီး သင့်ရဲ့တစ်ကိုယ်လုံးကို scan ဖတ်ရှုနိုင်သလို အရာဝတ္ထုများကို ဘက်ပေါင်းစုံကနေ ဖတ်ရှုပုံဖော်ပေးနိုင်မှာပါ။
ငြိမ်းချမ်း(BE-IT)
Mobile Guide Journal (Every Monday)
 
                                                            
                                     www.nyilattun.com
                                  

Post a Comment

ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။

မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!

Account ဆိုင်ရာ Action Ebook Action Movies Activators ADB Driver for Android Device ADB Driver ဆိုင်ရာ Adult Movies AIS Lava ဖုန်းဆိုင်ရာ All in One Tool ALPS Tablet Andriod App Andriod Internet Andriod Keyboard Android Antivirus Android Apk များ Android application Android Apps Android Battery Apk Android Browser Apk Android call & contacts Android Cleaner Android Dictionarys Android downloader Android Drivers Android facebook Android firmware Android fonts Android For Downloadmanager Android game Android games Android Gameများ Android Karaoke Android launcher Android livewallpaper Android Lock Screen Android manager Android Message lock Android Messenger Android Myanmar Font Android N 7.0 ဆိုင်ရာ Android Photo Editor Android Photoshop Android Player Android Programing Software Android Recorder Android Recovery apk Android ringtones Android Root Android root & Myanmar font Android Root Tool Android Tool Android Tools Android Tutorial Android UnRoot Android Utilities Android Video Downloader Android Video Editor Android WiFi Android Zip Android နှင့် မြန်မာ Fonts androidဆော့ဝဲများ Android​ဆော့ဝဲလ်​များ Animation Movies Anti-Malware Antivirus Antivirus Programs antivirus ဆိုင်ရာ AOTO Aovo App Apple ID ဆိုင်ရာ Application Arakan Music Asian Movies Asus ASUS Rooting Asus Zenfone ဆိုင်ရာ Asus ဖုန်းဆိုင်ရာ Audio and Video Conveters Audio Driver Audio Editing Audio Software Basson K3000 V590 Blog နည်းပညာများ Blogger Ebooks Bloggerနည်းပညာများ Bluestack Bollywood Movies Bootloader Code And Fix Bootloader unlock ဆိုင်ရာများ Buddhist Ebooks Call Blocking ပြုလုပ်နည်း Caller Name Talker Cartoon Ebook Casual Cleaner Cleaning Tools Clone Camera Clone Frimwares Comedy Movies Computer Computer ဆိုင်ရာ Converter Video to Mp3 Converter ဆိုင်ရာ Coolpad Coolpad firmware Coolpad Note 3Plus Crack Boxs Crime Movies Custom Rom တင်နည်း CWM Recovery ထည့်သွင်းနည်း Data Backup Tool Design Software Design Softwares Digital Life Journal Digital Life ဂျာနယ် Digital Times Dota Games Download Guide Drama Movies Dream Ebooks Driver software DVB New DVD Player E-books Ebook Email EMMC ဆိုင်ရာ English Grammar English Learning Apps Entertainment Erotic Movies Facebook Facebook & YouTubeမှVideoDownloadရယူနည်း facebook Apk Facebook Guide Facebook Video Downloader facebook ဆိုင်ရာ Facebook ဆိုင်ရာနည်းလမ်းများ Facebookဆိုင်ရာ Facebookနည်းပညာ Family Movies Files Erase Finance Firmware Firmware တင်နည်း Firmware ဒေါင်းလော့နည်း Fix Errors Flash Tool Flash Tool Firmwares Flashlight FM RADIO MYANMAR Folder Lock Software Font Font Installer Font Styleများ Fonts Funny Ebook Galaxy Tablets Ghost Ebooks GIF ဆိုင်ရာ Google Gapps ထည့်သွင်းနည်း Google Play Store ဆိုင်ရာများ Hacking Hardware HD GAMES Health Heart-stopping Hello Hide IP Horror Movies HTC HTC Rooting HTC ဖုန်းဆိုင်ရာ HTML Language Huawei Huawei Firmware Huawei Firmwares Huawei G610-U00 Huawei G7 B530 Huawei G730 U00 Huawei G730 U30 Huawei G8 Huawei Honor Huawei Honor 7 B370 Huawei Mate SB355 Huawei P8 Lite Huawei P9 Lite Huawei Root & Fix Huawei Y625 Huawei ဖုန်းဆိုင်ရာ i-mobile Icon IDM iFont Apk iLovfa Firmware Images IMEI Fixs International News Internet Download Manager internet Journals internet speed Internet Tools IOS iOS device iOS Tutorial Ios Tutorials iOS ဆိုင်ရာများ IOS အတွက် Iphone ဆိုင်ရာ iRoot Tool IT ဗဟုသုတ jailbreak ပြုလုပ်နည်း Java KingCom Tablet Knowledge and FAQ knowledges Launcherများ Lava AIS Rom Firmware LeEco LE LG LG Rooting Linux OS Linux Tutorial Logo Software Love Stories Ebook Mac Application Mac Drivers Mac Game MAC Knowledge MAC-SOFTWRAES Making Money Management Tools Marshmallow Media & Video media player MediaPad Meizu ဖိုင်းဆိုင်ရာ Microsoft Officeနှင့်သက်ဆိုင်သော miui MM Dhamma Apk Mobile Gamersများ Mobile Guide Journal Mobile Phone Training Video Tutorial Mobile Service Online Training Mobile software နည်းပညာ Mobile Tutorial Mobile သတင်းရေးရာအဖြာဖြာ Mobiles & Tablets Moblie Guide Journal Moblie Knowledge Movies MP3 Downloader MSE Update MTK Device ဆိုင်ရာ MTK Drive Tool MTK USB Driver ဆိုင်ရာ Multi Account Music Music & Audio Music Album Music Ebook Music News MY NOTI My Phone Firmware Myanmar Calendar Apk Myanmar Cook ApK Myanmar Dhamma Apk Myanmar Font Myanmar Ghost Myanmar map Myanmar Music Myanmar Poems Myanmar Radio Apk MyPhone Mystery Movies National Ebook Net meter NetGuide Journal Network News notepad အသုံးပြုပုံ Office One all-in one Tookit One Plus 3 Online Account Register ooredoo oppo Oppo ဖုန်းဆိုင်ရာ opppo R7 OS Os Tutorial Other Phones PC Burning ဆိုင်ရာ PC download PC Driver PC Knowledge PC Software Pc Uninstaller PC- Audio Editor PC-Clean Speed PC-Recovery PC-Speed Up PCloud PDF software PDFစာအုပ်များ Phone Driver များ Phone Drivers Phone Guide Ebooks Phone Knowledge Photo Photo Background Changer Photo Editor Software Photography Photoshop photoshop နည်းပညာ Play Store ဆိုင်ရာများ Play Storeထည့်သွင်းနည်း Portable Software Prestigio Multiphone Product Key Productivity App Programming Python Qualcom Fix Qualcom ဆိုင်ရာ Registry Cleaner ROM ဆိုင်ရာများ Romance Movies Root Genius ဖြင့် Root လုပ်နည်း Root လုပ်နည်း Rooting Rooting Softwares Samsug S4 Samsung Samsung A5 2016 Firmware Samsung A7 2016 Firmware Samsung Account ဆိုင်ရာ Samsung Clone Samsung Core Prime Firmware Samsung Firmware Samsung Fix Samsung Galaxy A5 2016 SM-A510FD Samsung Galaxy A5 SM-A500H Samsung Galaxy A5 SM-A510F Samsung Galaxy E5 SM-E500M Samsung Galaxy Grand Firmware Samsung Galaxy Grand Prime Samsung Galaxy GT-I9082 Samsung Galaxy J1 Samsung Galaxy J3 2016 SM-J320H Samsung Galaxy J7 Samsung Galaxy J7 SM-J700H Samsung Galaxy Note Samsung Galaxy Note 4 SM-N910T Samsung Galaxy Note 5 Firmware Samsung Galaxy Note 7 Samsung Galaxy Note Edge Samsung Galaxy S4 SHV-E300K Samsung Galaxy S5 SM-G900H Samsung Galaxy S6 Edge Samsung Galaxy S7 Edge Samsung Galaxy S7 Edge SM-G935F Samsung Galaxy SM-G530F Samsung Galaxy Win Firmware Samsung J7 Firmware Samsung Note 1 Firmware Samsung Root Samsung Tar Creator Samsung USB Drivers Samsung ဖုန်းဆိုင်ရာ Sci-Fi Movies screen recorder Screen Video Recorder Security Security & Safety Smart Surfer Browser & Proxy Social Softwares Softwares & Application Softwareများအသုံးပြုနည်း Songs SONY Sony Phone ဆိုင်ရာ Sony Xperia Z5 SP Flash Tool SP Flash Tool & Guide SPD Device ဆိုင်ရာ SuperSu ဖြင့် Root လုပ်နည်း System Info Tablet Software TeamViewer Software Techspace Journal Telecom TELENOR Test speed internet Thriller Movies Tools Apps Training Lessons True Smart Tutorial tv software TWRP-Phiz Recovery သွင်းနည်း Ubuntu OS Ubuntu Tutorial Unlocker USB Bootable ဆိုင်ရာ USB Drivers ဆိုင်ရာ Useful Apk Viber Video Converter Video Editing Video Live Wallpapers Virtual DJ Virus Cleaning Tool Virusနှင့်ပတ်သက်၍ vivo vivo Rooting Web blog ကောင်းနိုးရာရာ ကုတ်လေးများ Web Designer Web Development Web Ebook Webcam software Wifi ဆိုင်ရာ WiFi နှင့်ပတ်သက်သမျှ Window Activate Window OS Application Window OS Drivers Window OS Ebook Window OS Games window ဆိုင်ရာနည်းပညာများ Windows Manager Windows Repair Software WinRar X BO XBO XBO ဖုန်းဆိုင်ရာ Xiaomi Xiaomi Guide Xiaomi MIUI ROM Xiaomi Rooting You tube Downloader YU Yunique YU Yunique Bootloader Zawgyi & Unicode Fontchanger apk ZTE Zte ဖုန်းဆိုင်ရာ ကဗျာ ကွန်ပျူတာဆိုင်ရာ ဗဟုသုတများ ကျန်းမားရေး ချစ်​​ရေးချစ်​ရာ ချစ်​​ရေးချစ်​ရာ ​ ဂီတရပ်ဝန်းသတင်းများ ဇာတ်​ကားများ တ​စ္ဆေဇာတ်​လမ်းများ နည်းပညာစာအုပ်များ နည်းပညာဗဟုသုတ နည်းပညာသတင်း နည်းပညာသတင်းများ နည်းလမ်းများ ပညာရေးဆိုင်ရာ ဖုန်းအားလုံးRootလုပ်​နည်း ဗဟုသုတ ဗဟုသုတဆိုင်ရာ ဗဟုသုတများ ဘလော့နည်းပညာ မိုလ်ဘိုင်းဂျာနယ်နှင့်သတင်းများ ပြည်တွင်းသတင်း ဖြစ်ရပ်မှန် သတင်းစုံ မြန်မာ font မြန်မာစာတန်းထိုး မြန်​မာစာတန်းထိုးဇာတ်​ကားများ မြန်မာလို IT နည်းပညာ Ebook မြန်မာဖော့င် သင်တန်းကြော်ငြာ အင်တာနက်ဂျာနယ် အခြားသတင်းရေးရာအဖြာဖြာ ​ဆောင်းပါးများ လေ့လာရန် နိုင်ငံတကာသတင်း
[facebook][blogger]

Contact Form

Name

Email *

Message *

Powered by Blogger.