Google Nexus 5X ဖုန်းကို Root လုပ်ချင်တဲ့ညီအကိုတွေအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့
မိမိဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးမှ Root access ရရှိနိုင်မှာပါ။
ဖုန်းကို သက်ဆိုင်ရာ TWRP Recovery ထည့်သွင်းပြီးပါမှ Recovery Mode ကနေ
SuperSu.zip ဖိုင်ဖြင့် အလွယ်တကူ Flash ပေးပြီး Root လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။
ဒီအတွက် Google Nexus 5X ဖုန်းအတွက် TWRP Recovery ထည့်သွင်းနည်းကို
အောက်ကလင့်မှာလေ့လာကြည့်လိုက်ပါ၊
SuperSu.zip ဖြင့် Root လုပ်နည်း
====================
SuperSU.zip ဖိုင်ကို SD Card သို့ထည့်ထားလိုက်ပါ
"Volome Up and Power" တွဲနှိပ်ပြီး TWRP Recovery Mode သို့ဝင်လိုက်ပါ။
Volume Down ကရွေးချယ်ပြီး Volume Up အတည်ပြုပေးတဲ့ခလုပ်ပါ။
‘Dalvik Wipe Cache’ များကို Clear ပြုလုပ်ပေးပါ
SD Card မှ SuperSu.zip ဖိုင်ကို Install ပြုလုပ်လိုက်ပါ။
အားလုံးပြီးသွားရင်တော့ Reboot System ကိုနှိပ်ပြီး Reboot ချပေးလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Supersu apk လေးမြင်နေရပါလိမ့်မယ်
Root access ကိုတော့ Root Checker ဖြစ့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Post a Comment