Desire 728 dual ရဲ့ခလုတ်တွေ တပ်ဆင်ပြုလုပ်ထားတဲ့ပုံစံကို ကြည့်လိုက် တဲ့အခါမှာ ဘေးဘောင်အ၀ိုက်ပုံစံ၊ two tone ကာလာတွေကတော့ ဆန်းသစ်တဲ့အသွင်အပြင် အဖြစ်ရှိနေမှာဖြစ်ပါတယ်။ ကိုယ်ထည် ဒီဇိုင်းပုံစံ ကတော့ Desire 820 ပုံစံနဲ့ဖြစ်လာပါတယ်။ ညာဘက်ဘေးဘောင်မှာ အသံအတိုး၊ အကျယ်ခလုတ်နဲ့အတူ ပါဝါခလုတ်ကိုတွေ့ရမှာဖြစ်ပါတယ်။ အခြားဘက်ကိုကြည့်လိုက်မယ်ဆိုရင်တော့ Sim card ထည့်လို့ရမယ့် Slot နေရာလေးကိုတွေ့ရမှာပါ။
အပေါ်ဘက်မှာ ဖုံးထား တာလေးကို ခွာထုတ် လိုက်မယ်ဆိုရင်တော့ ဆင်းကတ်တစ်ခုချင်းစီကို သေချာထည့်သွင်း နိုင်မယ့် tray နှစ်ခုနဲ့အတူ micro simcard ထည့်ရမယ့်နေရာလေးကို တွေ့ရမှာဖြစ်ပါ တယ်။ နောက်ကျောဘက်မှာတော့ 13MP ကင်မရာတပ်ဆင်ပေးထားပြီး အရှေ့ဘက် မျက်နှာပြင်မှာတော့ စပီကာနှစ်ခုကို အထက်၊ အောက်တပ်ဆင် ပေးထားပြီး Dolby audio ပေါင်းစပ်ထားတဲ့ boomsound အသံစနစ်နဲ့ နားဆင်နိုင်မှာဖြစ်ပါတယ်။
ဖုန်းရဲ့တည်ဆောက်ထားမှုပုံစံကိုကြည့်လိုက်မယ် ဆိုရင်တော့ ပေါ့ပေါ့ ပါးပါးနဲ့ အလွယ်တကူသယ်ဆောင်သွားနိုင်မယ့် ဒီဇိုင်း လေးပါ။ မျက်နှာပြင် ၅.၅လက်မဟာ ကျယ်ပြန့်သည့် ကြည်လင်သော ပုံရိပ်များကို ပေးစွမ်းပါမယ်။ ပုံရိပ်တစ်ခုချင်းစီအတွက် အသေးစိတ် ဖော်ပြနိုင်စွမ်းလို့သတ်မှတ်နိုင်တဲ့ ppi ကတော့ 401 ဖြစ်ပါတယ်။ မျက်နှာပြင် ဟာ 720×1280p ဖော်ပြနိုင်စွမ်းရှိမှာဖြစ်တာကြောင့် 720p အရည်အသွေး ရုပ်ရှင်တွေကို ကြည်လင် ပြတ်သားစွာကြည့်ရှုနိုင်ပါလိမ့်မယ်။
ဆက်သွယ်နိုင်မယ့်ကွန်ရက်ကတော့ gsm တင်မဟုတ်ဘဲ၊ ဆင်းကတ်နံပါတ် 1 ဟာ CDMA, GSM, WCDMA တွေ ထည့်သုံးနိုင်မှာပါ။ ကင်မရာ ရိုက်ကူး တဲ့အခါ ပုံရိပ်အရည်အသွေးသည် 4160×3120 pixels နဲ့ရနိုင်မှာ ဖြစ်ပြီး ဗီဒီယိုရိုက်ကူးမယ်ဆိုရင်တော့ 1080p@30fps နဲ့ရိုက်နိုင်ပါလိမ့်မယ်။ ပုံတွေမှာအရောင်တွေသွင်းမှု၊ ဘောင်တွေထပ် ထည့်တာတွေအပြင် စိတ်ကြိုက် ပုံစံလေးတွေနဲ့ အလင်းအမှောင်ချိန်ညှိနိုင်မှာပါ။ Motion track mode နဲ့ရိုက်ကူးမယ်ဆိုရင် တော့ ပုံတွေဟာ ပြင်ပအရောင်အတိုင်း စိုပြည် စွာရရှိနိုင်မှာဖြစ်တဲ့အပြင် မိမိချိန်းထားတဲ့ object ရဲ့အရောင်ကိုပါ လိုက်ညှိ ပေးပါလိမ့်မယ်။ Live Photo ကတော့ ရိုက်လိုက်တဲ့ပုံတွေမှာ အရုပ်နဲ့ အသံပေါင်းစပ်ထည့်သွင်းပေးမှာဖြစ်ပါတယ်။
သာမန်ရိုက်ကူးမှု အတွက် ကတော့ Face beauty ကအသင့်တော်ဆုံးပါပဲ။ ကင်မရာ Setting ထဲဝင် ကြည့်လိုက်မယ်ဆိုရင်တော့ GPS On, Exposure, Color effect, Scene mide,White balance လို့ဆိုတဲ့ဖုန်းရဲ့ ကင်မရာကိုသုံးပြီး ဓာတ်ပုံရိုက်ကူး သူတွေကြိုက်နှစ် သက်တဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရမှာပါ။ အရှေ့ ဘက်ကတော့ Selfie သမားတွေအကြိုက် 5MP မှာ BSI sensor တပ်ဆင် ပေးထားပါတယ်။ ဘက်ထရီဟာ Li-Po 2800mAh ဖြစ်ပါတယ်။
<Specification>
Network - GSM/HSPA/LTE
Processor - Octa Core 1.3 GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v4.1
Storage - 16 GB
OS - Android OS,v5.1.1
Contact - 01-381035
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
www.nyilattun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!