July 17, 202507:29:44 PM

Facebook Page တွေမှာ ဘာသာစကားအများအပြားဖြင့် Post တင်နိုင်ပြီ

Website တွေမှာ ဘာသာစကားနှစ်မျိုးထည့်သွင်း အသုံးပြုကြတဲ့ကျွန်တော်တို့ မြန်မာနိုင်ငံသားများနဲ့ အခြားနိုင်ငံများအတွက် လက်ရှိအချိန်မှာတော့ Facebook က ဘာသာစကား နှစ်ခု သုံးခုနဲ့ တင်ခွင့်ကို ခွင့်ပြုပေးလိုက်ပါပြီ။ 


Facebook အသုံးပြုသူများအနေနဲ့ အရင်က Facebook Page မှာ စာတင်တဲ့အခါ မိမိရဲ့  Page မှာ Facebook က  Default ပေးထားတဲ့  English စာကို အဓိကထားပြီး တင်ရုံနဲ့ အားမရပဲ မိမိနိုင်ငံမှာ ရှိနေတဲ့ ဘာသာစကားတွေကိုလည်း အသုံးပြုဖို့ တွေးတောပြီး အကြောင်းအရာတစ်ခုတည်းကိုပဲ ဘာသာစကား အမျိုးအစားခွဲခြားကာ တင်ကြပါတယ်။
ဒါတွေကို အဆင်ပြေစေဖို့အတွက် Facebook page မှာ ဘာသာစကား နှစ်ခုသုံးခုကို ထည့်သွင်းရေးသားထားသော်လည်း ဘာသာစကား တစ်မျိုးတည်းကိုသာဖော်ပြပြီး စာဖတ်သူများအနေနဲ့ post တင်သူ ထည့်သွင်းရေးသားထားတဲ့ ဘာသာစကားများကို ရွေးချယ်ကာ ဖတ်ရှုနိုင်ပါတယ်။
 ဒါတွေဟာ post တစ်ခုကို ရေးတဲ့အခါ ဘာသာစကားအများကြီးထည့်ပြီး စာရှည်တယ်လို့ 
ထင်ရတဲ့ ဒုက္ခက ကင်းဝေးအောင် ပြုလုပ်ပေးလိုက်တဲ့ Facebook ရဲ့  Feature အသစ်ပဲဖြစ်ပါတယ်။
အသုံးပြုလိုသူများအနေနဲ့ Facebook Page ရဲ့  Setting ထဲက Post in Multiple Language ဆိုတဲ့ option ကို အမှန်ခြစ်လုပ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Post တင်တဲ့အခါမှာ မိမိထည့်သွင်းလိုတဲ့ ဘာသာစကားတစ်ခုကို ရွေးချယ်တင်နိုင်ပါတယ်။
Ref : Facebook
Aung Ko Htet (MMA)
#aungkohtet_mma
CREDIT
www.myanmarmobileapp.com
ညီလတ်ထွန်း(ဘီအမ်း)

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.