May 11, 2025

Facebook က Birthday Video Cam ကို ပြုလုပ်ပေး


Facebook က မွေးနေ့ရှင် သူငယ်ချင်းများထံ Video Message ပေးပို့နိုင်သည့် စွမ်းဆောင်ချက်ကို ထည့်သွင်းပေးမည်ဖြစ်သည်။ လက်ရှိအချိန်အထိ သူငယ်ချင်းများထံ မွေးနေ့ ဆုတောင်း စကားများ ပြောကြားရန် စာသားနှင့် ဓါတ်ပုံ အသေများကိုသာ အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ Mobile App တွင် Birthday Video Cam စွမ်းဆောင်ချက်ကို ထည့်သွင်းပေးနေပြီဖြစ်ပြီး မွေးနေ့ရှင် သူငယ်ချင်းထံ ၁၅ စက္ကန့်ကြာ ဗီဒီယိုများကို ဖမ်းယူ ပေးပို့နိုင်မည်ဖြစ်သည်။
လက်ရှိတွင် iOS Device များအတွက်သာ ဖြန့်ချီပေးနေပြီး သူငယ်ချင်း၏ မွေးနေ့တွင် သူ၏ Timeline ၌ တွေ့မြင်ရမည်ဖြစ်ပါသည်။ ခလုတ်ကို နှိပ်၍ Video ကို ဖမ်းယူ ပေးပို့နိုင်မည်ဖြစ်သည်။ မွေးနေ့ ဆုတောင်းအတွက် ဖန်တီးပေးထားသော Frames များကိုလည်း ရွေးချယ်နိုင်ပါသည်။
Facebook က သူ၏ လူမှုကွန်ရက်တွင် ဗီဒီယိုများကို လူကြိုက်များရန် ကြိုးစားနေပြီး YouTube ကို ယှဉ်ပြိုင်နေပါသည်။ Brands များအတွက် ဗီဒီယိုများ၏ လူကြိုက်မှုကို ခွဲခြမ်းစိတ်ဖြာနိုင်သော Tools များကိုလည်း ပံ့ပိုးပေးထားပါသည်။ ၃၆၀ ဒီဂရီ ဗီဒီယိုများကိုလည်း ကြည့်ရှုနိုင်ရန် ပြုလုပ်ပေးထားပါသည်။ ယခုစွမ်းဆောင်ချက်သည်လည်း Facebook တွင် မွေးနေ့ဆုတောင်း ဗီဒီယိုများ လွှမ်းခြုံရန် ကြိုးစားခြင်း ဖြစ်ပါသည်။
‪#‎DLNews‬
Credit- Myanmar Digital Life Journal


                                                                   ညီလတ်ထွန်း(ဘီအမ်း)
                                                            www.nyilattun.com

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.