iPad Pro ဟာဆိုရင် ပုံမှန်အားဖြင့် ၁၂.၉ လက်မ ဗားရှင်းရှိပါတယ်။ အများစု ထင်ထားတာက iPad Pro အမည်အောက်မှာ ၁၂.၉ လက်မနဲ့ ၁၅ လက်မသာ ရှိမယ်ဆိုတာ ဖြစ်ပေမယ့် တကယ်တန်းကျတော့ Apple ဟာ အသစ်ထွက်မယ့် Pro ကိုတော့ ၉.၇ လက်မဖြင့်သာ ထွက်စေမှာ ဖြစ်ပါတယ်။ ဒါဟာ iPad Air စီးရီးထဲက အရွယ်အစားပဲ ဖြစ်ပါတယ်။ Apple အနေနဲ့ Macbook ဆိုပြီးတော့ ၁၂ လက်မ MacBook ကိုထွက်စေတုန်းက အများစုထင်ခဲ့တာက ယင်းဟာ Mac Book Air အသစ်လို့ထင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တန်းလည်း Macbook Air လို့ထင်ရလောက်အောင် ပါးအောင်ဖန်တီးပါတယ်။ Air ဆိုတဲ့ အမည်ပါတဲ့ line ကိုများ ပျောက်စေချင်ပြီလားလို့တောင် သံသယ ဝင်နေကြ ပါတယ်။
ဘာပဲ ဖြစ်ဖြစ် Apple က Pro လိုင်းအသစ်ကို iPad မှာ ချပြနေပြီ ဖြစ်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)
Credit to myanmarmobileapp
ညီလတ်ထွန်း(ဘီအမ်း)
www.nyilattun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!