May 19, 202509:57:12 AM

Galaxy S3 I9300 ဖုန်းအတွက် Android 6.0 Bliss Marshmallow ROM တင်နည်း

 
Galaxy S3 I9300 ဖုန်းအတွက် Android 6.0 Bliss Marshmallow ROM တင်နည်းကို
Custom Rom ချစ်ပရိတ်သတ်များအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
စမ်းပြီးသားပါ Error ကင်းပါတယ်၊ Marshmallow တင်မယ်ဆိုရင်တော့
 သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းထားပြီးသားဖြစ်နေရပါမယ်၊

 ဒီအတွက် TWRP Recovery ထည့်သွင်းရန်အတွက်ဖုန်းမှာတင်
twrp recovery apk များကိုအသုံးပြုပြီး တိုက်ရိုက်ထည့်သွင်းယူနိုင်သလို
 Odin ကနေလည်း အလွယ်တကူ Flash ပေးပြီး ထည့်သွင်းယူနိုင်ပါတယ်။


ကွန်ပျူတာမလိုပဲ ဖုန်းမှာတင် Apk ကိုအသုံးပြုပြီး Twrp recovery ကိုထည့်သွင်း
ချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာဝင်ပြီးလေ့လာကြည့်လိုက်ပါ။


ကွန်ပျူတာကနေ Odin ကိုအသုံးပြုပြီး အလွယ်တကူ
Twrp recovery ထည့်သွင်းနည်းကို အောက်မှာကြည့်ပါ

လိုအပ်ချက်များ
=========
ဖေါ်ပြ Custom Rom သည် Galaxy S3 I9300 အတွက်သီးသန့်ဖြစ်ပါတယ်
တစ်ခြား Device တွင်ထည့်သွင်းအသုံးပြုခြင်းမျိုးမပြုပါနဲ့။
မိမိဖုန်းအတွက် အနည်းဆုံး Battery အားပမာဏ 50% လောက်ရှိနေရပါမည်။
သင့်ဖုန်းတွင် TWRP Recovery ကိုထည့်သွင်းထားပြီးသားဖြစ်နေရပါမယ်။
Custom Rom ကိုထည့်သွင်းခြင်းမပြုလုပ်မှီ Stock Rom ကို Backup ပြုလုပ်ထားပါ။


Android 6.0 Bliss Marshmallow ROM For Galaxy S3 I9300

How To Install Android 6.0 Bliss Marshmallow ROM
==================================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM recovery ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်
၂။ ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ
၃။ ဖုန်းကိုပါဝိတ်ပြီး Power + Volume Down များကိုတွဲနှိပ်ပြီး TWRP recovery mode သို့ဝင်လိုက်ပါ
 twrp recovery mode တွင် Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။
၎။ Android 6.0 Bliss Marshmallow ROM.zip ကို
ဒေါင်းလော့ရယူပြီး SD Card သို့ Copy ကူးထည့်လိုက်ပါ။
၅။ Twrp recovery Mode သို့နောက်ထပ်တစ်ကြိမ်ဝင်လိုက်ပါ။
၆။ Twrp recovery Mode တွင် Install Zip > Choose Zip from SD card > သွားလိုက်ပြီး
Android 6.0 Bliss Marshmallow ROM.zip ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊
၇။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။
၈။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ။
၉။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ ဗားရှင်း Android 6.0.Rom လေးလန်းနေပါလိမ့်မယ်။


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)


  www.ayekyaw.org

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.